Local News

တရားစွဲခံရသည့် ဆရာဆရာမများဘက်မှ အခမဲ့ ရှေ့နေလိုက်ပေးမည်ဟု မြန်မာနိုင်ငံရှေ့နေများ ကွန်ရက် ကြေညာ

တရားစြဲခံရသည့္ ဆရာဆရာမမ်ားဘက္မွ အခမဲ့ ေရွ႕ေနလိုက္ေပးမည္ဟု ျမန္မာနိုင္ငံေရွ႕ေနမ်ား ကြန္ရက္ ေၾကညာ


က်င္းပၿပီးစီးခဲ့သည့္ အေထြေထြ ေ႐ြးေကာက္ပြဲ ႏွင့္ ပက္သက္ၿပီး ဆရာဆရာမ မ်ား အေပၚ တရားစြဲဆိုမႈမ်ား ေဆာင္႐ြက္လာေၾကာင္းၾကားသိရသျဖင့္ မ်ားစြာ စိတ္မေကာင္းျဖစ္ရေၾကာင္း ႏွင့္ ျဖစ္နိုင္လွ်င္ တရားစြဲဆိုမႈမ်ား ထပ္မံ မျပဳ လုပ္ရန္ ႏွင့္ စြဲဆိုထားၿပီးျဖစ္သည့္ အမႈမ်ားကို ႐ုပ္သိမ္းရန္ ၊ တရားစြဲမည္ ဆိုပါ က လည္း လာေရာက္ဆက္သြယ္သည့္ တရားစြဲခံ ဆရာ / ဆရာမမ်ား ဘက္မွ အခမဲ့ ေရွ႕ေန လိုက္ပါ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ျမန္မာနိုင္ငံ ေရွ႕ေနမ်ား ကြန္ရက္မွ ယေန႕ ေၾကညာခဲ့သည္။

‘’ တရားစြဲဆိုခံရတဲ့ ဆရာဆရာမေတြ အတြက္ ကြၽန္ေတာ္တို႔ ေရွ႕ေန ကြန္ရက္ကို လာၿပီး ဆက္သြယ္မယ္ဆိုရင္ အခမဲ့ ေရွ႕ေနလိုက္ေပးပါ့မယ္ “” ျမန္မာနိုင္ငံ ေရွ႕ေနမ်ား ကြန္ရက္ ၊ အေထြေထြ အတြင္းေရးမႈး ဦးေရာဘတ္စန္းေအာင္ က MyanmarLudumedia သို႔ေျပာသည္ ။

အေထြေထြ ေ႐ြးေကာက္ပြဲ ႏွင့္ ပက္သက္ၿပီး ဆရာဆရာမမ်ား အေပၚ ပါတီ အခ်ိဳ႕၏ တာဝန္ရွိ လူႀကီးမ်ားမွ သာယာ နာေပ်ာ္ဖြယ္ မေကာင္းေသာ စကားရပ္ မ်ား သုံးစြဲျခင္း ၊ တရားစြဲဆိုမႈမ်ား ျပဳလုပ္လာေၾကာင္းေတြ႕ရွိ ရသည္ ဟု ေဖာ္ ျပ ထားသည္။

‘’ ေလာေလာဆယ္ တရားဝင္ အသိေပး ေျပာလာတာေတာ့ ေလးခုေလာက္ရွိၿပီ ၊ ဒီေန႕ထပ္တက္လာတာေတာ့ မသိေသးဘူး ၊ ေလးငါးေျခာက္ခုေလာက္ေတာ့ ရွိပါတယ္ ၊ အေျခခံကိုဘဲ ဆက္သြယ္လာလာ ၊ ဘယ္လိုဘဲ ဆက္သြယ္လာလာ ဆရာဆရာမေတြကို ဥပေဒ ေၾကာင္းအရ လိုအပ္တဲ့ အကူအညီေပးဖို႔ မူခ်ထား တယ္ ၊ မွန္မွန္ကန္ကန္ ေဆာင္႐ြက္ခဲ့ၿပီး မဟုတ္မမွန္ တရားစြဲခံရတယ္ ဆိုရင္ ေတာ့ ကြၽန္ေတာ္တို႔ ကူညီေပးသြားပါ့မယ္ ၊ နီနီစိမ္းစိမ္းေပါ့ ၊ ဥပေဒ ကိုခ်ိဳး ေဖာက္ ၿပီး မိမိရဲ႕ ပုဂၢလိက ဆႏၵအရ ဒါမ်ိဳးေတြ ရွိခဲ့မယ္ဆိုရင္ေတာ့ အဲဒါက ေတာ့ ဥပေဒ အတိုင္းဘဲ သြားရပါ့မယ္ ၊ အဲဒိ အေပၚေတာ့ ကြၽန္ေတာ္တို႔ လိုက္ၿပီး ကာကြယ္ေပးမွာ မဟုတ္ဘူး ၊ ကြၽန္ေတာ္တို႔ သေဘာတူထားကေတာ့ ဆရာဆရာမေတြ ဥပေဒ ကိစၥ လိုအပ္ရင္ ေရွ႕ေန ကိစၥ ကူညီေပးပါ့မယ္ ၊ ေရွ႕ေနခ မတက္နိုင္ရင္ေတာ့ ရွာေပးမယ္ ၊ သူသည္ အမွန္တကယ္ ဥပေဒ ကိုခ်ိဳးေဖာက္ခဲ့ရင္ေတာ့ ဥပေဒ ကိုေက်ာ္ၿပီး ဘာမွ ကူညီမွာေတာ့ မရွိဘူး ‘’ ဆရာသမဂၢ ကြန္ယက္ ဥကၠဌ ဦးလွိုင္တင့္ မွ myanmarludumedia သို႔ ေျပာသည္။

ျမန္မာနိုင္ငံလုံးဆိုင္ရာ ဆရာဆရာမမ်ား အဖြဲ႕ခ်ဳပ္ ( MTF ) ၊ ဆရာသမဂၢ ကြန္ရက္၊ အေျခခံလုပ္သားမ်ား သမဂၢ အဖြဲ႕မ်ား စုစည္းကာ အေရးေပၚ တုံ႕ျပန္ေရး ပူးေပါင္းေကာ္မတီကို ဖြဲ႕စည္းၿပီး ဆက္သြယ္လာသည့္ ဆရာ ဆရာမ မ်ား လိုအပ္သည့္ အကူအညီ မ်ားကို ဥပေဒ ႏွင့္ အညီ ေဆာင္႐ြက္ေပးသြားမည္ျဖစ္သည္။

By ရာဇာေအာင္
#ျမန္မာလူထုမီဒီယာ
ဓာတ္ပုံ MLN

Unicode

တရားစွဲခံရသည့် ဆရာဆရာမများဘက်မှ အခမဲ့ ရှေ့နေလိုက်ပေးမည်ဟု မြန်မာနိုင်ငံရှေ့နေများ ကွန်ရက် ကြေညာ

ကျင်းပပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ နှင့် ပက်သက်ပြီး ဆရာဆရာမ များ အပေါ် တရားစွဲဆိုမှုများ ဆောင်ရွက်လာကြောင်းကြားသိရသဖြင့် များစွာ စိတ်မကောင်းဖြစ်ရကြောင်း နှင့် ဖြစ်နိုင်လျှင် တရားစွဲဆိုမှုများ ထပ်မံ မပြု လုပ်ရန် နှင့် စွဲဆိုထားပြီးဖြစ်သည့် အမှုများကို ရုပ်သိမ်းရန် ၊ တရားစွဲမည် ဆိုပါ က လည်း လာရောက်ဆက်သွယ်သည့် တရားစွဲခံ ဆရာ / ဆရာမများ ဘက်မှ အခမဲ့ ရှေ့နေ လိုက်ပါ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ ယနေ့ ကြေညာခဲ့သည်။

 

‘’ တရားစွဲဆိုခံရတဲ့ ဆရာဆရာမတွေ အတွက် ကျွန်တော်တို့ ရှေ့နေ ကွန်ရက်ကို လာပြီး ဆက်သွယ်မယ်ဆိုရင် အခမဲ့ ရှေ့နေလိုက်ပေးပါ့မယ် “” မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက် ၊ အထွေထွေ အတွင်းရေးမှုး ဦးရောဘတ်စန်းအောင် က MyanmarLudumedia သို့ပြောသည် ။

 

အထွေထွေ ရွေးကောက်ပွဲ နှင့် ပက်သက်ပြီး ဆရာဆရာမများ အပေါ် ပါတီ အချို့၏ တာဝန်ရှိ လူကြီးများမှ သာယာ နာပျော်ဖွယ် မကောင်းသော စကားရပ် များ သုံးစွဲခြင်း ၊ တရားစွဲဆိုမှုများ ပြုလုပ်လာကြောင်းတွေ့ရှိ ရသည် ဟု ဖော် ပြ ထားသည်။

 

‘’ လောလောဆယ် တရားဝင် အသိပေး ပြောလာတာတော့ လေးခုလောက်ရှိပြီ ၊ ဒီနေ့ထပ်တက်လာတာတော့ မသိသေးဘူး ၊ လေးငါးခြောက်ခုလောက်တော့ ရှိပါတယ် ၊ အခြေခံကိုဘဲ ဆက်သွယ်လာလာ ၊ ဘယ်လိုဘဲ ဆက်သွယ်လာလာ ဆရာဆရာမတွေကို ဥပဒေ ကြောင်းအရ လိုအပ်တဲ့ အကူအညီပေးဖို့ မူချထား တယ် ၊ မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့ပြီး မဟုတ်မမှန် တရားစွဲခံရတယ် ဆိုရင် တော့ ကျွန်တော်တို့ ကူညီပေးသွားပါ့မယ် ၊ နီနီစိမ်းစိမ်းပေါ့ ၊ ဥပဒေ ကိုချိုး ဖောက် ပြီး မိမိရဲ့ ပုဂ္ဂလိက ဆန္ဒအရ ဒါမျိုးတွေ ရှိခဲ့မယ်ဆိုရင်တော့ အဲဒါက တော့ ဥပဒေ အတိုင်းဘဲ သွားရပါ့မယ် ၊ အဲဒိ အပေါ်တော့ ကျွန်တော်တို့ လိုက်ပြီး ကာကွယ်ပေးမှာ မဟုတ်ဘူး ၊ ကျွန်တော်တို့ သဘောတူထားကတော့ ဆရာဆရာမတွေ ဥပဒေ ကိစ္စ လိုအပ်ရင် ရှေ့နေ ကိစ္စ ကူညီပေးပါ့မယ် ၊ ရှေ့နေခ မတက်နိုင်ရင်တော့ ရှာပေးမယ် ၊ သူသည် အမှန်တကယ် ဥပဒေ ကိုချိုးဖောက်ခဲ့ရင်တော့ ဥပဒေ ကိုကျော်ပြီး ဘာမှ ကူညီမှာတော့ မရှိဘူး ‘’ ဆရာသမဂ္ဂ ကွန်ယက် ဥက္ကဌ ဦးလှိုင်တင့် မှ myanmarludumedia သို့ ပြောသည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများ အဖွဲ့ချုပ် ( MTF ) ၊ ဆရာသမဂ္ဂ ကွန်ရက်၊ အခြေခံလုပ်သားများ သမဂ္ဂ အဖွဲ့များ စုစည်းကာ အရေးပေါ် တုံ့ပြန်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းပြီး ဆက်သွယ်လာသည့် ဆရာ ဆရာမ များ လိုအပ်သည့် အကူအညီ များကို ဥပဒေ နှင့် အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

By ရာဇာအောင်

#မြန်မာလူထုမီဒီယာ

ဓာတ်ပုံ MLN