Local News

မြန်မာပြည်ရဲ့ အထူးစပါယ်ရှယ် ရထားလမ်းကြီးများ .

ဒီနေ့ မီးရထားလမ်းတလျှောက်လမ်းလျှောက်ရင်းမြင်မိတာလေး ရန်ကုန်မန္တလေးလမ်းအဆင့်မြှင့်နေတာ အတော့်ကိုအသေအခြာလုပ်နေတာမြင်မိတယ်၊သံလမ်းဟောင်းကိုဖယ်လိုက်ပြီး အောက်ခံကျောက်နဲ့မြေသားကို ခပ်နက်နက်တူးထုတ်လိုက်တယ် မြေသားအမာခံကိုညှိပြီး ကျစ်သွားအောင်ထပ်ကြိတ်တယ်။

ပြီးမှကျောက်မှုန့်နဲ့ကျောက်အသေးရောရာထူထူခင်းပြီးမှုန်ပြီးညီညာချောမွေ့အောင်ထပ်ကြိတ်တယ်ပြီးမှကွန်ခရိဇလီဖားတုန်းခင်းဘို့ ကျောက်အရွယ်ညီတွေကိုညီအောင်ခင်းပြီး ထပ်ကြိတ်တယ် မျက်နှာပြင်ညီသွားမှ ရထားသံလမ်းအရှည်တွေခင်းတယ်ဇလီဖားတုန်းတွေအကြားကျောက်ဖြည့်တယ်။

ဇလီဖားတုန်းအစွန်းတွေကိုကျောက်နဲ့ဖုံးတယ်ရထားသံလမ်းအသစ်က အရင်သုံးတဲ့သံလမ်းဟောင်းထက်နဲနဲပိုမြင့်တယ် ကွန်ခရိဇလီဖားတုန်းနဲ့သံလမ်းကိုဖိုင်ဘာအနက်ပြားလေးတွေခံထားပြီးမှ သံလမ်းထိန်းစွန်ကုပ်ပင်အလိမ်လေးတွေရိုက်သွင်းပြီးညှပ်ထိန်းထားတယ်​။

ရထားသံလမ်းတဆက်က ပေ ၂၀၀ ကျော် ၃၀၀နီးပါးရှိတယ် သံလမ်းတခုနဲ့တခုအဆက်ကိုသံရည်ကြိုပုံလောင်းဂဟေဆော်ပြီး ဆက်ရာအထစ်ပျောက်သွားအောင် ကျောက်ဘီးသံစားညှိစက်နဲ့ညှိလိုက်တယ်အဆက်ရာပျောက်သွားအောင် အရင်က ရထားစီးရင် ဂျုတ်ဂျုပ် ဂျက်ဂျက် မြည်သံဟာ သံလမ်းအဆက်နေရာကမြည်သံပါ သံလမ်းအသစ်မှာပျောက်သွားပါမယ်။

အသံငြိမ်သွားပါမယ်မြေထိန်းနံရံတွေ တံတားတွေကအစ အုတ်စီတံတားခုံအစားသံကူကွန်ခရိတံတားတွေဖြစ်လာတယ်ရထားအသစ်နဲ့ဆိုရင် ငြိမ့်ငြောင်းမှုအပြည့်ရမည်ထင်ရပါတယ် ၃နှစ်ကြာမဲ့လမ်းအဆင့်မြှင်တင်ခြင်းဟာ ကိုဗစ်၁၉ ကပ်ရောဂါကြောင့် အချိန်နောက်ကျသွားနိုင်ပါတယ်။

ဘူတာအသစ် စင်္ကြန်အသစ် ရထားလမ်းအသစ်ရထားအသစ်နဲ့ဆိုရင် ခရီးကိုမြန်မြန်နဲ့အန္တရာယ် ကင်းကင်းသွားနိုင်ပြီမို့ ပြည်သူတယောက်အနေနဲ့စိတ်ကူးယဉ်ပြီးပျော်ရွှင်ဂုဏ်ယူမိပါတယ်မြန်မာ့မီးရထားကိုအဆင့်မြှင်တင်ပေးတဲ့ရွေးကောက်ခံအရပ်သားအစိုးရကို အထူးကျေးဇူးတင်လျှက် မဲပေးရကျိုးနပ်ပြီလို့ကျေနပ်မိပါတယ်။

မြင့်လွင်
(၁၀ – ၁၂ – ၂၀၂၀)
လေးစားလျှက်

Unicode






