Sports

သွေးအေးခဲ့တဲ့ မန်ချက်စတာဒါဘီ(သို့မဟုတ်) ပွဲပြီးသုံးသပ်ချက်

ကျွန်တော်တို့ရယ့် ယူနိုက်တက်အသင်းဟာ ညက ကစားသွားတဲ့‌ မန်ချက်စတာစီးတီးနဲ့ ပွဲစဉ်မှာ အို့ထရတ်ဖို့ဒ်ကွင်းကြီး၌ ဂိုးမရှိ‌သရေ ရလဒ်ဖြင့်ပြီးဆုံးခဲ့ပါတယ်။ မန်ချက်စတာ ညီနောင် နှစ်သင်းလုံး တစ်မှတ်စီ အဆင်ပြေပြေ ခွဲယူသွားသလား လို့တောင်အောင့်မေ့ရပါတယ်။

နှစ်သင်းလုံးကတော့ တစ်ယောက်အမှား တစ်ယောက်စောင့် ကစားသွားတာကတော့ ဘောလုံးပရိတ်သတ် တွေ မျှော်လင့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မဖြစ်ခဲ့ပါဘူး။ မန်ချက်စတာဒါဘီပွဲစဉ်တိုင်း ပြိုင်ဆိုင်မှုတွေပြင်းထန်လေ့ရှိပြီး နှစ်ဖက်ပရိတ်သတ်တွေသာမက တခြားပရိတ်သတ်တွေပါ စိတ်၀င်စားတဲ့ပွဲစဉ်ဖြစ်ပါတယ်။

ထိုပွဲစဉ်မှာတော့ ယူနိုက်တက်ရယ့် နောက်တန်းတွေဖြစ်တဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယား တို့ အဖွဲ့ကလည်း ခြေစွမ်းပြခဲ့ကြပါတယ်။ နည်းပြဆိုးရှားလ်ကတော့ ခြေစွမ်းပြနေတဲ့နောက်ခံလူတဲလက်စ် အစား လုခ်ရှောကို ကစားစေခဲ့ပါတယ်။

လုခ်ရှောကတော့ အရင်ထက်ကြိုးစားပြပြီး ဒေါင့်ကန်ဘောတွေ လေ့ကျင့်လာသလားအောင့်မေ့ရအောင် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်က အခွင့်အရေးတွေ ဒေါင့်ကန်ဘောတွေ သေချာ အဆုံးမသတ်နိုင်တော့ အနိုင်ဂိုး မသွင်းယူနိုင်ခဲ့ပါဘူး။

ယူနိုက်တက်အသင်းကတော့ အိမ်ကွင်းမှာ ဂိုးမသွင်းနိုင်တဲ့ ပွဲစဉ် သုံးပွဲထိ ရှိလာပြီဘဲဖြစ်ပါတယ်။ ထိုသွေးအေးတဲ့ ပွဲစဉ်က သရေရလဒ်ကြောင့် ယူနိုက်တက်တို့ဟာ အမှတ်20ဖြင့် အဆင့်8နေရာ(ယာယီ)မှာ ရပ်တည်နေရတာလည်းဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER