Sports

ယူနိုက်တက်အတွက်‌ဆို အမြဲတမ်း တိုက်ပွဲ၀င်သွားမယ်လို့ ပြောခဲ့တဲ့ ပေါလ်ပေါ့ဘာ

ယူနိုက်တက်အသင်းရယ့် ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာကတော့ အသင်းကနေထွက်ခွာတော့မယ့် ပုံစုံဖြစ်နေခဲ့ပါတယ်။ ဂျူဗင်တပ်စ် အသင်းကလည်း ပြန်ခေါ်ချင်နေတဲ့ အနေအထားမှာရှိပြီး ပေါလ်ပေါ့ဘာရယ့် အေ့ဂျင်ဖြစ်သူ ရွိုင်အိုလာက ပေါ့ဘာဟာ ယူနိုက်တက်မှာ မပျော်ရွင့်တော့ဘူးဆိုပြီး ပြောခဲ့ကြပါတယ်။

ပေါ့ဘာ ယူနိုက်တက်အသင်းနဲ့ အေ့ဂျင့်ရွိုင်အိုင်လာတို့ ကြားက ပြဿနာအချို့ကို မြင်နိုင်ပေမယ့် ပေါ့ဘာကတော့ ယူနိုက်တက်နဲ့ အမြဲတိုက်ပွဲ၀င်သွားမယ်ဆိုပြီး ပြောခဲ့ပါတယ်။ ပေါ့ဘာကတော့ “ကျွန်တော် ယူနိုက်တက် အတွက် အမြဲတိုက်ပွဲဝင်ခဲ့ပါတယ် ပြီးတော့ အသင်းဖော်တွေနဲ့ ပရိတ်သတ် တွေနဲ့အတူလည်း အမြဲတမ်း ယူနိုက်တက် အတွက်တိုက်ပွဲဝင်သွားမှာပါ။

ပြောနေကျတဲ့အရာတွေက အရေးမကြီးပါဘူး။
လာမယ့်အနာဂတ် ဆို အဝေးတစ်နေရာဆီမှာ ရှိနေပါသေးတယ်။ကျွန်တော် ဒီနေ့မှာ ဘာတွေ အကောင်းဆုံးစွမ်းဆောင်နိုင်လဲဆိုတာအရေးကြီးပါတယ် ပြီးတော့ ကျွန်တော် ယနေ့ပွဲမှာ 1000% ယူနိုက်တက် အတွက် ပါဝင်စီးမျောခဲ့ပါတယ်။

ယူနိုက်တက် နဲ့ ကျွန်တော်ကြားမှာ အမြဲတမ်းရှင်းရှင်းလင်းလင်းရှိခဲ့ပြီး ဘယ်သောအခါမှဒါတွေက ပြောင်းလဲသွားမှာမဟုတ်ပါဘူး ခင်ဗျားတို့ အတွင်းထဲမှာဘာတွေ ဖြစ်ပျက်နေလဲဆိုတာ မသိခဲ့ရင် ဘာမှ မပြောနဲ့”ဆိုပြီး ပြောဆိုဖြေရှင်းခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER