Sports

ပေါ့ဘာနှင့်ယူနိုက်တက်တို့ရယ့် ဇာတ်လမ်းဟာ ပြီး‌‌ဆုံးသွားခဲ့ပြီလို့ ပြောလာတဲ့ ပေါ့ဘာအေဂျင့် ရွိုင်အိုလာ

ကျွန်တော်တို့‌ယူနိုက်တက် နှင့် ပေါ့ဘာ တို့ဟာ ရေရှည်စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့အတွက် သဘောတူညီမှု မရရှိသေးတဲ့အချိန်မှာ ယခု ပေါ့ဘာ ရဲ့ အေးဂျင့် ရွိုင် အိုလာ ကတော့ ပေါ့ဘာ ရဲ့ မန်ချက်စတာယူနိုက်တက် ကစားသမား ဘဝ အနာဂတ် ဟာ ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း Tuttosport သို့ပြောကြားသွားခဲ့ပါတယ်။

ပေါ့ဘာ နှင့် ယူနိုက်တက် ရဲ့ စာချုပ်ဟာ ဇွန်လ ၂၀၂၂ တွင် ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သက်တမ်း အတွင်း အသင်းမှ ပြောင်းရွေ့သွားမည်ဆိုပါက လက်ရှိအချိန်တွင် ယူရို သန်း ၈၀ ခန့် စာချုပ်ဖျက်သိမ်းကြေး ကို ယူနိုက်တက်က ရရှိမှာဖြစ်ပါတယ်။

အေ့ဂျင်ရွိုင်အိုလာကတော့ “ယူနိုက်တက်နှင့် ပေါ့ဘာတို့ရယ့် အနာဂတ်ဟာ ပြီးဆုံးသွားပြီလို့ ပြောလို့ရပါတယ်။” ဆိုပြီးပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ ချန်ပီရံလိဒ်နောက်ဆုံး အုပ်စုပွဲစဉ် လိုက်ဇစ်နဲ့ ပွဲဟာ အရေးကြီးနေပါတယ်။

ထို အရေးကြီးနေတဲ့ အချိန်မှာ ‌ပေါ့ဘာရယ့် အေဂျင့် ရွိုင်အိုလာရယ့် စကားဟာ ပေါ့ဘာ‌နှင့် ယူနိုက်တက် ကစားဖော်တွေကို စိတ်ဓာတ်ပျက်ပြားစေခဲ့ပါတယ်။

စာချုပ်ပါအချက်အလက်အတိုင်း ပေါ့ဘာ အား တစ်နှစ်ထပ်မံသက်တမ်းတိုးခဲ့ပြီးနောက် ရေရှည်စာချုပ်သစ်တစ်ရပ်ထပ်မံချုပ်ဆိုရန်တောက်လျောက်ဆွေးနွေး ခဲ့ရာ၌ ပေါ့ဘာ နှင့် ယူနိုက်တက်အကြား မည်သို့မျှသဘောတူညီမှုမရခဲ့ကြောင်းလည်းသိရသည်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER