Local News

ဗစ်တိုးရီးယား အမှုမှာ မတရား စွပ်စွဲခံခဲ့ရတဲ့ ကိုအောင်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲလိုက်ပါပြီ

ဗစ္တိုးရီးယား အမႈမွာ မတရား စြပ္စြဲခံခဲ့ရတဲ့ ကိုေအာင္ႀကီး ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ကို တရားစြဲလိုက္ပါၿပီ

ယခုခ်ိန္ထိ တရားခံအစစ္အမွန္ေပၚေပါက္ျခင္းမရွိေသးသည့္ ဗစ္တိုရီးယားေလးအမႈတြင္ အခ်ဳပ္ျဖင့္ ၅ လေနခဲ့ရသည့္ ကိုေအာင္ႀကီးက ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ကို နစ္နာေၾကးသိန္းငါးေထာင္ရလိုမႈျဖင့္ ယေန႕ ဒီဇင္ဘာ ၈ ရက္တြင္ တရားစြဲဆိုခဲ့သည္။

ကိုေအာင္ေက်ာ္မ်ိဳး (ခ) ကိုေအာင္ႀကီးသည္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ မမွန္မကန္တရားစြဲဆိုခ်ဳပ္ေႏွာင္ခံရသည့္အတြက္ ေလ်ာ္ေၾကးႏွင့္နစ္နာေၾကး သိန္းငါးေထာင္ရလိုမႈျဖင့္ ေနျပည္ေတာ္ ဒကၡိဏခရိုင္တရား႐ုံးတြင္ အဆိုလႊာတင္သြင္းစြဲဆိုခဲ့ျခင္းျဖစ္သည္။


တရား႐ုံးက အမႈကိုလက္ခံၿပီး တရားမႀကီးမႈအမွတ္ ၃၁၂/၂၀၂၀ အျဖစ္ သတ္မွတ္ၾကားမည္ျဖစ္ကာ အမႈကို ခရိုင္တရားသူႀကီး၏ တရားခြင္တြင္ ဒီဇင္ဘာ ၁၈ ရက္တြင္ အဆိုလႊာကိုစိစစ္ရန္ခ်ိန္းဆိုထားၿပီး ျမန္မာနိုင္ငံရဲတပ္ဖြဲ႕၏ တာဝန္ခံတာဝန္ယူသူအျဖစ္ ရဲခ်ဳပ္ ရဲဒုဗိုလ္ခ်ဳပ္ႀကီး ေအာင္ဝင္းဦးကို တရားၿပိဳင္အျဖစ္ ထားရွိမည္ျဖစ္ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာသည္။

တရားလိုကို ေအာင္ႀကီး၏ေရွ႕ေနမ်ားအျဖစ္ ေနျပည္ေတာ္မွေရွ႕ေနမ်ားျဖစ္သည့္ ဦးခင္ေမာင္ေဇာ္၊ ဦးေနတူး၊ ဦးသဲေမာင္ေမာင္တို႔က အခမဲ့လိုက္ပါေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေနျပည္ေတာ္ရွိ Wisdom Hill မူႀကိဳေက်ာင္းတြင္ျဖစ္ပြားခဲ့သည့္ ကေလးငယ္ ဗစ္တိုရီးယား လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံရမႈတြင္ ဒရိုင္ဘာျဖစ္သူ ေအာင္ႀကီးအားက်ဴးလြန္သူဟုဆိုကာ ရဲတပ္ဖြဲ႕က ပုဒ္မ ၃၇၆ ျဖင့္တရားစြဲဆိုတင္ပို႔ခဲ့ၿပီး အမႈကို ေနျပည္ေတာ္ရွိ ဒကၡိဏခရိုင္တရား႐ုံးမွ

ႏွစ္ဖက္သက္ေသမ်ားကို စစ္ေဆးခဲ့ၿပီးေနာက္ ၅ လအၾကာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလတြင္ ကိုေအာင္ႀကီးအား ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၂၅၃ (၂) အရ တရား႐ုံးက တရားရွင္ ျပန္လည္လႊတ္မိန႔္ခ်ခဲ့သည္။
အဆိုပါ ကိစၥႏွင့္ပတ္သက္ၿပီး ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီးေက်ာ္သီဟထံ News Watch မွ ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းခဲ့ရာတြင္ ျပန္လည္ေျဖၾကားျခင္းမရွိေပ။

crd
TCM

Unicode

ဗစ်တိုးရီးယား အမှုမှာ မတရား စွပ်စွဲခံခဲ့ရတဲ့ ကိုအောင်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲလိုက်ပါပြီ

ယခုချိန်ထိ တရားခံအစစ်အမှန်ပေါ်ပေါက်ခြင်းမရှိသေးသည့် ဗစ်တိုရီးယားလေးအမှုတွင် အချုပ်ဖြင့် ၅ လနေခဲ့ရသည့် ကိုအောင်ကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နစ်နာကြေးသိန်းငါးထောင်ရလိုမှုဖြင့် ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် တရားစွဲဆိုခဲ့သည်။

ကိုအောင်ကျော်မျိုး (ခ) ကိုအောင်ကြီးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မမှန်မကန်တရားစွဲဆိုချုပ်နှောင်ခံရသည့်အတွက် လျော်ကြေးနှင့်နစ်နာကြေး သိန်းငါးထောင်ရလိုမှုဖြင့် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် အဆိုလွှာတင်သွင်းစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားရုံးက အမှုကိုလက်ခံပြီး တရားမကြီးမှုအမှတ် ၃၁၂/၂၀၂၀ အဖြစ် သတ်မှတ်ကြားမည်ဖြစ်ကာ အမှုကို ခရိုင်တရားသူကြီး၏ တရားခွင်တွင် ဒီဇင်ဘာ ၁၈ ရက်တွင် အဆိုလွှာကိုစိစစ်ရန်ချိန်းဆိုထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တာဝန်ခံတာဝန်ယူသူအဖြစ် ရဲချုပ် ရဲဒုဗိုလ်ချုပ်ကြီး အောင်ဝင်းဦးကို တရားပြိုင်အဖြစ် ထားရှိမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

တရားလိုကို အောင်ကြီး၏ရှေ့နေများအဖြစ် နေပြည်တော်မှရှေ့နေများဖြစ်သည့် ဦးခင်မောင်ဇော်၊ ဦးနေတူး၊ ဦးသဲမောင်မောင်တို့က အခမဲ့လိုက်ပါဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းတွင်ဖြစ်ပွားခဲ့သည့် ကလေးငယ် ဗစ်တိုရီးယား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုတွင် ဒရိုင်ဘာဖြစ်သူ အောင်ကြီးအားကျူးလွန်သူဟုဆိုကာ ရဲတပ်ဖွဲ့က ပုဒ်မ ၃၇၆ ဖြင့်တရားစွဲဆိုတင်ပို့ခဲ့ပြီး အမှုကို နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးမှ

နှစ်ဖက်သက်သေများကို စစ်ဆေးခဲ့ပြီးနောက် ၅ လအကြာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကိုအောင်ကြီးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ (၂) အရ တရားရုံးက တရားရှင် ပြန်လည်လွှတ်မိန့်ချခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟထံ News Watch မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာတွင် ပြန်လည်ဖြေကြားခြင်းမရှိပေ။

crd TCM