Sports

ယူနိုက်တက်အပေါ် သူ့ရယ့်အမြင်တစ်ချို့ကို ပြောပြခဲ့တဲ့ နည်းပြဟောင်း မော်ရင်ညို

ယူနိုက်တက်အသင်းကတော့ လိုက်ဇစ်အသင်းနဲ့ပွဲမှာ 3ဂိုး 2ဂိုးဆိုတဲ့ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ချန်ပီရံလိဒ်ကို အုပ်စုအဆင့်နဲ့သာ ကျေနပ်ပြီး နှုတ်ဆက်ရပြီဘဲဖြစ်ပါတယ်။ ထို့နောက် ယူရိုပါလိဒ်ကို ကန်ရမည်ဖြစ်ပြီး ယူရိုပါလိဒ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း‌လည်းဖြစ်လာပါတယ်။ ထိုကိစ္စအပေါ် ယူနိုက်တက်ရယ့် နည်းပြဟောင်းတစ်ယောက်ဖြစ်တဲ့ လက်ရှိစပါးအသင်းနည်းပြ မော်ရင်ညိုကတော့

“အခုဆို ယူနိုက်တက်က ယူရိုပါလိဒ်မှာဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတစ်သင်းဖြစ်လာပါပြီ။ ယူရိုပါလိဒ်ကိုဆင်းလာတဲ့အသင်းတွေဟာ အမြဲတောင့်တင်းတဲ့အသင်းတွေပါပဲ။ ပုံမှန်အားဖြင့် ယူရိုပါလိဒ်ပြိုင်ပွဲရဲ့အဆင့်အတန်းနဲ့မသက်ဆိုင်တဲ့အသင်းတွေပေါ့။

ယူနိုက်တက်ဟာ ထိပ်တန်းအသင်းတစ်သင်းပါ။ သူတို့အုပ်စုကသိပ်ကိုခက်ခဲတယ်။ ပီအက်စ်ဂျီ၊ ယူနိုက်တက် နဲ့ လိုက်ဇစ်၊ သိပ်ခက်တဲ့အုပ်စု။ သူတို့အတွက်လွယ်လွယ်ကန်လို့ရမှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့သိခဲ့တယ်။

နောက်ပြီး အဲဒီအုပ်စုကထိပ်တန်းအသင်းတစ်သင်းယူရိုပါလိဂ်ကိုရောက်လာတော့မယ်ဆိုတာလည်း ကျွန်တော်တို့အားလုံးသိပါတယ်” ဆိုပြီးပြောကြားခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER