Sports

အုပ်စုတက်ဖို့ အပြင်းအထန်ကြိုးစားမယ့် ယူနိုက်တက်တို့ရယ့် ချန်ပီရံလိဒ် ပွဲကြိုသုံးသပ်ချက်

ကျွန်တော်တို့ရယ့် ယူနိုက်တက်အသင်းဟာ အင်္ဂါနေ့ ည ဗုဒ္ဓဟူးနေ့ မနက် 2နာရီခွဲမှာတော့ လိုက်ဇစ်အသင်းနဲ့ အဝေးကွင်းမှာ ချန်ပီရံလိဒ် ဒုတိယအကြော့ ယှဉ် ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ပထမအကြော့မှာတော့ အိမ်ကွင်း အို့ထရတ်ဖို့ဒ်မှာ ငါးဂိုး ဂိုးမရှိနဲ့ အနိုင်ရထားတာဖြစ်ပါတယ်။

ထိုပွဲကတော့ ယူနိုက်တက်တို့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အရေးပါတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ ယူနိုက်တက်ဟာ သရေတစ်မှတ်ရရုံနှင့် အုပ်စုတက်နိုင်သော်လည်း နည်းပြဆိုးရှားလ်က အနိုင်ကစားသွားမည်ဟုကြွေးကြော်ထားတဲ့အတွက် ပြိုင်ဆိုင်မှုက တော့ ပြင်းထန်အုံးမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ PSGကို ရှုံးနိမ့်ပြီးတော့ ၀က်ဟမ်းအသင်းကိုတော့ epic comebackဖြင့် လတ်လတ်ဆက်ဆက်ကြီး အနိုင်ရထားတာဖြစ်ပါတယ်။ လိုက်ဇစ်ကတော့ နောက်ဆုံးပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာ သရေရလဒ်အထိ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကတော့ အနီကဒ်ပြစ်ဒဏ်ထိထားတဲ့ ဖရတ် ကတော့ ထိုပွဲမှာ ပါနိုင်မည်မဟုတ်ပေ။ ထို့အပြင် ၀က်ဟမ်းနဲ့ ပွဲစဉ်မှာ ကာဗာနီ နှင့်မာရှယ်တို့ ဒဏ်ရာ ရရှိတာကြောင့် ပါ၀င်နိုင်မည်မဟုတ်ပါ။

ထို့ကြောင့် ယူနိုက်တက်တို့ လူစာရင်းမှာ အားနည်း ချက်တွေရှိနေတာဖြစ်ပါတယ်။ လိုက်ဇစ်အသင်းကလည်း အူပါမီနို ကလည်း ထိုပွဲမှာပါ၀င်နိုင်မည်မဟုတ်ပါ။ ယူနိုက်တက် မှာ ကျန်ရှိတဲ့ ကစားသမားတေကလည်း ခြေစွမ်း ပြနေတဲ့ အနေအထားရှိနေတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်တို့ဟာ ချန်ပီရံလိဒ် မှာ အုပ်စုတက် ဖို့ အကြိတ်အနယ် ကြိုးစားကစားသွားမယ့် ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER