Local News

စည်းကမ်းမဲ့စွာ စွန့်ပစ်ထားတဲ့ maskတွေကို လိုက်ကောက်နေသူတစ်ဦးရဲ့ လေးစားဖွယ်ကောင်းတဲ့ လုပ်ရပ်

စည်းကမ်းမဲ့စွာ စွန့်ပစ်ထားတဲ့ mask တွေကို လိုက်ကောက်နေသူတစ်ဦးရဲ့ လေးစားဖွယ် လုပ်ရပ်

ခုလို စည်းကမ်းမဲ့စွာ စွန့်ပစ်ထာတဲ့ mask တွေကတော့ ညောင်ရွှေ – ခေါင်တိုင် လမ်းမပေါ်ကနေပြီးတော့ ကောက်ယူရှင်းလင်းခဲ့ရတဲ့ နှာခေါင်းစည်း Mask တွေ ဖြစ်ပါတယ်။

( 3နာရီအတွင်းမှာအခုရေ 2000ခန့် တွေ့ရှိခဲ့တာပါတဲ့။ခုလို တနေရာလေးသာမက တမြို့လုံးအတိုင်းအတာ ကနေ တနိုင်ငံလုံးအတိုင်းအတာထိဆိုမတွေးဝံ့အောင်ပါဘဲနော်။ဒီလိုမျိုး

စည်းကမ်းမဲ့ စွန့်ပစ်ခဲ့တဲ့ အထဲမှာသင်ရောအပါအဝင်ပါဘဲလားဗျာ။Mask ဆိုတာကတော့ ရောဂါ ကာကွယ်ဖို့တပ်ဆင်ရတာဖြစ်တာကြောင့်ဘဲ အခုလိုမျု်းလမ်းမပေါ် ပစ်ချင်ရာပစ်ခဲ့ခြင်းဟာ သင်ရော သင့်မိသားစုအပြင်

လူသားအားလုံးအတွက်ကို အန္တရာယ်များလွန်းလှပါတယ်နော်။ကိုဗစ် ဆိုတဲ့ရောဂါဆိုးကြီး ကမ္ဘာမြေပေါ်ကအမြန်ပျောက်ကင်းသွားဖို့အတွက် ဆိုတာကတော့ ခုလိုမျိုး Mask တွေကို စည်းကမ်းမဲ့စွန့်ပစ်မနေဖို့ ကလဲအရေးကြီးလွန်းလှတာပါနော်။

အတွေ့အကြုံအရဆိုရင် မြို့ဝင်မြို့ထွက် စစ်ဆေးတဲ့နေရာတွေရဲ့အလွန်မှာMaskတွေ ပိုမိုတွေ့ရတာကြောင့်ဘဲ လူတွေဟာစစ်ဆေးရေးဂိတ်လွန်တာနဲ့ တန်းစွန့်ပစ်ခဲ့ကြပုံပါပဲဗျာ။

သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများအနေဖြင့်နည်းလမ်းကောင်းများရှာတွေ့ပြီး ထိရောက်စွာတားဆီးအရေးယူနိုင်ပါစေလို့ ဆန္ဒ ပြုမိပါတယ်ဗျာ။Source– Sue Sue

Unicode…






