မသေခင်ကတည်းက နတ်ပြည်မှာ ဗိမာန်ရှိပြီးသားဖြစ်နေတဲ့အဖွားအိုတစ်ယောက်ရဲ့ အံ့သြဖွယ်ကောင်းလှတဲ့ ကုသိုလ်ထူး

ပဲပြုတ်လေးနဲ့နေ့စဉ်လှုပြီး နတ်ပြည်မှာဗိမာန်ရှိပြီးသားဖြစ်နေတဲ့အဖွား

ချစ်ပရိသတ်ကြီးရေယခုပြောပြပေမယ့် အကြောင်းအရာလေးကတော့အရမ်းကိုမှထူးခြားပြီး အံ့သြဖွယ်ကောင်လှတဲ့ အဖွားတစ်ယောက်ရဲ့ကုသိုလ်ထူးအကြောင်းလေးပါ။ဒီအကြောင်းရင်းရဲ့အစမှာတော့ပဲခူးတိုင်းညောင်လေးပင်မြို့ရဲ့ဆေးရုံပေါ်မှာသက်တော်(၈၉)နှစ်ရှိပြီးဖြစ်တဲ့ဆရာတော်ကြီးဦဇာဂရဟာ နာမကျန်းဖြစ်လို့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူရာကနေတစ်နေ့မှာတော့ သတိလစ်မေ့မြောသွားခဲ့ပါတော့တယ်။ဒါနဲ့ပဲ ဆရာတော်ဟာ အိမ်မက်မက်သလိုဖြစ်နေပြီး အင်းငါဘယ်ကိုများရောက်နေတာပါလိမ့်။ဧကန္တ ငါအခုနတ်ပြည်ကိုရောက်နေတယ်ထင်ပါရဲ့ဆိုပြီး။

သူ့ဗိမာန်နဲ့သူစောင်းငြှင်းပတ်သာတူရိယာတွေကခုန်တီးမှုတ်နေလိုက်ကြတာ။ဒါနဲ့ပဲဆရာတော်ဟာဗိမာန်ကြီးတစ်ခုတွေ့သွားခဲ့တယ်။ ဟောဒီဗိမာန်ကြီးကလည်း ရွှေရောင်တွေတလက်လက်နဲ့ဝင်းထိန်နေပါရောလား။နတ်ပြည်ဆိုတော့အမွှေးနံ့သာများ မွှေးကြိုက်လျက်ရှိပြီးနတ်သမီးတွေကလည်း အပြည့်ရှိလို့နေပါတယ်။ဘယ်လို ကုသိုလ်ကောင်းမှုတွေ ကြောင့်များပါလိမ့် ငါ မေးမြန်းကြည့်ဦးမှပါပဲ ဆိုပြီး သွားရောက်မေးမြန်းခဲ့ပါတယ် ။အို အသင် နတ်သမီးတို့ဤကြီးမားတဲ့ ဗိမာန်ပိုင်ရှင်ကား မည်သူဖြစ်ပါသလဲ မှန်လှပါဘုရား ဗိမာန်ပိုင်ရှင်က ယခု ရောက်မလာသေးပါ။

လူ့ပြည်မှာပဲ သက်ရှိထင်ရှား ရှိနေဆဲပါဘုရား။ သက်တော်ပြည့်လို့ နေ့စေ့ကံကုန်တဲ့အချိန်မှ ရောက်လာမှာဖြစ်တဲ့အတွက် တပည့်တော်မတို့လည်း အလွန်ပျင်းလှပါသည်ဘုရား။အရှင်ဘုရားလူ့ပြည်ပြန်ရောက်တဲ့အခါ ဤဗိမာန်ပိုင်ရှင်ကိုတပည့်တော်မတို့စောင့်မျှော်နေကြောင်းပြောကြားပေးတော်မူပါဘုရားဆိုပြီးနတ်သမီးတို့ဟာ ဆရာတော်ဘုရားကိုလျှောက်တော်မူလိုက်တယ်။ဒါနဲ့ပဲ ဆရာတော်ဘုရားက ကောင်းပါပြီ ဒကာမတို့။ ဗိမာန်ပိုင်ရှင်ကို ဆရာတော် ပြောကြားပေးပါ့မယ်။ဤဗိမာန်ပိုင်ရှင်ရဲ့ အမည်နာမနဲ့ နေထိုင်ရာနေရပ်ဒေသကိုသာလျှောက်ထားပါလေဆိုပြီး မိန့်တော်မူလိုက်တယ်။

မှန်လှပါ ဘုရား ပဲခူးတိုင်း ဖြူးမြို့နယ် ဝဲကြီးအောက်ခုံရွာက ဒေါ်ကုလားမပါ ဘုရား ဆိုပြီး လျှောက်လိုက်ချိန်မှာပဲ ဟောဆရာတော်ကြီး သတိရလာပြီဟေ့ ဆိုပြီးဆေးရုံကသူမှတ်ထားခိုင်းတဲ့ လိပ်စာအတိုင်း ရဟန်းတော် နှစ်ပါးကို ဗိမာန်ပိုင်ရှင်ဆီကို စေလွှတ်လိုက်ပြီး နတ်သမီးတွေမှာကြားတဲ့အတိုင်း ပြောပြခိုင်းပြီးဘာကြောင့် မသေခင်မှာပဲ နတ်ပြည်မှာ ဗိမာန်ပေါက်တဲ့ အထိဘယ်လိုထူးခြားကောင်းမွန်တဲ့ကုသိုလ်ကောင်းမှုတွေများ ပြုလုပ်သလဲလို့ သေချာမေးမြန်း စုံစမ်းခဲ့ပါ ဆိုပြီး ခိုင်းလိုက်ခဲ့ပါတော့တယ်။ဒီဝဲကြီးအောက်ခုံရွာမှာက ဒေါ်ကုလားမကို မသိတဲ့လူ မရှိကြ ပေ။

