Local News

ရန်ကုန်မြို့လယ်က တရားရုံးချုပ်မှာ မင်္ဂလာလက်မှတ်ရေးထိုးကြသူ မင်္ဂလာစုံတွဲများနဲ့ စည်ကားနေ

ရန်ကုန်မြို့လယ်က တရားရုံးချုပ်မှာ မင်္ဂလာလက်မှတ်ရေးထိုးကြသူ မင်္ဂလာစုံတွဲများနဲ့ စည်ကားလို့နေပါတယ်။ ကိုဗစ်ကာလထဲမှာပဲ ဘဝအသစ်ကို အတူလျှောက်လှမ်းကြမယ့် ပျော်ရွှင်မှုများနဲ့အတူ စောင့်ဆိုင်းနေကြပါတယ်။ အလှည့်ကျ ဝင်ထွက်ကြရင်း မိသားစုမိတ်ဆွေများလဲ ပါဝင်ပါတယ်။

ပုံမှန်ဆိုရင် တရားရုံးချုပ်မှာ မင်္ဂလာလက်မှတ်ရေးထိုးပြီး ပြန်ထွက်လာရင် မင်္ဂလာစုံတွဲတွေ အမှတ်တရ အလှဓာတ်ပုံများ အမြဲရိုက်လေ့ရှိတဲ့ မြက်ခင်းပြင်တွေနဲ့ မဟာဗန္ဓုလပန်းခြံကတော့ အခုချိန်မှာ သော့ခတ်ပိတ်ထားပါတယ်။

ကိုဗစ်ကာလဖြစ်လို့ မင်္ဂလာပွဲတွေ မကျင်းပရပေမယ့်လဲ မင်္ဂလာ လက်မှတ်ရေးထိုးသူများနဲ့ တရားရုံးကတော့ စည်ကားလို့နေတာပဲဖြစ်ပါတယ်။ ကိုဗစ်ကြီးလဲ အမြန်ဆုံးပြီးဆုံးပါစေလို့ ဆုတောင်းပေးလ်ုက်ပါတယ်နော်။

Photo Credit
Source Swelsone

Unicode




Photo Credit
Source Swelsone