Local News

မန္တလေးမှာ စည်းကမ်းမလိုက်နာသူ လေးရက်အတွင်း ၅၆၀၀ကျော်ရှိကာ ဒဏ်ကြေးငွေကျပ် သိန်း ၂၈၀ကျော်ရရှိထား

မန္တလေးခရိုင်အတွင်းမှာ စည်းကမ်းမလိုက်နာသူ လေးရက်အတွင်း ၅၆၀၀ကျော်ရှိပြီး ဒဏ်ကြေးငွေကျပ် သိန်း ၂၈၀ကျော်ရရှိထားတယ်လို့ ခရိုင်ပြန်/ဆက်(မန္တလေး)ရဲ့ သတင်းများအရ သိရပါတယ်။

မန္တလေးခရိုင်အတွင်းမှာ Stay At Home အစီအစဉ်အနေနဲ့ ဒီဇင်ဘာလ ၅ရက်နေ့မှ ဒီဇင်ဘာလ ၁၈ရက်နေ့အ ထိ စည်းကမ်းသတ်မှတ်ထားတာဖြစ်ပါတယ်။

ထိုသို့ Stay At Home သတ်မှတ်ထားရာမှာ ဒီဇင်ဘာလ ၅ရက်နေ့မှ ဒီဇင်ဘာလ ၉ ရက်နေ့အထိ စည်းကမ်းမ လိုက်နာသူဦးရေသည် ၅၆၀၀ကျော်ရှိတာဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးခရိုင်အတွင်းမှာ Stay At Home သတ်မှတ်ထားသည့် ပထမရက်မှာ စည်းကမ်းမလိုက်နာသူသည် ၆၈၀ဦးကျော်၊ ဒုတိယရက်မှာ ၁၈၀၀ဦးကျော်၊ တတိယရက်မှာ ၁၈၈၈ဦးနဲ့ စတုတ္ထရက်မှာ ၁၂၀၉ဦးရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယခုကဲ့သို့ စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ထားသည်ကို မလိုက်နာဘဲ စည်းကမ်းချိုးဖောက်ကာ အပြင်ထွက်သွားလာသူများကို ဒဏ်ကြေးငွေ ၅၀၀၀ကျပ် ဒဏ်ရိုက်ရန် သတ်မှတ်ထားကာ ယခုအချိန်မှာ ဒဏ်ကြေးငွေကျပ် သိန်း ၂၈၀ကျော်ရရှိထားတာလည်း ဖြစ်ပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

MyanmaPlatForm

(ZAWGYI)