Sports

ယူနိုက်တက် ဂိုးသမား ဟန်ဒါဆန်အတွက် ရှက်ဖီးအသင်းကို ကျေးဇူးတင်တယ်ပြောခဲ့တဲ့ နည်းပြဆိုးရှားလ်

ယူနိုက်တက်အသင်းကတော့ ရှက်ဖီးအသင်းရယ့် အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဘဲဖြစ်ပါတယ်။ ယူနိုက်တက်ရယ့် ဂိုးသမားတစ်ယောက်ဖြစ်တဲ့ ဟန်ဒါဆန်ကတော့ ရှက်ဖီးအသင်းမှာ နှစ်ရာသီ အငှားနဲ့ ကစားခဲ့တဲ့သူဘဲဖြစ်ပါတယ်။

ယူနိုက်တက်ကို 2011 မှာ ရောက်ရှိခဲ့တဲ့ ဟန်ဒါဆန်ကတော့ လူငယ်အသင်းမှာ ကစားခဲ့ပါတယ်။ 2015မှာတော့ ယူနိုက်တက်ကနေ အငှားနဲ့ ထွက်ခွာခဲ့ပြီး အခု2020ရာသီအစ ပြန်လည်းရောက်ရှိခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ ရှက်ဖီးလ်မှာ လက်စွမ်းပြမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ အသင်းဟောင်းနဲ့ တွေ့ဆုံမယ့် ဟန်ဒါဆန်ကို ယူနိုက်တက်နည်းပြ ဆိုးရှားကတော့

” ဟန်ဒါဆန်ကတော့ ပွဲထွက်ခွင့်ရတဲ့အချိန် အကောင်း ဆုံးစွမ်းဆောင်ပြတာက မြင်တွေ့ခဲ့ရပါတယ်။ တစ်ချို့ သောအငှားထွက်ကစားမှုတွေက အရေးပါခဲ့တယ်။ ဒန်ဟန်ဒါဆန်ကတော့ လွန်ခဲ့တဲ့(2)နှစ်လောက်ကတည်းက ရှက်ဖီးယူနိုက်တက်အသင်းမှာ သူ့နည်းသူဟန်နဲ့ တိုးတက် အောင် အလုပ်တွေကိုကြိုးစားခဲ့ပါတယ်။

ဒီအတွက် ကြောင့် သူဒီကိုရောက်တဲ့အချိန် ရင့်ကျက်မှုနဲ့ အတွေ့ အကြုံတွေရှိလာခဲ့ပြီးပဲ ဖြစ်တယ်။ သူက အင်္ဂလန်လက်ရွေး စင်အသင်းအတွက် ပထမဆုံးပါဝင်ကစားခွင့်ရပြီးဖြစ် တယ်။

ဒါနဲ့ သူ့ဘက်က သင်ယူလေ့လာမှုတွေကိုဆက်ပြီး လုပ်ဆောင်နေဆဲပဲ။ ဒီအတွက်ကြောင့် ကျွန်တော်တို့က ရှက်ဖီယူနိုက်တက် အသင်းနဲ့ ရှက်ဖီးနည်းပြ ခရစ်ဝင်ဒါ တို့တွေကို ဟန်ဒါဆန်အတွက်ကျေးဇူးတွေ အရမ်းကို တင်ရှိပါတယ်။ သူတို့တွေကြောင့် ဟန်ဒါဆန်တစ်ယောက် တိုးတက်လာခဲ့တာပါ။” ပြောခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER