Sports

ယူနိုက်တက်နဲ့ နှုတ်ဆက်ရတော့မယ် နောက်ခံလူဖီးလ်ဂျုံးစ်

ကျွန်တော်တို့ယူနိုက်တက်ဟာ အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိဖူးတဲ့ နောက်ခံလူတစ်ယောက်ဖြစ်တဲ့ ဖီးလ်ဂျုံးစ်ကို အသင်းကနေ လက်လွှတ်ရပါတော့မယ်။နယူးကာဆယ်အသင်း နည်းပြ စတိဗ်ဘရုစ့် က ဖီးလ်ဂျုံးစ် ရဲ့ ကြံ့ခိုင်ရေး အခြေအနေကို စောင့်ကြည့်နေပါတယ်။

သူနဲ့ ပုဂ္ဂိုလ်ရေးအရ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသူ မိုက်ကယ်ကားရစ် ရဲ့ အကူညီနဲ့ ဖီးလ်ဂျုံးစ် ကို ခေါ်ယူနိုင်ရေး စတင်လှုပ်ရှားနေပါတယ်။ထို့နောက် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပရီးမီးယားလိဂ် လူစာရင်းမှာ မပါဝင်တဲ့ ဖီးလ်ဂျုံးစ် ကိုတော့ ဝက်စ်ဟမ်း နှင့် လက်စတာစီးတီး အသင်းတို့ကလည်း ခေါ်ယူရန် အခြေအနေစောင့်ကြည့်နေကြပါတယ်။

ယူနိုက်တက် အသင်း အနေနဲ့လည်း အဆိုပါ နောက်ခံလူကို အသင်းကနေ ထွက်ခွာခွင့်ပေးသွားမှာဖြစ်ပြီး နယူးကာဆယ်အသင်းကတော့ ဇန်နဝါရီ အပြောင်းအရွေ့ကာလ အတွင်း ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။
ယူနိုက်တက်အသင်းအတွက်ဆို ပေးဆပ်ပြီးကစားခဲ့တာတွေကတော့ အမှတ်ရစရာတွေပါ။

သူ့အနေနဲ့ ဒဏ်ရာပြဿနာက သူ့ရယ့် ပွဲထွက်ခွင့်တွေကိုဆုံးရှုံးခဲ့ရပါတယ်။ ယူနိုက်တာနှင့်အတူ ဖီးလ်ဂျုံးစ်ကတော့ ပွဲပေါင်း224ပွဲကစားထားကာ 6ဂိုးသွင်းယူထားပြီး ပရီးမီးယားလိဒ် FA cup ယူရိုပါလိဒ်တို့မှာ ဖလားရယူ ဖူးသူလည်းဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER