Local News

မြန်မာပြည်က ဘုရားတွေကို ၅ ထပ်ကြီး ၆ ထပ်ကြီး၉ထပ်ကြီး၁၀ ထပ်ကြီး ဘုရားလို့ ခေါ်ရတဲ့ ဗဟုသုတ အကြောင်းလေး

မြန်မာပြည်က ဘုရားတွေကို ၅ ထပ်ကြီး ၆ ထပ်ကြီး၉ထပ်ကြီး၁၀ ထပ်ကြီး ဘုရားလို့ ခေါ်ရတဲ့ ဗဟုသုတလေးပါ

ရန်ကုန်မြို့မှာ ငါးထပ်ကြီး ၊ ခြောက်ထပ်ကြီး နဲ့ ကိုးထပ်ကြီး ဘုရား ၊ ပြည်မြို့မှာ ဆယ်ထပ်ကြီး ဘုရား စသဖြင့် ကြားဖူးကြမှာပါ။ဘုရားများမှ ထပ်ကြီး ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို မသိတဲ့သူများပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း အစက မသိခဲ့ဘူး ထပ်ဆိုတာ ဘာထပ်ကိုပြောတာလဲ အထပ်လား ၊ ဝါအရလား ၊ ကြီးစဉ်ငယ်လိုက်လားဆိုပြီး စဉ်းစားဖူးသော်လည်း အတိအကျ အဖြေမရခဲ့ပါဘူး။

စာရေးဆရာ လင်းရောင်တင်၏ ဆောင်းပါးတစ်ပုဒ်ကိုဖတ်လိုက်တော့မှ ဒီအဓိပ္ပါယ်ကို သိသွားတာပါ။ ဆောင်းပါးမှာ ဆရာလင်းရောင်တင် က သူနှင့် ပြည်ရွှေဘုန်းပွင့်စာကြည့်တိုက်မှ ဥက္ကဌကြီး ဦးလေးကြိုင်တို့တွေ့ဆုံပုံကို ဖော်ပြထားတာပါ။ဦးလေးကြိုင်-မင်းကိုတွေ့ရတာ ဝမ်းသာတယ်။

ဒါနဲ့သားက ဘယ်မှာနေတာလဲ။စာရေးသူ။ ကျွန်တော်ရန်ကုန်သားပါ အဘ ၊ ကျိက္ကဆံရပ်ကွက်မှာ နေပါတယ် ဦးလေးကြိုင်။ဟေ ဟုတ်လား ဒါဆို ခြောက်ထပ်ကြီးဘုရားကို ဘာလို့ ခြောက်ထပ်ကြီးလို့ခေါ်တာလဲ သိလားကွ။

ဦးလေးကြိုင်။မသိလို့ မဖြစ်ဘူးကွ။ တခြားသူမသိတာ ကိစ္စမရှိဘူး။ မင်းက စာရေးဆရာလုပ်နေတာဆိုတော့ သိဖို့လိုတယ် ဒီလိုကွာ ဘုရားတည်လို့ငြမ်းဆင်ရင် ဘာနဲ့ဆင်ရလဲ။စာရေးသူ။ဝါး နဲ့ ပါအဘ။ဦးလေးကြိုင်။ဟုတ်တယ် ဝါးနဲ့ ငြမ်းဆင်ရတယ်။

ဒီဝါးကို ခြောက်ပြန်ဆက်ပြီး ဆင်တဲ့ ဘုရားမို့ ခြောက်ထပ်ကြီးလို့ ခေါ်တာလေတဲ့။ ဝါး ငါးပြန် ဆက်ပြီးဆင်တဲ့ဘုရားကျတော့ ငါးထပ်ကြီး ၊ စမ်းချောင်းနားက ကိုးထပ်ကြီးကျတော့ ဝါးကိုးပြန် ဆင်ရတာ။ တို့များ ပြည်က ဆယ်ထပ်ကြီးဘုရားကျတော့ ဝါးဆယ်ပြန်ဆင်ရလို့ ဆယ်ထပ်ကြီးလို့ ခေါ်တာပါ။

စာရေးသူ။ ။ကျေးဇူးပါပဲ အဘ။ ကျွန်တော် မသိသေးတာကို သိလိုက်ရလို့။ဦးလေးကြိုင်။ ။အေး…အဲသလို ကိစ္စလေးတွေက သိထားမှ ကောင်းတယ်၊ မဟုတ်ရင် ညံ့ရာကျတယ်ကွ။ခြောက်ထပ်ကြီး ငါးထပ်ကြီး ဘုရားများရဲ့ အဓိပ္ပါယ်ကိုမသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ် တင်ပြလိုက်ပါတယ်နော်။

myanmar travel information ရဲ့အချက် အ လက်များအရငါးထပ်ကြီးဘုရားရဲ့အမြင့်က ၄ ၅.၅ပေခြောက်ထပ်ကြီးဘုရားရဲ့အမြင့်က ၅၂.၅ ပေကိုးထပ်ကြီးဘုရားရဲ့ အမြင့်က ၇၂ပေ နှင့် ဆယ်ထပ်ကြီးဘုရားရဲ့ အမြင့်က ၁၁၁ ပေတို့ ဖြစ်ပါတယ်။

ငမ်းဆင်တဲ့အခါ ဝါးလုံးတစ်လုံးရဲ့ အောက်ခြေကနေထိပ်ဖျားအထိကို မဆင်ပါဘူးနော်။ ထိပ်ဖျားကနေ အရွယ်အစားသေးသွားတဲ့အတွက် မခိုင်မှာ စိုးတဲ့အတွက် ခိုင်တဲ့နေရာလောက်ထိပဲ ဆင်ပါတယ်တဲ့။

အဲဒီတော့ ဝါးလုံးရဲ့အရှည်က ၁၂ ပေလောက်ရှိပေမယ့် ငြမ်းဆင်ရင်တော့ ၇ပေ ၈ပေ အကွာအဝေးလောက်ပဲ ရှိတော့ပါတယ်။ ဟုတ်မဟုတ် တွက်ချက်ကြည့်ကြပါနော်။ဓမ္မစာပေမှ တဆင့်ဥတ္တရအလင်းCrd RainStar Copy from Hnin

Unicode








