Sports

အသက်24နှစ်ပြည့်ပြီဖြစ်တဲ့ ယူနိုက်တက်ပရိတ်သတ်‌ တေရယ့်အချစ်တော် ‌တော်မီနေး

ယူနိုက်တက်အသင်းရယ့် ကွင်းလယ်ကစားသမား တစ်ဦးဖြစ်တဲ့ စကော့ မက်တော်မီနေးကတော့ ဒီဇင်ဘာ8ရက်နေ့မှာ အသက်24နှစ်ပြည့်မြောက်ခဲ့ပီဘဲဖြစ်ပါတယ်။ ယူနိုက်တက်ကွင်းလယ်မှာ ခပ်အေးအေး တည်ငြိမ်တဲ့ အပြုအမှုတွေနဲ့ တော်မီနေးကတော့ ပရိတ်သတ်တိုင်းသိကြပါတယ်။

စကော့တလန်သား တော်မီနေးကတော့ ယူနိုက်တက် U-23မှာ စတင်ကစားခဲ့ပြီး 2017ခုနှစ်မှာ ယူနိုက်တက်အသင်းကြီးရယ့် လူစာရင်းမှာ‌ပါ၀င်လာခဲ့ပါတယ်။ တော်မီနေးဟာဆိုလျှင် နောက်ခံလူအဖြစ်လည်း ပြောင်းလဲကစားနိုင်သူလည်း ဖြစ်ပါတယ်။

2018-19ရာသီမှာ ဆိုလျှင် ယူနိုက်တက် ရယ့် CBနေရာမှာ ၀င်ရောက်ကစားကစားခဲ့ပါသေးတယ်။ တော်မီနေးကတော့ ယူနိုက်တက်နှင့် 2023အထိ စာချုပ်သက်တမ်းရှိပြီး သူပြောခဲ့တဲ့ စကားလေးတစ်ခွန်းက ” ကျွန်တော့်အသက် ငါးနှစ်ကတည်းက ယူနိုက်တက်မှာကစားဖို့က ကျွန်တော့်ရယ်ဘ၀ပါ။

ကျွန်တော် ကစားနိုင်တဲ့အချိန်အထိ ယူနိုက်တက်မှာ ဆက်ရှိမှာပါ”ဆိုပြီးလည်းပြောခဲ့ပါတယ်။ သရဲနီသွေးအပြည့်ရှိတဲ့ တော်မီနေးနဲ့ ပရိတ်သတ်တွေ ရင်ထဲစွဲစေခဲ့တဲ့ သွင်းဂိုးလေးတစ်ဂိုးရှိပါတယ်။ မန်ချက်စတာ ဒါဘီမှာ စီးတီးအမှားကို အခွင့်ကောင်းယူပြီး သူရယ့် ဖရီးကစ်က ပရိတ်သတ်တိုင်းမှတ်မိစေမှာပါ။

မွေးနေ့ရှင်ဖြစ်တဲ့ တော်မီနေးကတော့ ယူနိုက်တက်နှင့်အတူ ပွဲပေါင်း97ပွဲကစားထားပြီး သွင်းဂိုး7ဂိုး ရယူထားတာလည်းဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER