Articles

အောင်မြင်မှုကြီးကြီးမားမားရဖို့ သူ့ကို အချိန်ပေးခဲ့သင့်တယ်လို့ ပြောခဲ့တဲ့ နည်းပြဟောင်းမော်ရင်ညို

ယူနိုက်တက်အသင်းရယ့် နည်းပြဟောင်းကြီး မော်ရင်ညို (လက်ရှိ စပါးအသင်းနည်းပြ) ကတော့ လီပါပူးလ်နဲ့ ပွဲစဉ် မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ယူနိုက်တက်က သူ့ကို အောင်မြင်မှုကြီးကြီးမားမားရဖို့ အချ်ိန်လုံလုံလောက်မပေးခဲ့ဘူးဆိုပြီး ဖွင့်ဟပြောဆိုခဲ့ပါတယ်။

မော်ရင်ညိုဟာ ယူနိုက်တက်ကို 2016မှာ ရောက်ရှိခဲ့ပြီး ထိုနှစ်မှာဘဲ ယူနိုက်တက်အတွက် ယူရိုပါလိဒ်ဖလားကို အရယူပေးခဲ့ပါတယ်။ ထို့အပြင် ကာရာဘောင်ဖလားကို ရရှိခဲ့ပြီး ဒုတိယနှစ်မှာတော့ ပရီမီးယားလိဒ်အဆင့်2အဖြစ် ရပ်တည်ခဲ့ပါတယ်။

နောက်ပိုင်းရလဒ်တွေဆိုးရွာတာနဲ့ အတူ 2019 ဒီ ဇင်ဘာမှာ အသင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။ နည်းပြကြီးမော်ရင်ညိုက “ကျွန်တော့်နည်းပြသက်တမ်းတစ်လျှောက်မှာ အသင်းတစ်သင်းရဲ့ပုံရိပ် ကျွန်တော့်လက်ထဲ ရောက်လာပြီဆိုတာနဲ့ အောင်မြင်မှုရဖို့ အချိန်အများကြီး သိပ်ပြီးမယူခဲ့ရဘူး။

ပထမဆုံးအနေနဲ့ အချိန်ယူဖို့လိုတယ်လို့ ကျွန်တော် ခံစားခဲ့ရပြီး လိုသလောက်မရခဲ့တဲ့ အသင်းတစ်သင်းက မန်ချက်စတာယူနိုက်တက်ပဲ။ ကျွန်တော့် လုပ်ငန်းစဥ်ရဲ့ အလယ်တည့်တည့်ကြီးမှာ အထုတ်ခံလိုက်ရတယ်လို့ထင်တယ်။ ဒါပေမယ့် ယူနိုက်တက်မှာ ကျွန်တော်ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့တော့ ကျေနပ်ပါတယ်။

ကျွန်တော်တို့ လုပ်နိုင်တာအကုန် ကြိုးစားပြီးလုပ်ခဲ့ကြတယ်။ ပြီးရင် ရှေ့ဆက်ခဲ့တယ်။ ကျွန်တော်ရော သူတို့ရော ပျော်ခဲ့ကြသလို ကျွန်တော်တို့ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိပါတယ်။” ဆိုပြီးပြောပြခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER