Sports

ချန်ပီရံလိဒ်မှာ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ညက ယှဉ်ပြိုင်သွားတဲ့ လိုက်ဇစ်နဲ့ပွဲစဉ်မှာ 3ဂိုး2ဂိုးဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ချန်ပီရံလိဒ်ကနေ အုပ်စုအဆင့်နဲ့တင် နှုတ် ဆက်ခဲ့တာလည်းဖြစ်ပါတယ်။ ။

PSGအသင်းနဲ့ အစ်စတန်ဘူလ် အသင်းနဲ့ ပွဲစဉ်ဟာ ပွဲပျက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ PSGအသင်းနဲ့ ရမှတ်တူသော်လည်း head to head စည်းမျဉ်းအရ အဆင်သုံးမှာ ရပ်တည်ခဲ့တာ‌ ကြောင့်လည်း အုပ်စုအဆင့်က‌နေ နှုတ်ဆက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ချန်ပီရံလိဒ်မှာ Group Hမှာ ပွဲကြပ်တေကစားခဲ့ရတာလည်းဖြစ်ပါတယ်။ ရှေ့ဆုံးပွဲနှစ်ပွဲမှာ အနိုင်ရရှိခဲ့သော်လည်း အစ်စတန်ဘူလ်ကို ရှုံးနိမ့်ခဲ့ရတာဟာ တော်တော်ကြီးနစ်နာခဲ့ရပါတယ်။ ညက ပွဲစဉ်မှာတော့ ဖရတ် ကာဗာနီ မာရှယ်တို့လည်း လွဲချော်ခဲ့တာက ယူနိုက်တက်အတွက်နစ်နာခဲ့ပါတယ်။

ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ သုံးဂိုးအထိခွင့်ပြုခဲ့ရပြီး နှစ်ဂိုးသာ ခြေပဂိုးသွင်းယူနိုင်ခဲ့ပြီးမည်သို့မျှ come backမလုပ်နိုင်ဘဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ထိုပွဲစဉ်မှာ နောက်တန်းအမှားများခဲ့ပြီး တိုက်စစ်ကလည်း ဂိုးကံခေခဲ့တာလည်းဖြစ်ပါတယ်။ နည်းပြဆိုးရှားလ်ရယ့် လူထုတ်ပုံဟာလည်း မေးခွန်းထုတ်စရာပါ။

သရေ ရရင်ကို အုပ်စုကနေတက်နိုင်တာလည်းဖြစ်ပါတယ်။ မည်သို့ပင်ဆို‌စေကာမူ ယူနိုက်တက်တို့အနေနဲ့ ဒီအခြေအနေထိရောက်ခဲ့ရတာကို ကျေးဇူးတင်ရမှာပါ။ ယူနိုက်တက်တို့ဟာ အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရပြီး ယူရိုပါလိဒ်မှာ ခြေစွမ်းပြ အောင်မြင်ပါစေ ဆုတောင်းရင်း။..

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER