Local News

လမ်းဘေးမှာ ညအိပ်ရပ်နားနေတဲ့ တွဲကားကို အုပ်စုဖွဲ့ လုယက်သူများကို ဖမ်းမိ

ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕ ၿမိဳ႕့မရဲစခန္းမွပ်ဥ္းမနားၿမိဳ႕့ေရွာင္လမ္းတြင္ ညအိပ္ရပ္နားေနေသာ ကားေပၚတြင္ပါေသာ ပစၥည္းမ်ားအားလူတစ္စုမွလုယူထြက္ေျပးမႉျဖစ္ပြါးေၾကာင္းသတင္းသိရရွိပါသည္။

၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ ၆ ရက္ နံနက္ ၃ နာရီအခ်ိန္ခန႔့္တြင္ တရားလို ဦးလင္းႏိူင္ထြန္းႏွင့္ ယာဥ္ေနာက္လိုက္ျဖစ္သူ ဦးေပၚဦးႏွင့္အတူ ေဒါင္ဖမ္းအမ်ိဳးအစား ကုန္မပါတြဲကားအား ရန္ကုန္မွ သာစည္ၿမိဳ႕နယ္ရွိ အပါခ်ီ ဘိလပ္ေျမစက္႐ုံသို႔ဘိလပ္ေျမမ်ား တင္ေဆာင္ရန္ ထြက္ခြာလာၿပီး

အခင္းျဖစ္ေနရာသို႔ ညသန္းေခါင္အခ်ိန္တြင္ ပ်ဥ္းမနားၿမိဳ႕နယ္ ပု႐ြတ္ဆိပ္ကုန္း႐ြာသို႔အေရာက္ ၿမိဳ႕ေရွာင္လမ္းနံေဘးရွိ ေအာင္ၿငိမ္းေစဆီပန႔္ဆိုင္ေရွ႕၌ ကားအိပ္ရပ္နားၿပီး ကားေခါင္းခန္းအတြင္းအိပ္ေပ်ာ္ေနစဥ္

အမည္မသိအမ်ိဳးသား( ၅)ဦးႏွင့္ တရားလို ဦးလင္းႏိုင္ထြန္းကားေရွ႕၌ ဆိုင္ကယ္ေပၚတြင္အသင့္ေစာင္းဆိုင္းသူ အမ်ိဳးသား(၂)ဦးတို႔မွကားေခါင္းဖြင့္ၿပီး ဓား/ေလးခြ မ်ားျဖင့္ၿခိမ္းေျခာက္ကာ ကားေခါင္းအတြင္းမွ ခရီးေဆာင္အိတ္(၁)လုံး ဆင္းကတ္(၂)ကတ္ပါ

MI 5 အမ်ိဳးအစား ေ႐ႊအိုေရာင္ဟန္းဆက္(၁)လုံး ျမန္မာေငြ (၆၉၀၀၀၀)က်ပ္ ကားတိုင္ကီအတြင္းမွ ဒီဇယ္ (၁၀)ဂါလံတို႔အား လုယူထြက္ေျပးသြားသျဖင့္ ပ်ဥ္းမနားၿမိဳ႕ ၿမိဳ႕မရဲစခန္းသို႔ ဦးလင္းႏိုင္ထြန္းမွ တရားလိုျပဳလုပ္ကာ တိုင္တန္းမႈျဖစ္ပြားခဲ့ပါသည္။

အဆိုပါတိုင္တန္းမႈအား ပ်ဥ္းမနားၿမိဳ႕ ၿမိဳ႕မွရဲစခန္းမွ (ပ)၅၁၂/၂၀၂၀ရာဇသတ္ႀကီးပုဒ္မ ၃၉၅ျဖင့္ အမႈဖြင့္ၿပီး တရားခံမ်ားဖမ္းဆီးႏိုင္မိေရးအတြက္ သတင္းရယူ စုံစမ္းျခင္းမ်ားျပဳလုပ္ခဲ့ၿပီး

ပ်ဥ္းမနားၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးေအးျမင့္ႏိုင္ ၏ လမ္းၫႊန္မႈႏွင့္ ပ်ဥ္းမနားၿမိဳ႕ ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ျမင့္ေအာင္၏ အနီးကပ္ၾကည့္ၾကပ္မႈျဖင့္ ပ်ဥ္းမနားၿမိဳ႕ ၿမိဳ႕မရဲစခန္းမွနယ္ထိန္ေခါင္းေဆာင္ ဒုရဲအုပ္ သက္ႏိုင္ဦးႏွင့္အဖြဲ႕မ်ားႏွင့္

သက္ေသ နတ္သူရဲေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးဘသန္း ႐ြာေကာက္ရပ္ကြက္မွ ရာအိမ္မႉး ဦးေဌးလြင္ထြန္း ဦးျပည့္ၿဖိဳးခ်မ္းသာတို႔ႏွင့္အတူအခင္းျဖစ္ရပ္အားစစ္ေဆးျခင္း မွတ္တမ္းဓါတ္ပုံမ်ား႐ိုက္ကူးျခင္း

ယာဥ္ေမာင္းျဖစ္သူ ဦးလင္းႏိုင္ထြန္းႏွင့္ ယာဥ္ေနာက္လိုက္ျဖစ္သူ ဦးေပၚဦးတို႔အား စစ္ေဆးျခင္းအခင္းျဖစ္ကားရပ္ထားေသာေနရာေအာင္ၿငိမ္းေစဆီပန႔္ဆိုင္ေရွ႕တြင္ ျဖစ္၍ဆိုင္မွမ်က္ျမင္သက္ေသစစ္ေဆးျခင္း ေထာင္က်ခဲ့ဖူးေသာ တ႐ုတ္ႀကီး(ခ)ေအာင္ခ်မ္းထြန္းစစ္ေဆးျခင္းမ်ားျပဳလုပ္ခဲ့ၿပီးရမည္းသင္းအက်ဥ္းေထာင္တြင္

က်ခံဖူးေသာသူမ်ားအား စစ္ေဆးရာတြင္ ယခုၿမိဳ႕ေရွာင္လမ္းေပၚတြင္ ကားႀကီးမ်ားရပ္နားစဥ္ လုယူတတ္သူမ်ားမွာ ေအလာအုပ္စု ကုလား႐ြာႏွင့္ရန္ကင္း႐ြာတို႔မွ ဇင္ေလးပါအဖြဲ႕မွ ညဥ့္အခ်ိန္မ်ားတြင္ဆိုင္ကယ္မ်ားျဖင့္ ျပစ္မႈက်ဴးလြန္လုယက္တတ္ေၾကာင္း ၎ထံမွစုံစမ္းသိရွိရပါသည္

စုံစမ္းသိရွိရေသာသတင္းအရ ကုလား႐ြာမွဇင္ေလးပါအဖြဲ႕အား ဖမ္းဆီးရမိႏိုင္ေရးအတြက္ ဒုရဲအုပ္ သက္ႏိုင္ဦးႏွင့္အဖြဲ႕မွ ေအလာနယ္ေျမရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ဟန္ဝင္းေအာင္အား

ခ်ိတ္ဆက္ၿပီးေနာက္ ၎အဖြဲ႕ႏွင့္အတူ ပူးေပါင္းၿပီး ကုလား႐ြာအတြင္းစုံစမ္းဖမ္းဆီးရာ ဇင္ေလးအားေနအိမ္တြင္မေတြ႕ရွိဘဲ ေရွာင္တိမ္းေနၿပီး ၎ႏွင့္အတူ ျပစ္မႈက်ဴးလြန္ရာတြင္ပါဝင္သူမ်ားမွာ

လယ္ေဝးၿမိဳ႕နယ္ ေအလာအုပ္စု ကုလား႐ြာေန မ်ိဳးခ်စ္ေအာင္(၂၈) (ဘ)ဦးထြန္းလြင္ ႏိုင္ေအာင္ခ်စ္(၂၀) (ဘ)ဦးေက်ာ္စိုး မင္းေအာင္(၃၉) (ဘ)ဦးေအးျမင့္ ဇင္ေလး(၂၈) (ဘ)ဦးမင္းေအာင္ မိုးႀကီး(၃၃) (ဘ)ဦးဘို ထန္းေက်ာ္(၃၀)

(ဘ)ဦးေက်ာ္သန္း ေနေအာင္(၃၈) ( ဘ )ဦးေအာင္လွိူင္ ရန္ကင္း႐ြာေန သူရဝင္း(၂၈) (ဘ)ဦးမင္းေအာင္(၈)ဦးျဖစ္ေၾကာင္းထပ္မံသတင္းရရွိၿပီးစုံစမ္းဖမ္းဆီျခင္းမ်ားကိုျပဳလုပ္ၿပီးအမႉမွသတင္းရရွိထားေသာကုလား႐ြာရွိ ဇင္ေလး (၃၀) (ဘ)ဦးခ်က္ႀကီး၏ေနအိမ္သို႔့ဝင္ေရာက္ရွာေဖြဖမ္းဆီးရာ၎အားေနအိမ္တြင္မရွိဘဲ

ဇနီးျဖစ္သူ မစပါယ္လွိူင္ (၂၂)ႏွစ္ (ဘ)ဦးေအာင္လွိူင္အားေတြ႕ ရွိၿပီးေမးျမန္းရာခင္ပြန္းျဖစ္သူဇင္ေလးမွာ ႐ြာအေနာက္ဖက္ရွိေလယာဥ္ကြင္းကိုင္းေတာအနီး ခရမ္းခ်ဥ္စိုက္ခင္းသို႔့သြားေရာက္ေၾကာင္းသိရွိရသျဖင့္ လိုက္လံဖမ္းဆီးရာ ေတြ႕ ရွိျခင္းမရွိ၍

ရန္ကင္း႐ြာရွိ သူရဝင္းေနအိမ္သို႔ ထပ္မံဝင္ေရာက္ ရွာေဖြခဲ့ရာ ထူးျခားမႉမရွိ၍ ဖမ္းဆီးေရးအဖြဲ႕ မွ ပထဝီအငိုက္ လူအငိုက္ ကိုေစာင့္စားရန္အဖြဲ႕ သုံးဖြဲ႕ ခြဲကာလွိူ႔ ဝွက္ေစာင့္ဆိုင္းေနစဥ္

ညေန ၄ နာရီ ၅၀မိႏွစ္ အခ်ိန္ခန႔္ တြင္ျပင္ပတြင္သတင္းရယူေနေသာအဖြဲ႕့မွသတင္းရရွိၿပီးျပစ္မႉကူးလြန္သူ(၈)ဦးအနက္ ႏိုင္ေအာင္ခ်စ္ မင္းေအာင္ မိူးခ်စ္ေအာင္ တို႔့သုံးဦးမွာေလယာဥ္ကြင္းကိုင္ေတာအတြင္းပုန္းခိုေနေၾကာင္းသတင္းရရွိသျဖင့္

ပူးေပါင္းဖမ္းဆီးေရးအဖြဲ႕ မွ ကိုင္ေတအတြင္း (၂)နာရီေက်ာ္ၾကာ ဝိုင္းဝန္းပိတ္ဆို႔ ဖမ္းဆီးခဲ့ရာ၎တို႔့(၃)ဦးႏွင့္အတူျပစ္မႉကူးလြန္ရာတြင္အသုံးျပဳခဲ့ေသာနံပါတ္မပါDayang 110 အနက္ေရာင္ဆိုင္ကယ္တစ္စီးႏိုင္ေအာင္ခ်စ္ထံမွေလးခြ(၁)လက္မ်ိဳးခ်စ္ေအာင္ထံမွျပစ္မႉကူးလြန္ရာတြင္အသုံးျပဳခဲ့ေသာ

အ႐ိုး/အသြား ၁ေပ/၁၀လက္မ ဗ်က္ ၁ လက္မခန႔္ရွိ ဓါးရွည္(၁)ေခ်ာင္း တရားလို ကိုလင္းႏိုင္ထြန္း၏တြဲကားထံမွ ဆီေဖာက္ယူခဲ့ေသာ ဒီဇယ္(၈) ဂါလံပါ (၁၀)ဂါလံဆံ့ အျဖဴေရာင္ ပလပ္စတစ္အျဖဴေရာင္

ဒီဇယ္ပုံး (၁)ပုံး ကိုမင္းေအာင္ထံမွလုယူရရွိခဲ့ေသာ ေငြ (၄၀၀၀၀)က်ပ္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ပါသည္ ထို႔ေနာက္ ႏိုင္ေအာင္ခ်စ္မွ တရားလိုထံမွ

အခင္းျဖစ္ခ်ိန္လုယူခဲ့ေသာ နံပါတ္ (၂)ကဒ္ပါ MI 5 အမ်ိဳးအစား ေ႐ႊအိုေရာင္ဟန္းဆက္ (၁)လုံး(အနက္ေရာင္ကာဗာတပ္လွ်က္)ႏွင့္လုယူခဲ့ရာမွ ရရွိခြဲတမ္းေငြ (၈၁၀၀၀)က်ပ္တို႔အား ကုလား႐ြာေန မိခင္ျဖစ္သူ ေဒၚေထြးရီထံ အပ္ႏွံခဲ့ေၾကာင္း ေျပာဆိုခဲ့သျဖင့္

၎တို႔(၃)ဦးအားေခၚေဆာင္ၿပီးသက္ေသမ်ားႏွင့္အတူ ေဒၚေထြးရီ အိမ္သို႔သြားေရာက္သိမ္းဆည္းခဲ့ပါသည္ ထြက္ေျပးတိမ္းေရွာင္ေနေသာ တရားခံ(၁) ဇင္ေလး(၂) မိုးႀကီး

(၃) ထန္းေက်ာ္ (၄) ေနေအာင္ (၅) ရန္ကင္း႐ြာေန သူရဝင္း တို႔အား ဖမ္းဆီးႏိုင္ေရး အတြက္ ပူးေပါင္းအဖြဲ႕မွ အပူတျပင္း လိုက္လံစုံစမ္းလ်က္ရွိေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရွိရပါသည္။

အေလာသား(ALT)

ေနျပည္ေတာ္ဟစ္တိုင္(PFA)

ျပည္ေထာင္စုနယ္ေျမ

ကေလာင္စစ္သည္အဖြဲ႕

Unicode

နေပြည်တော် ပျဉ်းမနားမြို့ မြို့မရဲစခန်းမှပျဉ်းမနားမြို့ရှောင်လမ်းတွင် ညအိပ်ရပ်နားနေသော ကားပေါ်တွင်ပါသော ပစ္စည်းများအားလူတစ်စုမှလုယူထွက်ပြေးမှူဖြစ်ပွါးကြောင်းသတင်းသိရရှိပါသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၆ ရက် နံနက် ၃ နာရီအချိန်ခန့်တွင် တရားလို ဦးလင်းနိူင်ထွန်းနှင့် ယာဉ်နောက်လိုက်ဖြစ်သူ ဦးပေါ်ဦးနှင့်အတူ ဒေါင်ဖမ်းအမျိုးအစား ကုန်မပါတွဲကားအား ရန်ကုန်မှ သာစည်မြို့နယ်ရှိ အပါချီ ဘိလပ်မြေစက်ရုံသို့ဘိလပ်မြေများ တင်ဆောင်ရန် ထွက်ခွာလာပြီး

အခင်းဖြစ်နေရာသို့ ညသန်းခေါင်အချိန်တွင် ပျဉ်းမနားမြို့နယ် ပုရွတ်ဆိပ်ကုန်းရွာသို့အရောက် မြို့ရှောင်လမ်းနံဘေးရှိ အောင်ငြိမ်းစေဆီပန့်ဆိုင်ရှေ့၌ ကားအိပ်ရပ်နားပြီး ကားခေါင်းခန်းအတွင်းအိပ်ပျော်နေစဉ်

အမည်မသိအမျိုးသား( ၅)ဦးနှင့် တရားလို ဦးလင်းနိုင်ထွန်းကားရှေ့၌ ဆိုင်ကယ်ပေါ်တွင်အသင့်စောင်းဆိုင်းသူ အမျိုးသား(၂)ဦးတို့မှကားခေါင်းဖွင့်ပြီး ဓား/လေးခွ များဖြင့်ခြိမ်းခြောက်ကာ ကားခေါင်းအတွင်းမှ ခရီးဆောင်အိတ်(၁)လုံး ဆင်းကတ်(၂)ကတ်ပါ

MI 5 အမျိုးအစား ရွှေအိုရောင်ဟန်းဆက်(၁)လုံး မြန်မာငွေ (၆၉၀၀၀၀)ကျပ် ကားတိုင်ကီအတွင်းမှ ဒီဇယ် (၁၀)ဂါလံတို့အား လုယူထွက်ပြေးသွားသဖြင့် ပျဉ်းမနားမြို့ မြို့မရဲစခန်းသို့ ဦးလင်းနိုင်ထွန်းမှ တရားလိုပြုလုပ်ကာ တိုင်တန်းမှုဖြစ်ပွားခဲ့ပါသည်။

အဆိုပါတိုင်တန်းမှုအား ပျဉ်းမနားမြို့ မြို့မှရဲစခန်းမှ (ပ)၅၁၂/၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၃၉၅ဖြင့် အမှုဖွင့်ပြီး တရားခံများဖမ်းဆီးနိုင်မိရေးအတွက် သတင်းရယူ စုံစမ်းခြင်းများပြုလုပ်ခဲ့ပြီး

ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင် ၏ လမ်းညွှန်မှုနှင့် ပျဉ်းမနားမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်အောင်၏ အနီးကပ်ကြည့်ကြပ်မှုဖြင့် ပျဉ်းမနားမြို့ မြို့မရဲစခန်းမှနယ်ထိန်ခေါင်းဆောင် ဒုရဲအုပ် သက်နိုင်ဦးနှင့်အဖွဲ့များနှင့်

သက်သေ နတ်သူရဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘသန်း ရွာကောက်ရပ်ကွက်မှ ရာအိမ်မှူး ဦးဌေးလွင်ထွန်း ဦးပြည့်ဖြိုးချမ်းသာတို့နှင့်အတူအခင်းဖြစ်ရပ်အားစစ်ဆေးခြင်း မှတ်တမ်းဓါတ်ပုံများရိုက်ကူးခြင်း

ယာဉ်မောင်းဖြစ်သူ ဦးလင်းနိုင်ထွန်းနှင့် ယာဉ်နောက်လိုက်ဖြစ်သူ ဦးပေါ်ဦးတို့အား စစ်ဆေးခြင်းအခင်းဖြစ်ကားရပ်ထားသောနေရာအောင်ငြိမ်းစေဆီပန့်ဆိုင်ရှေ့တွင် ဖြစ်၍ဆိုင်မှမျက်မြင်သက်သေစစ်ဆေးခြင်း ထောင်ကျခဲ့ဖူးသော တရုတ်ကြီး(ခ)အောင်ချမ်းထွန်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီးရမည်းသင်းအကျဉ်းထောင်တွင်

ကျခံဖူးသောသူများအား စစ်ဆေးရာတွင် ယခုမြို့ရှောင်လမ်းပေါ်တွင် ကားကြီးများရပ်နားစဉ် လုယူတတ်သူများမှာ အေလာအုပ်စု ကုလားရွာနှင့်ရန်ကင်းရွာတို့မှ ဇင်လေးပါအဖွဲ့မှ ညဉ့်အချိန်များတွင်ဆိုင်ကယ်များဖြင့် ပြစ်မှုကျူးလွန်လုယက်တတ်ကြောင်း ၎င်းထံမှစုံစမ်းသိရှိရပါသည်

စုံစမ်းသိရှိရသောသတင်းအရ ကုလားရွာမှဇင်လေးပါအဖွဲ့အား ဖမ်းဆီးရမိနိုင်ရေးအတွက် ဒုရဲအုပ် သက်နိုင်ဦးနှင့်အဖွဲ့မှ အေလာနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဟန်ဝင်းအောင်အား

ချိတ်ဆက်ပြီးနောက် ၎င်းအဖွဲ့နှင့်အတူ ပူးပေါင်းပြီး ကုလားရွာအတွင်းစုံစမ်းဖမ်းဆီးရာ ဇင်လေးအားနေအိမ်တွင်မတွေ့ရှိဘဲ ရှောင်တိမ်းနေပြီး ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူများမှာ

လယ်ဝေးမြို့နယ် အေလာအုပ်စု ကုလားရွာနေ မျိုးချစ်အောင်(၂၈) (ဘ)ဦးထွန်းလွင် နိုင်အောင်ချစ်(၂၀) (ဘ)ဦးကျော်စိုး မင်းအောင်(၃၉) (ဘ)ဦးအေးမြင့် ဇင်လေး(၂၈) (ဘ)ဦးမင်းအောင် မိုးကြီး(၃၃) (ဘ)ဦးဘို ထန်းကျော်(၃၀)

(ဘ)ဦးကျော်သန်း နေအောင်(၃၈) ( ဘ )ဦးအောင်လှိူင် ရန်ကင်းရွာနေ သူရဝင်း(၂၈) (ဘ)ဦးမင်းအောင်(၈)ဦးဖြစ်ကြောင်းထပ်မံသတင်းရရှိပြီးစုံစမ်းဖမ်းဆီခြင်းများကိုပြုလုပ်ပြီးအမှူမှသတင်းရရှိထားသောကုလားရွာရှိ ဇင်လေး (၃၀) (ဘ)ဦးချက်ကြီး၏နေအိမ်သို့ဝင်ရောက်ရှာဖွေဖမ်းဆီးရာ၎င်းအားနေအိမ်တွင်မရှိဘဲ

ဇနီးဖြစ်သူ မစပါယ်လှိူင် (၂၂)နှစ် (ဘ)ဦးအောင်လှိူင်အားတွေ့ ရှိပြီးမေးမြန်းရာခင်ပွန်းဖြစ်သူဇင်လေးမှာ ရွာအနောက်ဖက်ရှိလေယာဉ်ကွင်းကိုင်းတောအနီး ခရမ်းချဉ်စိုက်ခင်းသို့သွားရောက်ကြောင်းသိရှိရသဖြင့် လိုက်လံဖမ်းဆီးရာ တွေ့ ရှိခြင်းမရှိ၍

ရန်ကင်းရွာရှိ သူရဝင်းနေအိမ်သို့ ထပ်မံဝင်ရောက် ရှာဖွေခဲ့ရာ ထူးခြားမှူမရှိ၍ ဖမ်းဆီးရေးအဖွဲ့ မှ ပထဝီအငိုက် လူအငိုက် ကိုစောင့်စားရန်အဖွဲ့ သုံးဖွဲ့ ခွဲကာလှိူ့ ဝှက်စောင့်ဆိုင်းနေစဉ်

ညနေ ၄ နာရီ ၅၀မိနှစ် အချိန်ခန့် တွင်ပြင်ပတွင်သတင်းရယူနေသောအဖွဲ့မှသတင်းရရှိပြီးပြစ်မှူကူးလွန်သူ(၈)ဦးအနက် နိုင်အောင်ချစ် မင်းအောင် မိူးချစ်အောင် တို့သုံးဦးမှာလေယာဉ်ကွင်းကိုင်တောအတွင်းပုန်းခိုနေကြောင်းသတင်းရရှိသဖြင့်

ပူးပေါင်းဖမ်းဆီးရေးအဖွဲ့ မှ ကိုင်တေအတွင်း (၂)နာရီကျော်ကြာ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ရာ၎င်းတို့(၃)ဦးနှင့်အတူပြစ်မှူကူးလွန်ရာတွင်အသုံးပြုခဲ့သောနံပါတ်မပါDayang 110 အနက်ရောင်ဆိုင်ကယ်တစ်စီးနိုင်အောင်ချစ်ထံမှလေးခွ(၁)လက်မျိုးချစ်အောင်ထံမှပြစ်မှူကူးလွန်ရာတွင်အသုံးပြုခဲ့သော

အရိုး/အသွား ၁ပေ/၁၀လက်မ ဗျက် ၁ လက်မခန့်ရှိ ဓါးရှည်(၁)ချောင်း တရားလို ကိုလင်းနိုင်ထွန်း၏တွဲကားထံမှ ဆီဖောက်ယူခဲ့သော ဒီဇယ်(၈) ဂါလံပါ (၁၀)ဂါလံဆံ့ အဖြူရောင် ပလပ်စတစ်အဖြူရောင်

ဒီဇယ်ပုံး (၁)ပုံး ကိုမင်းအောင်ထံမှလုယူရရှိခဲ့သော ငွေ (၄၀၀၀၀)ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည် ထို့နောက် နိုင်အောင်ချစ်မှ တရားလိုထံမှ

အခင်းဖြစ်ချိန်လုယူခဲ့သော နံပါတ် (၂)ကဒ်ပါ MI 5 အမျိုးအစား ရွှေအိုရောင်ဟန်းဆက် (၁)လုံး(အနက်ရောင်ကာဗာတပ်လျှက်)နှင့်လုယူခဲ့ရာမှ ရရှိခွဲတမ်းငွေ (၈၁၀၀၀)ကျပ်တို့အား ကုလားရွာနေ မိခင်ဖြစ်သူ ဒေါ်ထွေးရီထံ အပ်နှံခဲ့ကြောင်း ပြောဆိုခဲ့သဖြင့်

၎င်းတို့(၃)ဦးအားခေါ်ဆောင်ပြီးသက်သေများနှင့်အတူ ဒေါ်ထွေးရီ အိမ်သို့သွားရောက်သိမ်းဆည်းခဲ့ပါသည် ထွက်ပြေးတိမ်းရှောင်နေသော တရားခံ(၁) ဇင်လေး(၂) မိုးကြီး

(၃) ထန်းကျော် (၄) နေအောင် (၅) ရန်ကင်းရွာနေ သူရဝင်း တို့အား ဖမ်းဆီးနိုင်ရေး အတွက် ပူးပေါင်းအဖွဲ့မှ အပူတပြင်း လိုက်လံစုံစမ်းလျက်ရှိကြောင်း ရဲမှတ်တမ်းများအရ သိရှိရပါသည်။မူရင်းကရစ်ဒစ်

အလောသား(ALT)

နေပြည်တော်ဟစ်တိုင်(PFA)

ပြည်ထောင်စုနယ်မြေ

ကလောင်စစ်သည်အဖွဲ့