Local News

”MPT အလုပ်ခေါ်စာ ကြော်ငြာနဲ့ လိမ်နည်း အသစ်”

”သတိပြုစရာ” ဤကြော်ငြာဖြင့်လိုက်လံလိမ်ညာနေသောအဖွဲ့အား သတိပြုဆင်ခြင်နိုင်ရန်တင်ပြအပ်ပါသည်

ယခုလိုcovidကာလတွင် အလုပ်အကိုင်ရှားပါးကြပ်တည်းမူ့အား အခွင့်ကောင်းယူ၍ ပုံပါဖုန်းနံပါတ်ပါ mpt မှအလုပ်ခေါ်စာအတုဖြင့်၃/၁ရပ်ကွက်တိုးချဲ့ မင်းရဲကျော်စွာလမ်းမတလျောက် 12.12.2020 ရက်နေ့တွင် လိုက်လံ၍ကြော်ငြာစာကပ်ရာမှ အလုပ်ရမည်အထင်ဖြင့် ကြော်ငြာပါဖုန်းနံပါတ်အားဆက်သွယ်မေးမြန်းကြရာ

နေ့စားလုပ်သား၁၃၀၀၀ကျပ်နှင့်ခေါ်ကြောင်း အမ်ျုးသမီးဝန်ထမ်း ဆက်သွယ်ရေးရုံး၌ တာဝန်ထမ်းဆောင်ရန်လိုအပ်ဟု ဖုန်းအတွင်းမှပြန်လည်ဖြေကြားခဲ့၍ လိုအပ်သောထောက်ခံစာနှင့် ဓာတ်ပုံအား viberမှပို့စေ၍ 13.12.2020 ရက်နေ့တွင် သမိုင်းလမ်းဆုံသို့ အလုပ်ဆင်းရန် လာရောက်ရမည်ဟုပြောသဖြင့် သွားရောက်ကြရာမန်နေဂျာဟုဆိုသူမှ အနောက်ပိုင်းတက္ကသိုလ်အနီး ကေဘယ်ကြိုးတတ်ဆင်ရန် သွားကြမည်ဟုဆိုကာ

အသင့်ဌားထားသော တက္ကစီကားဖြင့်ခေါ်ဆောင်၍ အနောက်ပိုင်းတက္ကသိုလ်ရှေ့အရောက် မိမိတို့ပါလာသောဖုန်းများအား ၄င်းအားပေးရန် ဆော့ဝဲကုတ်များထဲ့ပေးရမည်ဟုပြော၍ ကားပေါ်၌စောင့်နေကြရန်ပြောပြီး ထွက်သွားလေသည်။

ထိုသူမှာ ညနေစောင်းအထိပေါ်လာခြင်းမရှိ ဌင်းဖုန်းအားဆက်သွယ်သော်လည်း စက်ပိတ်ထားသဖြင့် ကားသမားအားမေးမြန်းရာ ဌားလာခြင်းဖြစ်ကြောင်းပြော၍ မောင်းထွက်သွားလေသည် လူငယ်ခြောက်ဦးအနက် ငါးဦး၏ဖုန်းများပါသွားပါသည်။

ထိုမတိုင်ခင်လည်း မိန်းကလေးနှစ်ဦးအားလည်း14.ရက်နေ့တွင် မြန်မာဆန်ဆန်ဝတ်စားပြီး မန်နေဂျာဆိုသူကသူ့အားလာတွေ့ရန် ကားလွှတ်ပေးမည်ဖြစ်ကြောင်းပြောသေးတယ်ဟု မ___မှပြောပြခဲ့ပါတယ်

မည်သို့ဆိုစေ ယခုလိုအကျပ်တည်းကာလမှာ ဒီလိုမျိုးလိမ်လည်လည့်ဖြားမူ့တို့မှ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ ကင်းဝေးစေရန် အဖြစ်မှန်အားတင်ပြအပ်ပါသည်

Ko Soe..