Local News

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို ထိုင်းဘုရင်မှ ပြစ်ဒဏ်လျှေ့ာပေးလိုက်ပါပြီ

နတ္႐ြာစံသြားၿပီျဖစ္တဲ့ ထိုင္းဘုရင္ ဘူမိေဘာရဲ႕ ဒီဇင္ဘာ ၅ ရက္ေန႔ က်ေရာက္တဲ့ ေမြးေန႔မွာ အက်ဥ္းသား ၃ ေသာင္းကို လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳခဲ့ၿပီး အက်ဥ္းသား ၂ ေသာင္းကို ေထာင္ဒဏ္ေလ်ာ့ေပါ့ ခ်မွတ္လိုက္ပါတယ္။

လြတ္ၿငိမ္းခ်မ္းသာခြင့္ထဲမွာ ထိုင္းႏိုင္ငံေတာင္ပိုင္း ေကာ့စေမႊ ေခၚတဲ့ လိပ္ကြၽန္းမွာ ၿဗိတိန္ႏိုင္ငံသား ႏွစ္ဦး သတ္မႈနဲ႔ တသက္တကြၽန္း က်ခံေနရတဲ့ ျမန္မာအလုပ္သမား ကိုဝင္းေဇာ္ထြန္းနဲ႔ ကိုေဇာ္လင္းတို႔ကို မပါဝင္ ေသးေပမယ့္ ေထာင္ဒဏ္ေလ်ာ့ေပါ့ခံစားခြင့္သာရတာေၾကာင့္ ႏွစ္ ၅၀ ေျပာင္းလဲခြင့္ရသြားတယ္လို႔ အမႈကို လိုက္ပါကူညီေပးေနတဲ့ ေရွ႕ေန ဦးေအာင္မ်ိဳးသန႔္က ေျပာပါတယ္။

“ႏွစ္ ၅၀ ခံစားခြင့္ေျပာင္းတယ္ဆိုတာ ေရးထားပါတယ္ခင္ဗ်။ မပါႏိုင္ေသးဘူးဆိုတာက တကယ္လို႔ ေသဒဏ္ကေန လြတ္ၿငိမ္းခ်မ္းသာခြင့္ရမယ္ဆိုရင္ သူတို႔က တသက္တကြၽန္းေျပာင္းလာခဲ့တာကိုး အဲဒီ တသက္တကြၽန္းကို အခု ခံစားေနရတဲ့အခ်ိန္မွာ ဒီအမိန႔္အရဆိုရင္ ႏွစ္ ၅၀ ကို ေျပာင္းသြားတဲ့သေဘာေပါ့ခင္ဗ်”အခုရက္အတြင္းမွာပဲ ဘန္ေကာက္ၿမိဳ႕ ျမန္မာသံ႐ုံးအရာရွိေတြနဲ႔ ေရွ႕ေန ဦးေအာင္မ်ိဳးသန႔္တို႔က ျမန္မာႏိုင္ငံသားႏွစ္ဦးကို ေထာင္ဝင္စာသြားေရာက္ေတြ႕ဆုံၿပီး အားေပးစကားသြားေျပာဖို႔ရွိတယ္လို႔ သူက ေျပာပါတယ္။

ပုံမွန္အားျဖင့္ ႏွစ္လတစ္ႀကိမ္ သုံးလတစ္ႀကိမ္ ေထာင္ဝင္စာ သြားေတြ႕ခဲ့ေပမယ့္ အခုႏွစ္မွာ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေတြကိစၥနဲ႔ ကိုဗစ္အေရးေပၚကာလ ကန႔္သတ္ခ်က္ေတြေၾကာင့္ ေထာင္ဝင္စာ သြားမေတြ႕ႏိုင္ခဲ့ဘူးလို႔ ဦးေအာင္မ်ိဳးသန႔္က ေျပာပါတယ္။

 

ၿပီးခဲ့တဲ့ ၾသဂုတ္ ၁၂ ရက္ေန႔က ထိုင္းဘုရင္ရဲ႕ မယ္ေတာ္ သီရိခက္ သက္ေတာ္ ၈၈ ႏွစ္ျပည့္ေမြးေန႔ အထိမ္းအမွတ္အျဖစ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ထဲမွာ ကိုဝင္းေဇာ္ထြန္းနဲ႔ ကိုေဇာ္လင္းတို႔ကို ေသဒဏ္ကေန တသက္တကြၽန္း ေျပာင္းလဲခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။ဒီဇင္ဘာ ၄ ရက္ေန႔ထုတ္ျပန္တဲ့ ေတာ္ဝင္ျပန္တမ္းမွာ အက်ဥ္းသား ၃ ေသာင္းခန႔္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ထင္ရွားတဲ့ ပုဂၢိဳလ္ သုံးဦး အပါအဝင္ အက်ဥ္းသား ၂ ေသာင္းကို ေထာင္ဒဏ္ ေလ်ာ့ေပါ့ခ်မွတ္မယ္လို႔ ထုတ္ျပန္ခဲ့တယ္လို႔ ဒီဇင္ဘာ ၅ ရက္ေန႔ထုတ္ ဘန္ေကာက္ပိုစ့္ အြန္လိုင္းသတင္းမွာ ေဖာ္ျပထားပါတယ္။

“သူတို႔က ငယ္႐ြယ္သူေတြဆိုေတာ့ ဒီလိုဆိုရင္ အလားအလာေကာင္းပါတယ္။ ထိုင္းႏိုင္ငံရဲ႕ သေဘာတရားက ဒီလိုတသက္တကြၽန္းကေန ႏွစ္ ၅၀ ေျပာင္းလာၿပီဆိုရင္ ေနာက္တခါ လြတ္ၿငိမ္းခ်မ္းသာထဲပါရင္ ၁၀ ခံစားရတဲ့ အေနအထားမ်ိဳးပါ။ အဲဒီလို ၁၀ ႏွစ္အထိ ေရာက္လာၿပီဆိုရင္ေတာ့ ႏွစ္ႏိုင္ငံ ဥပေဒအရ ညႇိႏႈိင္းလို႔ ရႏိုင္တဲ့ အေျခအေနမ်ိဳး ျဖစ္လာႏိုင္ပါတယ္ခင္ဗ်”ေသဒဏ္ခ်မွတ္ခံထားရတဲ့ ျမန္မာလုပ္သား ႏွစ္ဦး ျပစ္ဒဏ္သက္သာခြင့္ရေရးအတြက္ သူတို႔ကို အကူအညီေပးေနတဲ့ ေရွ႕ေနေတြက ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလက ထိုင္းဘုရင္ မဟာဝီဇယာေလာင္ကြန္းဆီကို ျပစ္ဒဏ္ေလ်ာ့ေပါ့ေပးဖို႔ အသနားခံစာပို႔ခဲ့ၾကပါတယ္။

 

၂၀၁၄ ခုႏွစ္ စက္တင္ဘာလက ထိုင္းႏိုင္ငံ ခိုေတာင္ကြၽန္း (ေခၚ) လိပ္ကြၽန္းကို လာေရာက္လည္ပတ္တဲ့ ၿဗိတိန္ ႏိုင္ငံသားႏွစ္ဦး အသတ္ခံရၿပီး အဲဒီအမႈမွာ ကိုဝင္းေဇာ္ထြန္းနဲ႔ ကိုေဇာ္လင္းတို႔ကို လူသတ္မႈ၊ မုဒိန္းမႈ၊ ပစၥည္း လုယက္မႈ အပါအဝင္ အမႈ ၇ မႈနဲ႔ ထိုင္းရဲတပ္ဖြဲ႕က တရားစြဲခဲ့တာ ျဖစ္ပါတယ္။အဲဒီအမႈကို လိပ္ကြၽန္းမွာရွိတဲ့ ေကာ့စေမြခ႐ိုင္ တရား႐ုံးကေန ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလက ေသဒဏ္ အမိန႔္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ ေလာေလာဆယ္ သူတို႔ ႏွစ္ဦးကို ထိုင္းႏိုင္ငံ ႏြန္ထိဘူရီခ႐ိုင္ ဘန္ခြမ္အက်ဥ္းေထာင္မွာ အက်ဥ္းခ်ခံေနပါတယ္။

အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြကလည္း ကိုဝင္းေဇာ္ထြန္းနဲ႔ ကိုေဇာ္လင္းတို႔ ႏွစ္ဦးကို ကူညီဖို႔ ႏိုင္ငံေတာ္ အႀကီးအကဲေတြက မွားၾကားထားေၾကာင္းလည္း ၂၀၁၉ ခုႏွစ္ စက္တင္ဘာလက သတင္းမီဒီယာေတြကို ေျပာထားပါတယ္။

သက္ဆိုင္ရာကေန ဥပေဒနဲ႔အညီ ညႇိႏႈိင္းေဆာင္႐ြက္သြားမွာျဖစ္ၿပီး အလုပ္သမားသံအရာရွိေတြ၊ ျမန္မာသံအမတ္နဲ႔ ထိုင္းႏိုင္ငံက လူမႈေရးအသင္းအဖြဲ႕ေတြက အဆင့္အလိုက္ ကူညီေနတယ္လို႔လည္း ဦးသိန္းေဆြက ေျပာပါတယ္။

 

ျမန္မာႏိုင္ငံသား ႏွစ္ဦး အေျခအေနနဲ႔ ပတ္သက္ၿပီး ထိုင္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးနဲ႔ အလုပ္သမားသံအရာရွိေတြကို RFA က ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ကိုဝင္းေဇာ္ထြန္းနဲ႔ ကိုေဇာ္လင္းတို႔ ႏွစ္ဦး ေနထိုင္စားေသာက္ေရးနဲ႔ က်န္းမာေရးကိစၥေတြကို ကူညီေပးဖို႔ ထိုင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၄ ရက္ေန႔က ေမတၱာရပ္ခံထားတာလည္းရွိပါတယ္။အဲဒီေနာက္ပိုင္း အက်ဥ္းက်ေနသူ ႏွစ္ဦးကို ႐ိုက္ကူးထားတဲ့ ႐ုပ္သံဖိုင္ကို ထိုင္းႏိုင္ငံက ျပန္လည္ေပးပို႔ခဲ့ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

အဲဒီ႐ုပ္သံဖိုင္မွာ ကိုဝင္းေဇာ္ထြန္းနဲ႔ ကိုေဇာ္လင္းတို႔ ႏွစ္ဦးက ျမန္မာႏိုင္ငံက မိဘေတြနဲ႔ အဆက္အသြယ္မရသလို ကိုဗစ္ကာလျဖစ္ေနတာေၾကာင့္ မိဘေတြရဲ႕ က်န္းမာေရးကို စိုးရိမ္ေၾကာင္း ေျပာထားပါတယ္။

ဒါအျပင္ ထိုင္းႏိုင္ငံက အက်ဥ္းေထာင္ေတြထဲမွာ ေနထိုင္ရတာက အဆင္ေျပေပမယ့္ ျမန္မာႏိုင္ငံထဲက အက်ဥ္းေထာင္ေတြကို ေျပာင္းေ႐ႊ႕ခြင့္ရမယ္ဆိုရင္ မိဘေဆြမ်ိဳးေတြနဲ႔ ေတြ႕ခြင့္ရႏိုင္မွာျဖစ္ေၾကာင္း ေျပာဆိုထားတယ္လို႔ သိရပါတယ္။

 

———————–

နတ်ရွာစံသွားပြီဖြစ်တဲ့ ထိုင်းဘုရင် ဘူမိဘောရဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ကျရောက်တဲ့ မွေးနေ့မှာ အကျဉ်းသား ၃ သောင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး အကျဉ်းသား ၂ သောင်းကို ထောင်ဒဏ်လျော့ပေါ့ ချမှတ်လိုက်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွှေ ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး သတ်မှုနဲ့ တသက်တကျွန်း ကျခံနေရတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို မပါဝင် သေးပေမယ့် ထောင်ဒဏ်လျော့ပေါ့ခံစားခွင့်သာရတာကြောင့် နှစ် ၅၀ ပြောင်းလဲခွင့်ရသွားတယ်လို့ အမှုကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

 

“နှစ် ၅၀ ခံစားခွင့်ပြောင်းတယ်ဆိုတာ ရေးထားပါတယ်ခင်ဗျ။ မပါနိုင်သေးဘူးဆိုတာက တကယ်လို့ သေဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရမယ်ဆိုရင် သူတို့က တသက်တကျွန်းပြောင်းလာခဲ့တာကိုး အဲဒီ တသက်တကျွန်းကို အခု ခံစားနေရတဲ့အချိန်မှာ ဒီအမိန့်အရဆိုရင် နှစ် ၅၀ ကို ပြောင်းသွားတဲ့သဘောပေါ့ခင်ဗျ”အခုရက်အတွင်းမှာပဲ ဘန်ကောက်မြို့ မြန်မာသံရုံးအရာရှိတွေနဲ့ ရှေ့နေ ဦးအောင်မျိုးသန့်တို့က မြန်မာနိုင်ငံသားနှစ်ဦးကို ထောင်ဝင်စာသွားရောက်တွေ့ဆုံပြီး အားပေးစကားသွားပြောဖို့ရှိတယ်လို့ သူက ပြောပါတယ်။

 

ပုံမှန်အားဖြင့် နှစ်လတစ်ကြိမ် သုံးလတစ်ကြိမ် ထောင်ဝင်စာ သွားတွေ့ခဲ့ပေမယ့် အခုနှစ်မှာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကိစ္စနဲ့ ကိုဗစ်အရေးပေါ်ကာလ ကန့်သတ်ချက်တွေကြောင့် ထောင်ဝင်စာ သွားမတွေ့နိုင်ခဲ့ဘူးလို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့က ထိုင်းဘုရင်ရဲ့ မယ်တော် သီရိခက် သက်တော် ၈၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို သေဒဏ်ကနေ တသက်တကျွန်း ပြောင်းလဲချမှတ်ခဲ့တာ ဖြစ်ပါတယ်။ဒီဇင်ဘာ ၄ ရက်နေ့ထုတ်ပြန်တဲ့ တော်ဝင်ပြန်တမ်းမှာ အကျဉ်းသား ၃ သောင်းခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ် သုံးဦး အပါအဝင် အကျဉ်းသား ၂ သောင်းကို ထောင်ဒဏ် လျော့ပေါ့ချမှတ်မယ်လို့ ထုတ်ပြန်ခဲ့တယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့ထုတ် ဘန်ကောက်ပိုစ့် အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

 

“သူတို့က ငယ်ရွယ်သူတွေဆိုတော့ ဒီလိုဆိုရင် အလားအလာကောင်းပါတယ်။ ထိုင်းနိုင်ငံရဲ့ သဘောတရားက ဒီလိုတသက်တကျွန်းကနေ နှစ် ၅၀ ပြောင်းလာပြီဆိုရင် နောက်တခါ လွတ်ငြိမ်းချမ်းသာထဲပါရင် ၁၀ ခံစားရတဲ့ အနေအထားမျိုးပါ။ အဲဒီလို ၁၀ နှစ်အထိ ရောက်လာပြီဆိုရင်တော့ နှစ်နိုင်ငံ ဥပဒေအရ ညှိနှိုင်းလို့ ရနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်ခင်ဗျ”သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလုပ်သား နှစ်ဦး ပြစ်ဒဏ်သက်သာခွင့်ရရေးအတွက် သူတို့ကို အကူအညီပေးနေတဲ့ ရှေ့နေတွေက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလက ထိုင်းဘုရင် မဟာဝီဇယာလောင်ကွန်းဆီကို ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ အသနားခံစာပို့ခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ ခိုတောင်ကျွန်း (ခေါ်) လိပ်ကျွန်းကို လာရောက်လည်ပတ်တဲ့ ဗြိတိန် နိုင်ငံသားနှစ်ဦး အသတ်ခံရပြီး အဲဒီအမှုမှာ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်း လုယက်မှု အပါအဝင် အမှု ၇ မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က တရားစွဲခဲ့တာ ဖြစ်ပါတယ်။အဲဒီအမှုကို လိပ်ကျွန်းမှာရှိတဲ့ ကော့စမွေခရိုင် တရားရုံးကနေ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက သေဒဏ် အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ လောလောဆယ် သူတို့ နှစ်ဦးကို ထိုင်းနိုင်ငံ နွန်ထိဘူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ အကျဉ်းချခံနေပါတယ်။

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကလည်း ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးကို ကူညီဖို့ နိုင်ငံတော် အကြီးအကဲတွေက မှားကြားထားကြောင်းလည်း ၂၀၁၉ ခုနှစ် စက်တင်ဘာလက သတင်းမီဒီယာတွေကို ပြောထားပါတယ်။

 

သက်ဆိုင်ရာကနေ ဥပဒေနဲ့အညီ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပြီး အလုပ်သမားသံအရာရှိတွေ၊ မြန်မာသံအမတ်နဲ့ ထိုင်းနိုင်ငံက လူမှုရေးအသင်းအဖွဲ့တွေက အဆင့်အလိုက် ကူညီနေတယ်လို့လည်း ဦးသိန်းဆွေက ပြောပါတယ်။

မြန်မာနိုင်ငံသား နှစ်ဦး အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ အလုပ်သမားသံအရာရှိတွေကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦး နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးကိစ္စတွေကို ကူညီပေးဖို့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့က မေတ္တာရပ်ခံထားတာလည်းရှိပါတယ်။အဲဒီနောက်ပိုင်း အကျဉ်းကျနေသူ နှစ်ဦးကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို ထိုင်းနိုင်ငံက ပြန်လည်ပေးပို့ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီရုပ်သံဖိုင်မှာ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးက မြန်မာနိုင်ငံက မိဘတွေနဲ့ အဆက်အသွယ်မရသလို ကိုဗစ်ကာလဖြစ်နေတာကြောင့် မိဘတွေရဲ့ ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောထားပါတယ်။

ဒါအပြင် ထိုင်းနိုင်ငံက အကျဉ်းထောင်တွေထဲမှာ နေထိုင်ရတာက အဆင်ပြေပေမယ့် မြန်မာနိုင်ငံထဲက အကျဉ်းထောင်တွေကို ပြောင်းရွှေ့ခွင့်ရမယ်ဆိုရင် မိဘဆွေမျိုးတွေနဲ့ တွေ့ခွင့်ရနိုင်မှာဖြစ်ကြောင်း ပြောဆိုထားတယ်လို့ သိရပါတယ်။