Sports

ခြေစွမ်းကျခဲ့ရတဲ့ အကြောင်းအရင်းကို ၀န်ခံခဲ့တဲ့ ပေါ့ဘာ

ယူနိုက်တက်အသင်းရယ့် ကွင်းလယ်ကစားသမား ပြင်သစ်သား ပေါ့ဘာကတော့ Covid-19 ခံစားခဲ့ရမှုနှင့် ခြေစွမ်းမပြနိုင်ဖြစ်ပြီး ရုန်းကန်နေရသည့်အပေါ် MUTV သို့ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

“ဘောလုံးရာသီအစတုန်းက ပထမဆုံးပွဲမှာဆိုရင် ကျွန်တော် ပြေးဖို့ကြိုးစားကြည့်ပါသေးတယ်။ ဒါပေမဲ့ မပြေးနိုင်ခဲ့ဘူး။ ကျွန်တော် ဆိုးရှားကို စကားပြောခဲ့ပါတယ်။ ပထမဆုံးပွဲပါချင်ပါတယ်။

အခြေအနေဘယ်လိုရှိလဲ ကြည့်ကြည့်ရအောင်ပါ။ ဒါပေမဲ့ဗျာ ကျွန်တော် အသက်ရှူလို့မဝခဲ့ဘူး။ ကျွန်တော် ကျန်းမာကြံ့ခိုင်လာဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်လာဖို့ အချိန်အကြာကြီးယူခဲ့ရတယ်။

အခုတော့ ကျွန်တော်ရယ့် ပုံစံကို အကောင်းဆုံးဖြစ်အောင် ရှာဖွေနေပါတယ်။ ဒီနေ့ကတော့ အရမ်းကောင်းတယ်လို့ ခံစားရတယ်။ ရှေ့ကိုလည်း ရောက်အောင်သွားနိုင်တယ်။ ပွဲကိုလည်း ထိန်းချုပ်ကစားနိုင်ခဲ့တယ်။ ဘောလုံးလည်း ရယူနိုင်ခဲ့တယ်။

ဒီပုံစံကောင်းကို ဆက်ထိန်းနိုင်မယ်လို့ယုံကြည်တယ်။ ဒါတွေက ကျွန်တော်ကြိုက်တဲ့ အလုပ်တွေပါပဲ။ ဒါတွေက အသင်းအတွက် ကောင်းတဲ့အချက်တွေပဲလို့ ကျွန်တော်ထင်တယ်။ ကျွန်‌တော်က အသင်းရဲ့ ကစားသမားတစ်ယောက်ဖြစ်လို့ပါ။

အသင်းက ပွဲတိုင်း နိုင်နေရမယ် ဒါကအရေးကြီးဆုံးပါပဲ။ ကျွန်တော်ကိုယ်တိုင် ကောင်းတဲ့ပုံစံရှာဖွေနေပြီး ကျွန်တော်တို့က အနိုင်ပဲလိုချင်တာပါ။ ကျွန်တော် ဘာကြောင့် မန်ချက်စတာယူနိုက်တက်ကို ​ပြန်လာရတာလဲနှင့် ဘာလို့အောင်မြင်ချင်တာလဲဆိုတဲ့ အဲအချက်တွေကြောင့်ပါပဲ။”

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER