Local News

မိမိအ​ကောင့်ထဲက ငွေအခိုးခံရလို့ အသိပေးပြီး ငါးရက်အတွင်း အကြောင်းမပြန်ရင် ဗဟိုဘဏ်ကို တိုင်ကြားပါ

အွန်လိုင်းမှ Pay ထဲက မိမိငွေအခိုးခံရရင် အသိပေးလို့မှ ငါးရက်အတွင်းအကြောင်းမပြန်ရင် ဗဟိုဘဏ်ကိုတိုင်ပါ။ မြန်မာနိုင်ငံမှာ ဗဟိုဘဏ်ကနေ တရားဝင်ခွင့်ပြုပေးထားတဲ့မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း ငါးခုရှိနေပြီး အဲဒီငါးခုက Wave Money, M Pitesan, OK$, Mytel Pay, MPT Money တို့ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အဲဒီ Payတွေထဲထားတဲ့

ပိုက်ဆံတွေ အဟက်ခံနေရတာ ခိုးယူခံနေရတာဖြစ်နေပြီး ဘာတစ်ခုမှ တာဝန်မယူဘူးလို့လည်း ကြားသိနေရပါတယ်။ Pay တွေဘက်က တာဝန်မယူသလို ရဲစခန်းမှာ အမှုဖွင့်ရင်လည်း အရေးယူမပေးတဲ့

အလုပ်လုပ်ရက်အခြေအနေတွေ ရှိနေတာကိုလည်း ကြားနေမြင်နေရပြန်ပါတယ်။ တကယ်တမ်းမှာ Pay တစ်ခုခုထဲမှာထားတဲ့ မိမိပိုက်ဆံတွေ ခိုးယူခံရတယ်ဆိုရင် မိမိအသုံးပြုတဲ့ Payကို အသိပေးလို့မှ ငါးရက်အတွင်း အကြောင်းမပြန်ရင် ဖြေရှင်းမပေးရင် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ကို တိုင်ကြားလို့ရပါတယ်တိုင် ကြားမှုတွေကို စိစစ်ပြီး ဗဟိုဘဏ်က အများပြည်သူနစ်နာစေတဲ့

အဲဒီ Pay တွေကို ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ အရေးယူပါတယ် အောက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို တိုင်ကြားရမဲ့ ဆက်သွယ်နိုင်သူတွေ ဖုန်းနံပါတ်တွေ ဂျီမေးလ်တွ

ဖော်ပြပေးလိုက်ပါတယ်။ Pay တွေနဲ့သက်ဆိုင်တဲ့ဌာန အရေးယူနိုင်တဲ့ဌာနကိုတော့ တရားဝင် ထုတ်ပြန်မထားလို့ မသိရပေမဲ့ ဥက္ကဋ္ဌရုံး၊ ငွေကြေးမူဝါဒရေးရာနှင့် ဘဏ်လုပ်ငန်းဥပဒေစည်းမျဉ်းဌာန

ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာန၊ ငွေကြေးလုပ်ငန်း အုပ်ချုပ်မှုဌာနစတဲ့ ဂျီမေးလ်တွေပါ တိုင်ကြားကြပါလို့ တိုက်တွန်းလိုပါတယ်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်