Local News

ပဝါမကူရေမရှုပဲနဲ့ ပွဲကြမ်းတော့မယ်

ပွဲကတော့ကြမ်းတော့မယ် အပြန်လှန် စကားစစ်တွေထိုးကုန်ပြီနော်

မြန်မာလက်ဝှေ့အကျော်အမော် ဒေ့ဗ်နှင့် ထွန်းထွန်းမင်းတို့၏ Facebook လူမှုကွန်ရက်၌ အပြန်အလှန်စကားစစ်ထိုးမှုကျွန်တော့်ရဲ့အင်တာဗျူးတွေတိုင်းမှာ ခင်ဗျားကို ကျွန်တော် လေးစားတယ်လို့ အမြဲဖြေခဲ့တယ်။ကျွန်တော်တို့ ယှဉ်ထိုးခဲ့ကြတဲ့ ၃ ခါအရတော့ ခင်ဗျားက အမာဆုံးကစားသမားပါ။

ကျွန်တော်တို့နောက်ဆုံးပွဲတုန်းက ပထမဆုံးအချီကတည်းက ကျွန်တော့်ရွှေတံတောင်နဲ့ အလဲသိပ်လိုက်လို့ ခင်ဗျားကို အချိန်စေ့တဲ့အထိ မနည်းနှိးလိုက်ရတယ်လေ။ကျွန်တော်တို့နောက်ဆုံးပွဲကတည်းက ကျွန်တော်က ခင်ဗျားထက်သာတာ အသိသာကြီးပါ။အဲဒါနဲ့များ အခုဘာလို့ ထပ်ထိုးချင်နေရတာလဲ။

နောက်တစ်ခါ ကျွန်တော့်နာမည်ကိုထုတ်မပြောခင် ချန်ပီယံမဟုတ်သေးတဲ့ အသက်၂၀အရွယ် ရွှေရာမာန်ကိုပဲ အရင်နိုင်အောင်လုပ်လိုက်ဦးနော်။လွယ်လွယ်လေးအနိုင်ရသင့်ပေမယ့် သူ့ကိုတောင် ခင်ဗျားအလဲထိုးနိုင်မယ်မထင်ဘူး။

အဲဒီကလေးက ကျွန်တော့်ကို တစ်ချီတောင် တောင့်မခံနိုင်တဲ့ကလေးပါP.S. ကျွန်တော်က လက်ဝှေ့မှာ သက်လုံအတွက် ရှယ်ကျင့်ထားပြီးသားပါ။အဲဒီတော့ အလဲထိုးချင်တယ်ဆိုရင် ခင်ဗျား သုံးချီလောက်နဲ့ ဟောဟဲဆိုက်နေမယ့်အချိန်မှာ ကျွန်တော်က အချီ ၂၀ လောက်ကို ချွေးမထွက်ဘဲသွားလို့ရတယ်နော်။

ဒေ့စ်

ငါလဲ ပြိုင်ဘက်ပေါ် လေးစားမှုအပြည့်ရှိပါတယ်။ ငါနဲ့မင်း မပြီးသေးတဲ့ ရိုးရာလက်ဝှေ့ရဲ့ပဝါမကူရေမရှူပဲနဲ့ မင်းပြောတဲ့အတိုင်း အချီ၂၀ဆိုလဲ ငါ့ဘက်က အဆင်သင့်ပဲ။ငါတို့ ၂ယောက်ပြောနေမဲ့အစား လက်တွေ့ကြိုးဝိုင်းပေါ်မှာ ပရိသတ်တွေကို သက်သေပြကြတာပေါ့။ ငါဘက်က အဆင်သင့်ပဲ”မှတ်ချက် မင်းဘက်ကလက်ခံမယ်လို့ ငါ မျော်လင့်နေမယ်။crd