Sports

ဗန်ဒီဘစ်ဟာ ယူနိုက်တက်ကိုပြောင်း‌ရွေ့တာ မှာယွင်းတဲ့ပြောင်းရွေးမှု ပါလိုပြောခဲ့တဲ့ နည်းပြဟောင်းဗန်ဟား

ကျွန်တော်တို့ ယူနိုက်တက်အသင်းရယ့် နည်းပြဟောင်းတစ်ယောက်ဖြစ်သူ ဗန်ဟားကတော့ နယ်သာလန်သားတစ်ယောက်ဖြစ်တဲ့ ယူနိုက်တက်ကစား သမား ဗန်ဒီဘစ်ကို အေဂျက်ကနေ ယူနိုက်တက်ကိုပြောင်းရွေ့ခဲ့တာကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

“ဗန်ဒီဘစ်ဟာ ပွဲထွက်ခွင့်ရမယ့်အချိန်တွေရောက်လာဖို့မျှော်လင့်မိပါတယ်။ ဒါပေမယ့် သူ ကောင်းမွန်တဲ့ရွေးချယ်မှုကိုလုပ်ခဲ့တယ်လို့မထင်ပါဘူး ယူနိုက်တက်မှာ ပေါလ်ပေါ့ဘာနဲ့ဘရူနိုဖာနန်ဒက်စ်ရှိနေပြီဆိုရင် ဒွန်နီ က ဘယ်နေရာမှာကစားမလဲ? ဗန်ဒီဘစ်ဟာ ယူနိုက်တက်ကိုရောက်လာတဲ့အချိန်မှာဒီစကားကိုချက်ချင်းကျနော်ပြောခဲ့တယ်။

ပေါ့ဂ်ဘာနဲ့ဘရူနိုမှာရှိတဲ့အရည်အချင်းတွေ သူ့မှာမရှိဘူး။ အခုဆို ပေါ့ဘာလည်းမကြာခဏဆိုသလိုပွဲထွက်လူစာရင်းမှာမပါတော့တာကိုမြင်နေရပြီ။ ဒါဖြင့် ဗန်ဒီဘစ်ကဘယ်နေရာမှာကစားမှာလဲ? ဒီကိစ္စတွေကို ခင်ဗျား အစောကတည်းကကြိုမြင်ထားပြီးသားလို့ကျနော်ထင်တယ်။

သူ့ကို အခုထက်ပိုပြီးမျှမျှတတဆက်ဆံနိုင်တဲ့ ထိပ် တန်းအသင်းတွေအများကြီးရှိပါတယ်။ ဗန်ဒီဘစ်ဟာ အရည်အချင်းတွေအများကြီးရှိတဲ့ချာတိတ်တစ်ယောက်ပါ” ဆိုပြီးပြောခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER