ယူနိုက်တက်က ခေါ်ယူရန် စိတ်၀င်စားနေတဲ့ စပိန်သား လူကြမ်းကြီး

ဘောလုံးပရိတ်သတ်တော်တော်များများကတော့ ရီးရဲလ်မက်ဒရစ်ရယ့် လူကြမ်းကြီးလို့ပြောလိုက်တာနဲ့ ရာမို့စ်ကို ပြေးမြင်မှာ အမှန်ပင် ဖြစ်ပါတယ်။ ထို စပိန်သား နောက်တန်းကစားသမားကြီးကတော့ ကျွန်တော်တို့ ယူနိုက်တက်အသင်းနဲ့ လည်း ပြောင်းရွေ့နိုင်တယ်ဆိုပြီး သတင်းထွက်နေတာလည်းဖြစ်ပါတယ်။

ထို့အပြင် ယူနိုက်တက်တို့ဘက်က အသင်းခေါင်း ဆောင် မက်ဂွိုင်ယားနဲ့ တွဲဖက်ကစားနိုင်မယ့် သူကို ခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။ လက်ရှိကစားနေတဲ့ လင်ဒီလောဒ့်ကိုလည်း ပိုမိုဖိအားပေးနိုင်ရန်အတွက် နောက်ခံလူကို အပူတပြင်းရှာဖွေနေတာလည်းဖြစ်ပါတယ်။

တချို့သတင်းတွေအရ ရာမို့စ်ဟာ 2021မှာ ရီးရဲလ်တို့နဲ့ စာချုပ်သက်တမ်းကုန်မှာ ဖြစ်သည့်အပြင် ကစား သမားဘက်ကလည်း စာချုပ်အသစ်ချုပ်ဆိုဖို့ ဆန္ဒမရှိတဲ့ပုံပေါ်နေပါတယ်။ထို့ကြောင့် ယူနိုက်တက်တို့အနေနဲ့ ရာမို့စ်ကို အလွတ်ပြောင်းရွေးကြေးဖြင့် ခေါ်ယူနိုင်မှာလည်းဖြစ်ပါတယ်။

အလွတ်ပြောင်းရွေ့မှုကြောင့် ရာမို့စ်ဟာ စပိန်လာလီဂါအစား တခြားလိဂ်တွေကို ပြောင်းရွေးရမှာဘဲဖြစ်ပါတယ်။ ဒီစပိန်သားကိုတော့ ထိပ်သီးကလပ်အသီးသီးကလည်း ခေါ်ယူဖို့ စိတ်၀င်စားနေတာဖြစ်ပါတယ်။


အသက်35နှစ်ရှိပြီဖြစ်တဲ့ ရာမို့စ်ကတော့ ရီးရဲလ်နဲ့အတူ ဆုဖလားပေါင်းများစွာရယူထားပြီး စပိန်အသင်းနဲ့လည်း အောင်မြင်မှုပေါင်းများစွာရရှိထားသူဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER