Knowledge

ဗုဒ္ဓဘာသာ၀င်တိုင်း သိထားသင့်တဲ့ ဘုရားကျောင်းဆောင်ရဲ့တန်ဘိုး






ဈေးကြီးတဲ့ ဘုရားပန်း ကပ်နိုင်တာ မကပ်နိုင်တာက အရေးမကြီးပါဘူး ကပ်ထားတဲ့ဘုရားပန်း မညှိုးနွမ်း ဖို့သာ အရေးကြီးတာပါ




ဦးမြင့်ခိုင်

unicode

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ ဘုရားကျောင်းဆောင်ရဲ့တန်ဘိုး

ဘုရားကျောင်းဆောင် ခမ်းနားဖို့မလိုပါဘူး

ဘုရားသံတရားသံ မပြတ်ဖို့ပဲ လိုတာပါ

ဘုရားကျောင်းဆောင်ပေါ်မှာ တန်ဘိုးရှိပစ္စည်းတွေထားနိုင်တာ မထားနိုင်တာက အရေးမကြီးပါဘူး

ဘုရားဆွမ်းတော် အရုဏ်ဆွမ်း နေ့ဆွမ်း ဆီမီး သောက်တော်ရေ မပြတ်ကပ်လှူနိုင်ဖို့သာ အရေးကြီးတာပါ

စျေးကြီးတဲ့ ဘုရားပန်း ကပ်နိုင်တာ မကပ်နိုင်တာက အရေးမကြီးပါဘူး ကပ်ထားတဲ့ဘုရားပန်း မညှိုးနွမ်း ဖို့သာ အရေးကြီးတာပါ

မဂ်ဖိုလ် နိဗ္ဗာန် ရဖို့က ချမ်းသာမှ လှူတန်းနိုင်မှ ဆိုပြီး သတ်မှတ်မထားပါဘူး ဘုရားတရားအလုပ်ကို သဒ္ဓါတရား အစစ်အမှန်နဲ့ လုပ်နိုင်ဖို့သာ အရေးကြီးတာပါ

ကိုယ်မလှူနိုင်ပြီး သူများလှူနိုင်နေတာကို စိတ်မဆင်းရဲနဲ့

ကိုယ့်အိမ်က ဘုရားကျောင်းဆောင်တခုတည်းနဲ့ နတ်ပြည်ရော နိဗ္ဗာန် ပါ ရောက်နိုင်တယ်ဆိုတာ သိထားကြပါ

ဦးမြင့်ခိုင်