Sports

ယူနိုက်တက်ဟာ ပြိုင်ဘက်တိုင်းအတွက် အခက်အခဲဆုံး အသင်းဖြစ်တယ်လို့ ကြွေးကြော်ခဲ့တဲ့ နည်းပြဆိုးရှားလ်

ကျွန်တော်တို့ရယ့် ယူနိုက်တက်အသင်းဟာ ချန်ပီရံလိဒ်နောက်ဆုံး ပွဲစဉ်အဖြစ် လိုက်ဇစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဘဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ သရေတစ်မှတ်ရလျှင်ကို အုပ်စုကနေ ရှုံးထွက်အဆင့်ကို တက်ဖို့ရှိပါတယ်။ ဒါပေမယ့် နည်းပြဆိုးရှားက တော့ အနိုင်ကစားမည်ဖြစ်ကြောင်း ပွဲအကြိုသ တင်းစာ ရှင်းလင်းပွဲ မှာ အခုလိုဘဲပြောကြားသွားပါတယ်။

“ဒီလိုရှုံးထွက်ပွဲတွေကတကယ်အရေးကြီးပါတယ်။ ဟောဒီနေရာမှာ ကျွန်တော့်ကစားသမားတွေရှိတယ်။ ကျွန်တော်တို့လိုက်ရှာနေတဲ့အရည်အချင်းတွေအားလုံး သူတို့ဆီမှာရှိတယ်။ ကျွန်တော်တို့ရှာနေတာ ဒီလိုရှုံးထွက်ပွဲတွေပါပဲ။ ယူနိုက်တက်ဟာ ကိုယ့်အတွက်ကိုယ်ဘယ်တော့မှလွယ်အောင်လုပ်ခဲ့တယ်ဆိုတာမျိုးမရှိခဲ့ဘူး၊ အမြဲကန်ရခက်တယ်။

ဒီထုံးစံက က ကျွန်တော်စကစားခဲ့တဲ့အချိန်ကတည်းကရှိနေတယ်ဆိုပါတော့။ သူတို့အသင်းကိုအိမ်ကွင်းမှာ(၅)ဂိုးပြတ်နဲ့နိုင်ခဲ့တယ်ဆိုတာကိုတော့ ခင်ဗျားမေ့ထားလို့မရဘူး။ ကျွန်တော်တို့ဘက်ကအကောင်းဆုံးပြင်ဆင်ထားတယ်။ တစ်ဖက်အသင်းကိုလည်းခန့်မှန်းလို့မရတာကို ကျွန်တော်တို့သိထားပါတယ်။

ရင်ဆိုင်ကစားရတဲ့ပြိုင်ဘက်ကပိုကောင်းလာလေလေ ယုံကြည်ချက်တွေပိုရှိလာလေလေပါပဲ။ ကျွန်တော်တို့ဘယ်တော့မှအရှုံးမပေးတတ်တာကိုသိရတာ သိပ်ကောင်းပါတယ်။ ယူနိုက်တက်က ဘယ်တော့မှအရှုံးမပေးတတ်ပါဘူးဆိုတဲ့အသိကို ပြိုင်ဘက်တွေခေါင်းထဲအထိရိုက်သွင်းနိုင်အောင်လို့ ကျွန်တော်တို့ဘက်က အလုပ်ကိုကြိုးကြိုးစားစားလုပ်နေယုံလေးပါပဲ။

ကျွန်တော်တို့ ပိုပိုပြီးကောင်းလာတယ်။ ပွဲ​ကြိုပြင်ဆင်မှုတွေလည်းပိုကောင်းလာသလို အရင်ကထက်ပိုပြီးလည်းနိုးကြားလာကြပါတယ်။ ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ ပွဲတစ်ပွဲကိုခင်ဗျားချဥ်းကပ်ရမယ်။

ခံစစ်မှာပဲထိုင်နေပြီး ဂိုးမရှိသရေကျဖို့ခင်ဗျားမျှော်လင့်နေလို့မရဘူး။ ဒီလိုသရေခံကန်တဲ့မျိုးစိတ်မျိုးက ကျွန်တော်တို့ဒီအန်(န်)အေထဲမှာမရှိဘူး။ ပီအက်စ်ဂျီနဲ့ပွဲမှာ အနိုင်လိုချင်တဲ့ပုံစံကိုကျနော်တို့ပြခဲ့တယ်။ အဲ့လိုပုံကိုနောက်တစ်ခေါက်ထပ်ပြဦးမယ်။” လို့ပြောကြားခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER