Local News

ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ Digital Star အယောက် (၁၀၀) စာရင်းမှာ ပါဝင်ခဲ့လို့ အတိုင်းမသိပျော်ရွှင်နေတဲ့ စိုင်းစိုင်းခမ်းလှိုင် ..




Yuan – Cele Zone
photo – Sai Sai Kham Leng

(Unicode)

ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ Digital Star အယောက် (၁၀၀) စာရင်းမှာ ပါဝင်ခဲ့လို့ အတိုင်းမသိပျော်ရွှင်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်

အမိုက်စားတေးသီချင်းကောင်းတွေနဲ့ သီ‌ဆိုဖျော်ဖြေတတ်တဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် နာမည်ကျော်သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုသိကြမယ်ထင်ပါတယ်နော်။အနုပညာလောကမှာနှစ်ပေါင်းအတော်ကြာရပ်တည်အောင်မြင်နေတဲ့သူဖြစ်ပြီး ပရိသတ်အများစုရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပါ။

ခေတ်မှီနုပျိုပြီး စမတ်ကျကျနေတတ်တာကလည်း စိုင်းစိုင်းရဲ့ဆွဲဆောင်မှုရှိတဲ့အချက်တစ်ခုလည်း ဖြစ်ပါတယ်။ မမအရွယ်တွေကစလို့ ဆယ်ကျော်သက်အရွယ် နှုတ်ခမ်းနီမလေးတွေတော်တော်များများရဲ့အားပေးမှုရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။အဘက်ဘက်က အပြစ်ပြောစရာမရှိအောင် စိုင်းစိုင်းက ထူးချွန်ထက်မြက်တာကြောင့်လည်း ယနေ့တိုင် နာမည်ကိုထိန်းထားနိုင်တဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် နာမည်ကြီးအဆိုတစ်ယောက်အဖြစ် အောင်မြင်ရုံသာမကပဲ စီပွားရေးပိုင်းမှာလည်း အောင်မြင်နေသူလည်းဖြစ်ပါတယ်။ အခုလည်း ကမ္ဘကျော် မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Forbes ရဲ့ digital star အယောက် (၁၀၀) စာရင်းမှာ ထည့်သွင်းဖော်ပြခြင်းခံရကြောင်းကို “Forbes က အာရှ Digital Star အယောက်တစ်ရာစာရင်းမှာ ကျနော့်ကိုထည့်ထားတယ် ကျနော့်ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဖြစ်မှာပဲ Thanks to my fans” ဆိုတဲ့စာလေးကိုရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေ ။

Yuan – Cele Zone
photo – Sai Sai Kham Leng