Sports

မန်ချက်စတာစီးတီးအသင်းဟာ အမြဲတမ်းအသာစီးနဲ့ အနိုင်ယူတတ်ကြောင်းကို ပြောခဲ့တဲ့ နည်းပြဂွာဒီယိုလာ

ယူနိုက်တက်အသင်းဟာ စနေ့နေ့ည 12နာရီမှာမန်ချက်စတာစီးတီးအသင်းနဲ့ အို့ထရတ်ဖို့ဒ်ကွင်းကြီးမှာ ကစားကြမှာဘဲဖြစ်ပါတယ်။ မန်စီးတီးအသင်းနည်းပြဂွာဒီယိုလာကတော့ ပွဲကြိုအင်တာဗျူးမှာတော့ ယူနိုက်တက်အသင်းကို ထိန်းချုပ်ကစားပြီး ဖိအားပေးသွားမယ်လို့ပြောခဲ့ပါတယ်။

ထို့အပြင် နည်းပြဆိုးရှားလ်ဟာ အကောင်းဆုံးနည်းပြတစ်ဦးဖြစ်သည့်အပြင့် ယူနိုက်တက်နည်းပြဖြစ်သည့်အတွက် သူ့ထက်ဖိအားပိုများကြောင်းကိုလည်းပြောခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အမြဲတမ်းအသာစီးနဲ့ အနိုင်ယူတတ်တယ်ဆိုတာကိုလည်း‌ ပြောခဲ့ပါတယ်။ ထိုအကြောင်းကို မန်ချက်စတာစီးတီးနည်းပြ ဂွာဒီယိုလာက ” ကျွန်တော်တို့လည်း တက်နိုင်သလောက် ယူနိုက်တက်အသင်းကိုထိန်းချုပ်ပြီး အနိုင်ကစားနိုင်အောင်ကြိုးစားသွားပါမယ်။

သူတို့ကိုကျွန်တော်တို့က ဖိအားပေးသွားမှာပါ။ ကျွန်တော်တို့ရဲ့အမြဲတမ်းအသားစီးရတဲ့အနေအထားနဲ့ အနိုင်ကစားနိုင်တာကို ယူနိုက်တက်ဘက်ကလည်း သိထားမှာပါ။ သူတို့ဆီမှာရှိကြတဲ့ အရည်အသွေးတွေကိုကျွန်တော်တို့သိပါတယ်။ ဒါကိုတော့ကျွန်တော်တို့ငြင်းပယ်လို့မရပါဘူး။ ယူနိုက်တက်ဆိုတာ တကယ့်ကိုပြိုင်ဘက်ကောင်း၊ အသင်းကောင်းတစ်သင်းပါ။

ကျွန်တော်ဘာစီလိုနာအသင်းမှာရှိတုန်းက သူတို့နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်မှာ အကောင်းဆုံးကစားခဲ့ကြတယ်။ ကျွန်တော်မန်စီးတီးနည်းပြဖြစ်တဲ့အချိန် သူတို့ဆီမှာ နည်းပြအပြောင်း အလဲရှိခဲ့တာတောင် သူတို့ဟာ အမြဲတမ်းကိုယှဥ်ပြိုင်လို့ ကောင်းတဲ့အသင်းအဖြစ်နဲ့ရှိနေတုန်းပါ။ ဆိုးလ်ရှားက နည်းပြကောင်းတစ်ဦးလို့ကျွန်တော်သိထား ပါတယ်။

ဒါနဲ့ ဒီပွဲမှာ သူရော ကျွန်တော်ပါ အနိုင်ရဖို့အတွက် အကောင်းဆုံးယှဥ်ပြိုင်ကစားနိုင်မယ်လို့သိထား ကြပါတယ်။ ဒါပေမယ့်ယူနိုက်တက်နည်းပြရာထူးကို တာဝန်ယူထားတဲ့သူတစ်ယောက်က ကျွန်တော့်ထက်ဖိအားပိုများမယ်လို့ထင်ပါတယ်။ ” ဆိုပြီးပြောကြားခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER