Sports

လစာနှစ်ဆထိ တိုးမြှင့်ခြင်းခံရမယ့် ယူနိုက်တက် ကွင်းလယ်ကစားသမားတစ်ဦး

ကျွန်တော်တို့ရယ့် ယူနိုက်တက်အသင်းကတော့ အသင့်ရယ့် ကွင်းလယ်လူ ပေါ်တူဂီကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ကို လုပ်ခလစာ နှစ်ဆတိုးမြင့်ကာ စာချုပ်အသစ် ကမ်းလှမ်းရန် ကြိုးစားလျက်ရှိကြောင်းသိရပါတယ်။

ဒီပေါ်တူဂီကြယ်ပွင့်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလအပြောင်းအရွေ့မှာ ပြောင်းရွေးကြေး 47သန်းဖြင့် စပို့တင်းအသင်းကနေ ယူနိုက်တက် အသင်းသို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဘရူနိုရောက်ရှိလာပြီး နောက်ပိုင်း အမှတ်ပေးဇယားမှာ အဆင့်သုံးနေရာထိ တက်လှမ်းလာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အသက်26နှစ်ရှိပြီ ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ် ကတော့ ယူနိုက်တက်နဲ့အတူ 38ပွဲကစားထားကာ 22ဂိုးသွင်းယူထားကာ ဂိုးဖန်တီးမှုကတော့ 14ခါရှိပြီလည်းဖြစ်ပါတယ်။ ထို့ကြောင့် အခုချိန်မှာ ဘရူနိုဟာ ယူနိုက်တက် ရယ့် အဓိက အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေပြီး ထိပ်သီးကလပ်အသင်းတေဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် စတဲ့အသင်းတို့ကပါ စိတ်၀င်စားလာသည်အထိ ခြေစွမ်းပြ‌နိုင်ခဲ့တာဖြစ်ပါတယ်။

ဘရူနိုဟာ လစာဟာ ပေါင်နှစ်သိန်းရရှိနေတာဖြစ်ပြီး လင်ဂတ်နဲ့ လစာအတူတူပင်ဖြစ်ပါတယ်။ ထို့ကြောင့် လစာနှစ်ဆ ရရှိပါက ယူနိုက်တက်မှာ လစာ အများဆုံး ကစားသမားအဖြစ်ရပ်တည်မှာလည်း ဖြစ်ပါတယ်။

ယူနိုက်တက် ပရိတ်သတ်တွေ ချစ်တဲ့ ဘရူနိုဟာလည်း အသင်းနဲ့အတူ ဆုဖလားတွေ ယူဖို့ စိတ်ဆန္ဒရှ်ိနေတာဖြစ်တာကြောင့် ယူနိုက်တက်မှာ ဆက်ရှိနေအုံးမှာဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER