Sports

မန်ချက်စတာမြို့ကြီးက အနီလား အပြာ‌လား အားပြိုင်ကြမယ့် မန်ချက်စတာဒါဘီ

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဒ်ပွဲစဉ်12 အဖြစ် အို့ထရတ်ဖို့ဒ်ကွင်းကြီးမှာ မန်စီးတီး အသင်းနဲ့စနေနေ့ည12နာရီမှာ ယှဉ်ပြိုင်ရမှာဘဲဖြစ်ပါတယ်။ မနှစ်က ပရီးမီးယားလိဒ်မှာ ပထမအကြောနှင့် ဒုတိယအကြော့ ပွဲစဉ်နှစ်ပွဲလုံးကို ယူနိုက်တက်တို့အသာစီးရယူခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဒ်မှာနောက်‌ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ အာဆင်နယ်ကိုရှုံးနိမ့်ပြီး ကျန်ပွဲစဉ်လေးပွဲလုံး အနိုင်ရထားတာဖြစ်ပါတယ်။ နောက်ဆုံးကန်ခဲ့တဲ့ ချန်ပီရံလိဒ်ပွဲစဉ် PSGကို ရှုံးနိမ့်ပြီး အုပ်စုအဆင့်နှင့်သာ ကျေနပ်ထားရတာလည်းဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကတော့ ပရီးမီးယားလိဒ်ပွဲစဉ် နောက်ဆုံးကန်ခဲ့တဲ့ ငါးပွဲမှာ စပါးအသင်းကိုရှုံးနိမ့် လီပါပူးလ်ကို သရေရရှိကာ ကျန်သုံးပွဲအနိုင်ရထားတာဖြစ်ပါတယ်။အဆင့်ရပ်တည်ချက်မှာတော့ တစ်မှတ်အကွာနဲ့ အဆင့်6မှာ ယူနိုက်တက် အဆင့်7မှာ စီးတီးနဲ့ အသီးသီးရပ်တည်နေတာပါ။

ယူနိုက်တက်ကတော့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာရှယ်နှင့် ကာဗာနီတို့ ဒဏ်ရာရရှိနေပြီး ပါ၀င်နိုင် မပါ၀င်နိုင် စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။ ဒီပွဲမှာ အဓိက ကြည့်ရမှာက ကွင်းလယ် ဗိုလ်ချုပ်တွေဖြစ်တဲ့ ဘရူနို နှင့် ဒီဘရိုင်းတို့ကို ဘဲဖြစ်ပါတယ်။

မန်ချက်စတာဒါဘီကတော့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လေ့ရှိတာလည်းဖြစ်ပါတယ်။ မန်ချက်စတာမြို့ကြီး အနီရောင်တွေ လွှမ်းကာ အနိုင်သုံးမှတ်ရယူဖို့ ယူနိုက်တက်တို့ အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER