Sports

လာလီဂါ ဇယားထိပ်က ဆိုစီဒက်နဲ့ ယှဉ်ဆိုင်ရမယ့် ယူနိုက်တက်တို့ရယ့် ယူရိုပါလိဒ်ပွဲစဉ်

ကျွန်တော်တို့ရယ့် ယူနိုက်တက်အသင်းကတော့ ချန်ပီရံလိဒ် အုပ်စုအဆင့်မှာ လိုက်ဇစ်ကိုရှုံးနိမ့်ခဲ့ပါတယ်။ ယူနိုက်တက်က ချန်ပီရံလိဒ်မှာ အုပ်စုအဆင့်နဲ့သာကျေနပ်ခဲ့ရပြီး အဆင့်သုံးရောက်ရှိကာ ယူရိုပါလိဒ်ကစားရမှာဘဲဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၄ရက်မှာ ညနေ့ခြောက်နာရီမှာ ယူရိုပါလိဒ် ၃၂သင်း အဆင့်အတွက် မဲနှိုက်ဆုံးဖြတ်ခဲ့ပါတယ်။ ယူနိုက်တက်သည် ယူရိုပါလိဒ်၃၂ သင်းအဆင့်တွင် လာလီဂါအမှတ်ပေးဇယားကိုဦးဆောင်နေသော ရီးယဲလ် ဆိုစီဒက်အသင်းနှင့်ကစားရမှာဘဲဖြစ်ပါတယ် ။

ဆိုစီဒက်တွင် ပရီးမီးယားလိဂ်ကစားသမားဟောင်းများဖြစ်သော ဒါးဗစ်ဆေးလ်ဗား ၊ မွန်ရီယဲလ်တို့အပြင် ယူနိုက်တက်ခြံပေါက်လူငယ်ကစားသမားဟောင်း အက်ဒ်နန် ယာနူဇိုင်းလည်းကစားနေလျက်ရှိသည်။ ရီးယဲလ် ဆိုစီဒက်အသင်းကတော့ ယူရိုပါလိဒ်မှာ Group Fကနေ အဆင့်‌နှစ်ဖြင့် ၃၂သင်းအဆင့်ကိုတက်ရောက်လာတာဘဲဖြစ်ပါတယ်။

ယူရိုပါလိဒ်မှာရှိတဲ့ တခြားပရီးမီးယားလိဒ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်အသင်းက ဘင်ဖီကာအသင်းနဲတွေ့ဆုံဖို့ရှိပြီး လက်စတာအသင်းကတော့ SK Slavia အသင်း နည်းပြကြီး မော်ရင်ညိုဦးဆောင်တဲ့ စပါးအသင်းကတော့ WAC အသင်းနဲ့တွေ့ဆုံကြမှာဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode



