Local News

ပုဂံ ရာဇဝင်ထဲက ဖောင်စကြာ (သို့မဟုတ်) ပျောက်ဆုံးနေသော ယာဉ်


ပုဂံ မင်းဆက်များထဲတွင် အလောင်းစည်သူမင်းသည် အလွန်ဘုန်း ကြီးသော မင်းဖြစ်ပါတယ်။အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယ ခမာနဲ့ထိုင်းတို့က အလောင်းစည်သူမင်းကို နတ်ဘုရားတစ်ပါးလို့တင်စားကြပါတယ်။

အလောင်းစည်သူ မင်းကြီးဟာ တိုင်ခန်း လှည့်လည်တဲ့ အခါမှာ ဖောင်စကြာ ဆိုသည့် ယာဉ်ပျံကို အသုံးပြုကာ လှည့်လည်ခဲ့တယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့အလောင်းစည်သူမင်းနတ်ရွာစံပြီးနောက်မှာတော့ ထို ဖောင် စကြာဆိုတဲ့ ယာဉ်ပျံ အကြောင်းကိုရေးသားထားခြင်းကို မတွေ့ရှိတော့ပါဘူး။

ထို ဖောင်စကြာ ဆိုသည့် ယာဉ်ပျံမှာ အဘယ်သို့ ရောက်ရှိသွားပါသနည်း ?

အလောင်းစည်သူမင်း၏ သာသနာမှာ ဘုန်းကံကြောင့် ရရှိခဲ့သောဖောင်စကြာ ယာဉ်ပျံမှာ အလောင်းစည်သူမင်း နတ်ရွာ စံချိန်မှာ ရုတ်တရက် ပျောက်ကွယ်သွားခြင်းလား ?

ထို အလောင်းစည်သူမင်း၏ ဘဝ နေဝင်ချိန်မှာ အံသြဖွယ်ကောင်းလှသည်။ မိမိ၏သားအရင်းဖြစ်သော နရသူမင်း၏ ခေါင်းအုံးနှင့်ဖိသတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

နရသူမင်းသည် ဖခင် အရင်းကို ကိုယ်တိုင် သတ်မိသည့် အတွက်ကြောင့် မိမိ၏ အပြစ်ကို ဆေး ကြော ရန်အတွက် ထုထည် ကြီးမားလှသော ဓမ္မံရံကြီး ဘုရားကို အကြီး အကျယ် တည်ဆောက် စေသည်။

အုတ်တစ်ခုနှင့် တစ်ခုကြား အပ်ထိုးလို့ မရအောင် တည်ဆောက်စေသည်။

ထိုနောက် ဓမ္မရံကြီးဘုရား၏ အတွင်းဘက် အခန်းနံရံများအား အသေပိတ်ပစ်စေပြီး ထိုအခန်းများအား တာဝန်ယူတည် ဆောက်စေသော ဗိသုကာ ပညာရှင်များအားလည်း နှုတ်ပိတ်သည့်အနေဖြင့် သေဒဏ်ပေးသည်။

ဓမ္မရံကြီး ဘုရားသည် မြန်မာ သာမက ကမ္ဘာကျော်သော ဘုရားတစ်ဆူဖြစ်သည်။ ထိုအပြင် အာကာသပညာရှင်များအား စိတ်ဝင် စား စေသော ဘုရားတစ်ဆူဖြစ်သည်။

ဓမ္မရံကြီးဘုရား၏ တည်ဆောက်ပုံသည် အီဂျစ်ဘုရင်များ တည် ဆောက်ခဲ့သော ပိရမစ် များနှင့် များစွာ ဆင်တူသောကြောင့် အီဂျစ်တို့၏ ဗိသုကာ ပညာနှင့် ပုဂံ နိုင်ငံသားတို့၏ ဗိသုကာ ပညာ သည် ဆက်စပ်မူ ရှိနိုင် သည်

ဟု အာကာသ သိပ္ပံပညာရှင်များ ရှေး ဟောင်း သုတေသနများက မှတ်ချက် ချကြသည်။

ထို့အပြင် အီဂျစ်တို့ ကိုးကွယ် သော နတ်ဘုရားတံဆိပ်များ နဂါး များအား ပုဂံဘုရားအချို့၌ တွေ့ရှိရမှု နှင့် တစ်ချိန်က ပုဂံဒေသကကိုးကွယ်ခဲ့သော နတ်နဂါးအရည်းကြီး ကိုးကွယ်မှုတို့သည် ဘုံဝါဒ တစ်ခုတည်းဖြစ်နိုင်သည်

ဟု ထင်ကြေးပေးကြပြီး သုတေသနများလုပ်ကာ ရှာဖွေကြသည်။

ထို့အပြင် ပုဂံဒေသကဗုဒ္ဓဘာသာအဆောက်အဦးတို့သည် အရည်း ကြီးတို့၏ သာသနာနိက အဆောက်အဦးများ ဖြစ်နိုင်ခြေ ရှိသည်။

အဘယ်ကြောင့်ဆိုသော် ပုဂံမင်းဆက်ပေါင်းများစွာအပေါ် အုပ်စိုးခဲ့သော အရည်းကြီး သာ သနာသည်ဗုဒ္ဓသာသနာ ထွန်းကားလာချိန်တွင် ပျောက်ကွယ်သွားခဲ့သော်လည်း သက်သေပြစရာအဖြစ် နတ်ရုပ်များ နဂါးရုပ်များနှင့်

အရည်းကြီးတို့ ကိုးကွယ်သော နတ်ဘုရားကျောင်းမှာ အဘယ်ကြောင့် မကြွင်းကျန်ရစ်သနည်း။

သမိုင်းသုတေသန အချို့က ထို နတ်ဘုရားကျောင်းများ အပေါ်တွင် ဗုဒ္ဓ ဘာသာ ဝင်တို့က ပြန်လည် မွန်းမံ ဖြည့်စွက်ပြီး ဘုရားစေတီ တည်ခဲ့သည်ဟု ယူဆကြသည်

( ဤအယူအဆမမှန်နိုင် ) ဓမ္မရံကြီး ဘုရားအား အာကာသ သိပ္ပံပညာရှင်များ ပိုမိုစိတ်ဝင်စားသွားစေသည့် အချက်မှာ နာမည်ကျော်အာကာသ အဖွဲ့အစည်းဖြစ်သည့် နာဆာ အဖွဲ့အစည်းထံမှ လျို့ဝှက်စွာ ပေါက်ကြားလာသော

ဓါတ်ပုံများထဲတွင် ဓမ္မရံကြီးဘုရား ဓါတ်ပုံလဲ ပါဝင် လာသည်။

ထိုဓါတ်ပုံကြောင့် အာကာသ သိပ္ပံပညာရှင်များမှာ ဓမ္မရံကြီးဘုရားအား ပိုမို စိတ်ဝင်စားလာခဲ့သည်။

ဓမ္မရံကြီးဘုရားသည်လည်းစိတ် ဝင်စားစရာကောင်းလောက်အောင် ပဟေဠိ များနှင့်ပြည့် နေသည်။နရသူမင်းသည် အဘယ် ကြောင့် ဘုရားအတွင်းဘက်ခန်းရှိ နံရံများ အား အသေပိတ်ပစ်စေခဲ့သနည်း?

တာဝန်ယူတည်ဆောက်သောပန်းရံပညာရှင်များအဘယ်ကြောင့် နှုတ်ပိတ်ပစ်စေခဲ့သနည်း ?

သုသေသနသမားများ ရတနာသိုက် မုဆိုးများ ၏ပြောကြားချက် များ၌ ဓမ္မရံကြီးဘုရား၏ ဌာပနာ တိုက်သည်

သာမန်ဘုရားများ၏ ဌာပနာ တိုက်ထက် အလွန်ကျယ်ဝန်းသော အခန်းနှစ်ခန်း ဖြစ်ပုံရပြီး တစ်ခန်း၌ အလောင်း စည်သူမင်း ၏ ပိုင်ဆိုင်သောပစ္စည်းများနှင့်ရတနာများ ဌာပနာ ထားပုံရသည်ဟု ထင်ကြေးပေးကြသည်။

ထို ပညာရှင်များ၏ မှတ်ချက် အရ အလောင်းသည်စည်သူမင်း ပိုင်ဆိုင်သော ပစ္စည်းများ ထဲတွင် ဖောင်စကြာ ယာဉ်ပျံလဲ ပါနိုင်လောက်သည်။

အလောင်းစည်သူမင်းသည် မဟာ သမုဒ္ဒရာအား သွားရာ၌ ဖောင်စကြာ ဆိုသည့် ယာဉ်ပျံအား အသုံးပြုခဲ့သည်ဟုဆိုရာတွင် ယခုခေတ်တွင် မဟာသမုဒ္ဒရာအား စကြာဝဠာဟု သတ် မှတ်လျင်

အလောင်းစည်သူ မင်း၏ ဖောင်စကြာ ဆိုသည်မှာ အာ ကာသယာဉ်တစ်ခု ဖြစ်နိုင်ပေသည်။

ထို အယူအဆအား ထောက်ပံ ပေးနေသည်မှာ UFo များ နှင့် Alien တို့အကြောင်းအား အသည်းအသန် လေ့လာနေသော နာဆာ အဖွဲ့အစည်းထံမှ ဓမ္မရံကြီးဘုရားအား ရူထောင့်အမျိုးမျိုးက ရိုက်ထားသော ဓါတ်ပုံများကြောင့် ဖြစ်သည်။

ထို့အပြင် ပုဂံဒေသ ဘုရားစေတီများအပေါ်၌ ပျံဝဲနေသော UFO ယာဉ်ပျံ အချို့အကြောင်း ပုဂံ ဒေသ၏ ဘုရားစေတီ အချို့သည် အာကာသသီအိုရီများ Alien Theory များနှင့် ဆက်နွယ်မူရှိသည်ဟု ကောက်ချက်ချနိုင်ပေ သည်။

ထို့အပြင် ပုဂံဒေသ ဘုရားစေတီ များ၏ပတ်ဝန်းကျင်၌ ကွင်းပြင်အကျယ်ကြီးများ၊ ပုဂံဘုရားအချို့ အား လူတစ်ရစ် နတ်တစ်ရစ် တည်ဆောက်ခဲ့သည် ဟူသော အယူအဆများ၊ နာဆာအဖွဲ့အစည်းထံမှပုဂံဘုရား အချို့၏ဓါတ်ပုံ များကြောင့် ပုဂံဒေသသည် UFo များ Alien များနှင့် ပတ်သက်မူ ရှိခဲ့လေ သလား ဟု ယူဆရသော သက်သေများ ဖြစ်သည်။ Credit _ Origional Uploader