Sports

သရဲနီသွေးအပြည့်ပါတဲ့ ကစားသမားတစ်ဦးကို ဆုံးရှုံးရတော့မယ့် ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ယခု ဇန်နဝါရီလ အပြောင်းအရွေ့မှာ သရဲနီသွေးအပြည့်ပါတဲ့ သရဲနီတပ်သားတစ်ဦးကို ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ ယူနိုက်တက်ရယ့် ငယ်မွေးခြံပေါက်တစ်ယောက်ဖြစ်တဲ့ ကွင်းလယ်ကစားသမား ဂျက်စီလင်ဂတ် တစ်ယောက် အသင်းမှာ နေရာမရလို့ အငှားနဲ့ ထွက်ခွာတော့မှာဘဲဖြစ်ပါတယ်။

အငှားချမယ့် ကလပ်အသင်းတွေကို ရှာဖွေလျက်ရှိပြီး စပိန်ကလပ်ဖြစ်တဲ့ ရီးရဲလ်ဆိုစီဒက်အသင်းနဲ့လည်း သတင်းတွေထွက်နေတာလည်းဖြစ်ပါတယ် သူဟာ ယခုအချိန်မှာ ခြေစွမ်းမပြနိုင်ပေမယ့် ယူနိုက်တက်သွေးအပြည့်ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ အကြောင်းကိုတော့ ပရိတ်သတ်တွေ အကုန်သိပါတယ်။ ယူနိုက်တက်အသင်းကို အသက်7နှစ်က တည်းက ရောက်ရှိလာသူဖြစ်ပါတယ်။

အသင်းရယ့် အသက်အပိုင်းအခြားအလိုက် ကစားလာခဲ့ပြီး 2011ခုနှစ် လူငယ် FA cupဖလားပြိုင်ပွဲမှာ ထွန်းတောက်လာခဲ့ပါတယ်။ ထို့နောက် အင်္ဂလန် U-21အသင်းမှာ အဓိက ကစားသမားအဖြစ် ပါ၀င်လာခဲ့ပါတယ်။

ယူနိုက်တက် အသင်းကြီးနဲ့အတူ ပထမဆုံး သွင်းဂိုးကိုတော့ 2015ခုနှစ် ၀က်စ်ဘရွန်းနဲ့ ပွဲမှာ 18ကိုက်စည်း အပြင်ဘက်ကနေ သွင်းယူခဲ့ပြီး လင်ဂတ်ဆိုတာကို ပရိတ်သတ်တွေ သတိထားမိလာတာလည်းဖြစ်ပါတယ်။

လင်ဂတ်ကတော့ မှတ်တမ်းကောင်းတစ်ခုအဖြစ် အာဆင်နယ်ကို သွင်းဂိုးလေး ဂိုးထိ သွင်းယူခဲ့ဖူးပြီး သူ့ရယ့် ယူနိုက်တက်ကစားဘ၀မှာ အာဆင်နယ်ကို အများဆုံးဂိုးသွင်းယူထားတာလည်းဖြစ်ပါတယ်။

လင်ဂတ်ကတော့ ဖာဂူဆန် လက်ထက်အလွန်မှာ နည်းပြဟောင်းတွေဖြစ်တဲ့ ဗန်းဟားလက်ထက်မှာ အသင်းကြီးမှာကစားခဲ့ရပါတယ်။ နည်းပြဟောင်းဖြစ် မော်ရင်ညိုလက်ထက်မှာတော့ ခြေစွမ်းတွေတောက်ပခဲ့ပါတယ်။ ယခုနောက်ပိုင်းရာသီမှာတော့ သူဟာ မိသားစုအခြေအနေတွေကြောင့် ခြေစွမ်းကျ တာနဲ့ ကိုဗစ်ကြောင့် ကွာရန်တင်း၀င်ရတာနဲ့ ပွဲထွက်ခွင့်တွေဆုံးရှုံးခဲ့တာလည်းဖြစ်ပါတယ်။

လင်ဂတ်ကို တခြားအသင်း ဂျာစီနဲ့ မြင်ရရင် ၀မ်းနည်းမိမှာ အမှန်ပင်ဖြစ်ပါတယ်။ တစ်ချိန်က လင်ဂတ်ဆိုတာနဲ့ မက်ဆီတို့ ရော်နယ်ဒိုတို့နဲ့ နှိုင်းယှဉ်ပြီး သူ့အကတွေက ပရိတ်သတ်တွေရယ့် အချစ်ကို‌သိမ်းပိုက်ခဲ့ပါတယ် သရဲနီသွေးအပြည့်ရှိတဲ့ လင်ဂတ်တစ်ယောက်တော့ ယူနိုက်တက်နှင့် ‌ဝေးကွာချိန် ခြေစွမ်းတွေ ပြနိုင်ပြီး ပြန်လာနိုင်ပါစေ ဆုတောင်းရင်း။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER