Local News

ပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးရေး အလေးထားဆောင်ရွက်နေ

အစိုးရက ပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးရေး အလေးထားဆောင်ရွက်နေပြီ ဖြစ်ကြောင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဒီဇင်ဘာ၇ရက် COVID 19ဖြစ်ပွားမှုနောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ ပြည်သူသို့ အစီရင်ခံ
မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။

“ကျွန်မတို့ အလုပ်အကိုင်ဖန်တီးရေးတွေအတွက်လည်း အလေးထားပြီးတော့ လုပ်နေပါတယ်။အခုစီစဉ်နေပါတယ်။
သို့သော်ငြားလည်း အလုပ်လုပ်နိုင်ဖို့အတွက် ကျန်းမာဖို့ကလိုတယ်ဆိုတာလည်း ကျွန်မတို့ပြည်သူတွေသိမှာဖြစ်ပါတယ်။

ဒါကြောင့် အလုပ်တွေဖန်တီးတဲ့အချိန်မှာ အလုပ်တွေရနိုင်တဲ့အချိန်ကျမှ ကိုယ့်ကျန်းမာရေးမကောင်းလို့
ကိုယ်ကနေပြီးတော့ နောက်ကိုရောက်သွားမယ်ဆိုလို့ရှိရင် ကိုယ်လည်းနစ်နာတယ်။ကိုယ့်ရဲ့မိသားစုလည်းနစ်နာတယ်။

ကိုယ့်နိုင်ငံလည်းနစ်နာပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင်အလုပ်အကိုင်ရှာဖွေရေးညွှန်ကြားမှုဦးစီးဌာနတွင် အလုပ်အကိုင်ရရှိလိုသူများနှင့်
အလုပ်လုပ်ကိုင်လိုသူများသည်လေဘာမှတ်ပုံတင်ထားရကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၇ရက်ည၈နာရီထုတ်ပြန်ချက်အရ COVID 19အတည်ပြုလူနာ၁၀၀၄၃၁ဦး၊
သေဆုံး ၂၁၃၂ဦး၊ဆေးရုံဆင်းရသူ ၇၉၂၄၀ဦး ရှိကြောင်းသိရသည်။

D-Wave








D-Wave