ဇယားထိပ်က အသင်းတွေ ပွဲကြပ်နေချိန် အခွင့်အရေး ယူရမယ့် ယူနိုက်တက်

ကျွန်တော်တို့ ယူနိုက်တက်အသင်းဟာ ကြာသာပတေးည သောကြာနေ့မနက်မှာ အချိန် နှစ်နာရီခွဲမှာ ပရီးမီးယားလိဒ်ပွဲစဉ် 13အဖြစ် ရှက်ဖီးလ်အသင်းရယ့် အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဘဲဖြစ်ပါတယ်။

ရှက်ဖီးအသင်းဟာ 12ပွဲ ကစားကာ သရေတစ်မှတ်သာရရှိပြီး ဇယားအောက်ဆုံးမှာ ရပ်တည်နေတာဘဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကတော့ တစ်ပွဲလျော့အနေအထားမှာ ရမှတ်20ဖြင့် အဆင့်9မှာ ရပ်တည်နေတာဘဲဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ဝုဗ်အသင်းကို ရှုံးနိမ့် စပါးနဲ့ လီပါပူးလ်က တွေ့ဆုံမှာဖြစ်တဲ့အတွက် ဒီလိုအချိန်မှာ အ‌ ခွင့်အရေးယူရမှာဘဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဒ် နောက်ဆုံးငါးပွဲကိုကြည့်မယ်ဆိုရင် ရှက်ဖီးလ် က အကုန်ရှုံးထားတာဖြစ်ပြီး ယူနိုက်တက်ကတော့ ငါးပွဲမှာ လေးပွဲနိုင် တစ်ပွဲသရေနဲ့ အရှုံးမရှိသေးတာလည်းဖြစ်ပါတယ်။

ရှက်ဖီးလ်နဲ့တွေ့ဆုံတိုင်းမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်လေ့ရှိတဲ့ ယူနိုက်တက်တို့ ဘယ်လိုပုံစံကောင်းတွေ ပြသမလဲ စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။ နည်းပြဆိုးရှားလ်ကတော့ ယခုလိုပွဲမျိုးမှာ ပွဲထွက်ခွင့်သိပ်မရသေးတဲ့ ကစားသမားတွေ သုံးလာမလားစောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER