Local News
မြန်မာအလုပ်သမားလေးရဲ့အသက်ကို ( ၂၆ ) သိန်းနဲ့ တန်ကြေးဖြတ်နေတဲ့ထိုင်းသူဌေး
စရိတ်လဲတာဝန်မယူဘူး။ ဘတ် (၇)သောင်းလဲ မပေးဘူး။
Ye Min (A A C)
Unicode
မြန်မာအလုပ်သမားလေးရဲ့အသက်ကို ( ၂၆ ) သိန်းနဲ့ တန်ကြေးဖြတ်နေတဲ့ထိုင်းသူဌေး
မတရားမှုကို တော်လှန်ရမှာက AAC ရဲ့ သမိုင်းပေးတာဝန်ဘဲ။
မနေ့ညနေက မြန်မာအလုပ်သမားတစ်ယောက် ထိုင်းနိုင်ငံ ဘန်းကပိမြို့နယ်
စက္ကူရုံထဲက လုပ်ငန်းခွင်မှာ စက်နဲ့ရိုက် မိပြီး ရုပ်ပျက်ဆင်းပျက်
ဆုံးသွားတယ်။မနေ့က စက်ရုံတာဝန်ရှိသူတွေက သဂြိုလ်စရိတ်တာဝန်ယူမယ်။
ဘတ် ၆ သောင်း (မြန်မာငွေ ၂၆ သိန်းကျော်) ပေးမယ်။
အဲ့ဒါကို သဘောတူကြောင်း သေဆုံးသူနဲ့ ညီအကိုဝမ်းကွဲတော်စပ်သူကို လက် မှတ်
အတင်းထိုးခိုင်းတယ်…မြန်မာနိုင်ငံက ဆုံးပါးသူရဲ့ မိဘတွေက
အဲ့အချက်တွေကို သဘောမတူတော့ ဒီက ဆုံးပါးသူရဲ့ ညီဝမ်းကွဲက
သဘောတူကြောင်း လက် မှတ်မထိုးပေးဘူး…အဲ့တော့ စက်ရုံတာဝန်ရှိသူတွေက
ဘတ် (၇)သောင်းထိတိုးပေးမယ်..ပြောတယ်။ ဒါပေမဲ့ သူတို့ပိုက်ဆံ (၇)သောင်းဘတ်ထိ
တိုးပေးလဲ ဆုံးပါးသူရဲ့ မြန်မာနိုင်ငံက မိဘတွေက သဘောမတူတော့
ဒီက ဆုံးပါးသူရဲ့ ဝမ်းကွဲညီအကိုကလဲ သဘောတူကြောင်း
လက် မှတ်မထိုးပေးရဲဘူး.အဲ့တော့ စက်ရုံတာဝန်ရှိသူတွေက
ဒီနေ့ သဘောတူလား သဘောမတူလား အကြောင်းပြန်ရမယ်။
သဘောမတူရင်၊ သဘောတူကြောင်းလက် မှတ်မထိုးပေးရင် မနက်ဖြန် သဂြိုလ်
စရိတ်လဲတာဝန်မယူဘူး။ ဘတ် (၇)သောင်းလဲ မပေးဘူး။
တိုင်ချင်ရာတိုင်ဆိုတဲ့ သဘောမျိုးပြောလာတယ်..။ခုတော့ မတရားမှုမှန်း
သိပေမဲ့ အားကိုးရာမရှိတဲ့ ဆုံးပါးသူရဲ့ နီးစပ်ရာသူငယ်ချင်းတွေက ထိုင်းရောက်
ဆုံးပါးသူဟာ အဲဒီစက်ရုံမှာလုပ်ကိုင်‌နေတာ (၂)နှစ်ကျော်‌နေပြီး လုပ်ငန်းခွင်ထဲမှာ
အလုပ်သမားတစ်ယောက် ဆုံးရင် ထိုင်းဘတ်ငွေ (၅) သိန်းအထိ
ရနိုင်တယ်လို့ သိရပါတယ်။
“ဖြစ်တာက မနေ့က ဖြစ်တယ်။ချုပ်ရိုးတွေနဲ့ ရုပ်ပျက်ဆင်းပျက်သယ်လာပြီး
မနေ့ကတောင် မီးသြင်္ဂိုလ်ဖို့အတင်း လုပ်လို့ ဒါကို တားထားရတာပေါ့။
ဒီနေ့လည်း မီးသြင်္ဂိုလ်ဖို့လုပ်နေတာ။ အခုတိုင်ချက်တော့ မဖွင့်သေးဘူး။ အခု ထိုင်းအလုပ်ရှင်နဲ့
ညှိနှိုင်းရမယ်။ သူတို့ဘက်က ဘာလုပ်ပေးမလဲဆိုတာကို မိသားစုတွေဘက်က
ေကျနပ်လားဆို တာကို ကြည့်ရမယ်။” လို့ AAC က တာဝန်ရှိသူ ဦးရဲမင်းက ပြောပါတယ်။
ထိုင်းနိုင်ငံမှာတော့ လုပ်ငန်းခွင်ထဲမှာအလုပ်သမားတစ်ယောက် ဆုံးရင်
အာဏာပိုင်တွေက စက်ပစ္စည်းတွေ ကို ဝင်ရောက်စစ်ဆေးတာတွေလုပ်ပြီး
အစိုးရက ချမှတ်ပေးထားတဲ့ စည်းကမ်းတွေအတိုင်းမလိုက်နာရင် အလုပ်ရှင်ကို
အနည်းဆုံး ဘတ်(၆)သိန်း ဒဏ်ရိုက်တဲ့အပြင် အရေးယူမှုတွေလည်း ရှိနိုင်တယ်လို့ သိရပါတယ်။
Ye Min (A A C)