ဒေါ်ကုလားမက မုဆိုးမတစ်ယောက်ပါ။ သမီးလေးတစ်ယောက်နဲ့ အတူနေထိုင်ပြီး ပဲပြုတ်ရောင်းစားပါတယ်တဲ့။ဒါနဲ့ပဲ ရဟန်းတော်နှစ်ပါးဟာ ယိုင်နဲ့နဲ့ တဲလေးထဲဝင်သွားပြီး ဒေါ်ကုလားမနဲ့တွေ့တဲ့အခါ ဆရာတော်ဘုရား မိန့်ကြားလိုက်တဲ့အတိုင်းအကျိုးအကြောင်း အစုံအလင်ကို ပြောပြပြီး ဒေါ်ကုလားမရဲ့ ကုသိုလ်ကောင်းမှုထူးတွေကို စတင်ပြီး မေးမြန်းကြပါတော့တယ်။အရှင်ဘုရားတို့တပည့်တော်မက အလွန်ဆင်းရဲပါတယ်ဘုရား။ သူများတွေလိုလည်းထောင်သောင်းချီပြီး မလှုဒါန်းနိုင်ပါဘူး။ ဒါပေမယ့်မနက်အာရုဏ်တစ်ကြိမ်နဲ့ နေ့ဆွမ်းတစ်ကြိမ်ကိုတော့ ဘုရားရှင်ကိုဆွမ်းကပ်လှုဒါန်းပါတယ်ဘုရား။သြော် အဲ့လိုလား။ဒါနဲ့ ဒကာမကြီးရဲ့ဘုရားရှင်အား ဆွမ်းကပ်လှူဒါန်းပုံကို ဦးဇင်းတို့ သိပါရစေ ဒကာမကြီး။

တင်ပါ့ဘုရား။ ဆွမ်းကပ်လှူဒါန်းပုံကတော့ တပည့်တော်မ မနက် အာရုဏ်တက်တာနဲ့ အသင့်ချက်ပြီးသား ဆွမ်းကို စားပွဲခုံနဲ့ သေချာပြင်ဆင်ပါတယ် ဘုရား။လက်ဆေးတော်ရေနဲ့ သောက်တော်ရေ လက်သုပ်ပုဝါတွေကိုလည်း အပြည့်အစုံတင်ပြီး သက်တော်ထင်ရှားရှိတဲ့ ဘုရားရှင်ကိုယ်တိုင် ကြွရောက်ဘုန်းပေးနေသလိုမျိုး အာရုံပြုပြီး ဒါက လက်ဆေးတော်ပါ ဘုရား ဒါက သောက်တော်ရေပါ ဘုရားလို့ လျှောက်ထား ဆက်ကပ်ပြီး အနားကနေ ယပ်ခတ်ပြီး လှူဒါန်းပါတယ် ဘုရား။များတွေလို တပည့်တော်မလည်း အသား ငါးနဲ့ သေချာချက်ပြုတ်ပြီး လှူဒါန်းချင်ပေမယ့်

တပည့်တော်မတို့ အခြေအနေနဲ့ မတတ်နိုင်တဲ့အတွက် နေ့စဉ် ပဲပြုတ်နဲ့သာ လှူဒါန်းနိုင်ပါတယ်ဘုရား။တခါတလေတော့ ဈေးရောင်းပြီးပြန်လာတဲ့အခါ ငနုပ်ငဖွဲလေးများကို ဝယ်လာပြီးတပည့်တော်တို့ မစားပဲ ဘုရားရှင်ကိုသာ လှူဒါန်းပါတယ်ဘုရား။ ကောင်းလိုက်တာ ဒကာမကြီးရယ်။ဦးဇင်းတို့လည်း လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ်။အင်း ဒကာမကြီးရဲ့ ဒီလိုမျိုး အားကြီးတဲ့သဒ္ဓါတရားကြောင့် နတ်ပြည်မှာ ကြိုပြီး ဗိမာန်ပေါက်နေတာကိုးဒါနဲ့

ဦးဇင်းကမေးတယ် ခုလိုမျိုး ဘုရားရှင်ကို ဆက်ကပ် လှူဒါန်းခဲ့တာ ဘယ်လောက် များကြာပြီလဲ ဒကာမကြီး မှန်လှပါဘုရား သမီးလေးတစ်သက် အနှစ်နှစ်ဆယ် တိုင်ခဲ့ပါပြီ ဘုရားတဲ့။ဒီလိုဆို ဒကာမကြီးရဲ့ ကြီးမားလှတဲ့ကုသိုလ်ကို ဦးဇင်းတို့ နှစ်ပါးကိုလည်း အမျှပေးဝေပါ ဒကာမကြီးတဲ့။ဦးဇင်း သာဓုခေါ်ဆိုပါရစေ ဆိုပြီး…အရှင်ဘုရား တပည့်တော်မသည် ဘုရားရှင်အား ရည်မှန်း၍ နေ့စဉ်ဝတ်ပြုမပြတ် အာရုဏ်ဆွမ်းနဲ့ နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်းရသော ကောင်းမှုကုသိုလ် အစုစုတို့ကို အရှင်ဘုရားတို့နှင့်တကွ သုံးဆယ့်တစ်ဘုံသား အားလုံးတို့အား အမျှ အမျှ အမျှပေးဝေငှပါကုန်၏။အားလုံး အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့

မူရင်းပို့စ်အားကရစ်ဒစ်

Unicode