Local News

ကိုးရီးယား ဒီဇိုင်နာတစ်ဦး ဖန်တီးထားတဲ့ Single များအတွက်ကော်ဖီဗူး

ကိုးရီးယား ဒီဇိုင်နာတစ်ဦး ဖန်တီးထားတဲ့ Single များအတွက်ကော်ဖီဗူး

ကော်ဖီနဲ့လက်ဖက်ရည်ကို ကြိုက်တဲ့ သူတွေ အတွက်တော့ နေ့စဉ်ပုံမှန်သောက်သုံးခြင်းကတော့ အထူးအဆန်းတော့မဟုတ်ပါဘူးနော်။ ဒါပေမဲ့လည်း သင်ဟာ တစ်ကိုယ်တည်းသမားတစ်ယောက်ဖြစ်ပြီးတော့

နေ့စဉ်ကော်ဖီသောက်ရင်းနဲ့ အနမ်းတွေရရှိစေနိုင်မယ်ဆိုရင် အနည်းငယ်ထူးဆန်းသွားမှာပါနော်။တောင်ကိုရီးယားနိုင်ငံမှ ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ ဂျန်ဝူဆွတ်ခ် ရဲ့ဖန်တီးမှုဟာ တစ်မူထူးခြားနေတာပါနော်။

သူကတော့ တစ်ခါသုံး ကော်ဖီခွက်အဖုံးတစ်မျိုးကို ဆန်းသစ်လှတဲ့စိတ်ကူးနဲ့ တီထွင်ဖန်တီးခဲ့တာပါနော်။ ဂျန်ဝူဆွတ်ဖန်တီးလိုက်သော ကော်ဖီခွက်အဖုံးလေးဟာ လူတစ်ယောက်ရဲ့နှာခေါင်းနဲ့ နှုတ်ခမ်းပုံစံ ပြုလုပ်ထားတာပါနော်။

ဂျန်ဝူဆွတ်ခ် ရဲ့အစောပိုင်းဖန်တီးမှုဟာ နှုတ်ခမ်းပုံရဲ့အောက်ဖက်နှုတ်ခမ်းသားမှာ အပေါက်ဖောက်ပေးထားပြီးတော့ ကော်ဖီသောက်သူဟာ ပုံမှာတွေ့မြင်ရသလို နှုတ်ခမ်းကိုနမ်းပြီးတော့ သောက်ရသလိုပုံစံပါနော်။

နောက်ပိုင်းမှာလဲ အနမ်းစစ်ရဲ့ခံစားချက်ရစေဖို့အတွက် နှာခေါင်းနဲ့မျက်နှာအစိတ်အပိုင်းကိုပါ ထည့်သွင်းခဲ့တာပါနော်။ဂျန်ဝူဆွတ်ရဲ့ပြောဆိုမှုမှာတော့သူကိုယ်တိုင်လည်း ကော်ဖီနေ့တိုင်းသောက်ပြီး ကော်ဖီနဲ့အနမ်းတွေကို

နှစ်သက်ပေမဲ့ အနမ်းတော့မရရှိနိုင်တဲ့အတွက် ဒီစိတ်ကူးကိုရခဲ့တာ လို့ ဆိုပါတယ်နော်။သူရဲ့ဆန်းသစ်တဲ့တီထွင်မှုကတော့ လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့သွားခဲ့ပြီးတော့

အချို့သောတစ်ကိုယ်တည်းသမားတွေက နှစ်ခြိုက်မှုရှိခဲ့ပေမဲ့လည်း အချို့ကတော့ရူးကြောင်ကြောင်စိတ်ကူးတစ်ခုလို့သာ မှတ်ချက်ပေးခဲ့ကြပါတာ ဖြစ်ပါတယ်။Credit-megaquiz

Unicode…







