Sports

‌အဝေးကွင်းနိုင်ပွဲနဲ့အတူ မှတ်တမ်းကောင်းများ ပိုင်ဆိုင်ခဲ့ရတဲ့ ယူနိုက်တက်ရယ့် ပွဲပြီးသုံးသပ်ချက်

ကျွန်တော်တို့ရယ့် ယူနိုက်တက်အသင်းဟာ ရှက်ဖီးလ်အသင်းကို အဝေးကွင်းမှာ 2ဂိုး3ဂိုး ဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပထမပိုင်းအစမှာဘဲ နောက်တန်းနဲ့ ဂိုးသမား ဟန်ဒါဆန်တို့ရယ့်အမှားနဲ့ ပြိုင်ဘက်အသင်းကို သွင်းဂိုးခွင့်ပြုလိုက်ရတာဘဲဖြစ်ပါတယ်။

ပွဲချိန် 26မိနစ်အရောက်မှာတော့ လင်ဒီလော့ရယ့် ပေးပို့မှုကနေ ရက်ဖို့ဒ်က ခြေပဂိုးသွင်းယူခဲ့ပါတယ်။ နောက်ထပ် အနိုင်ဂိုးကိုတော့ တိုက်စစ်မှူးမာရှယ်ကသွင်းယူခဲ့ပါတယ်။ မာရှယ်ကတော့ သူ့ရယ့် 683မိနစ်စာ ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်စေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ တိုက်စစ်မှုး ရက်ဖို့ဒ်က နောက်ထပ်အနိုင်ဂိုးကို မာရှယ်ရယ့်ပေးပို့မှုကနေ သွင်းယူနိုင်ခဲ့ပါတယ်။ 87မိနစ်အရောက်မှာ ဒေါင့်ကန်ဘောကနေ ဂေါ့ဒရစ်က ခေါင်းတိုက်၍ခြေပဂိုးသွင်းယူခဲ့ပါတယ်။ ရှက်ဖီးလ်အသင်းကတော့ ပွဲပြီးချိန်ထိမာမာကြောကြောတုန့်ပြန့် ကစားခဲ့ပါတယ်။

ဇယားအောက်ဆုံးက အသင်းဖြစ်သော်လည်း ပရီးမီးယားလိဒ်အသင်းပီပီ အထင်မသေး သင့်ကြောင်း ပြသသွားတာဘဲဖြစ်ပါတယ်။ ရဂိုး နှစ်ဂိုးထိ သွင်းယူပေးခဲ့တဲ့ ရက်ဖို့ဒ်ကတော့ Man of the match ကို ရရှိခဲ့ပါတယ်။ ယခု နိုင်ပွဲနဲ့အတူ ယူနိုက်တက်ဟာ အသင်း၏သမိုင်းတစ်လျောက် ပထမဦးဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အဝေးကွင်း(၁၀)ပွဲဆက်တိုက်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင် ပရီးမီးယားလိဒ် တစ်ရာသီထဲ အဝေးကွင်း ၆ပွဲဆက်အထိ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ နောက်ထပ် ၀မ်းသာစရာအချက်ကတော့ ယူနိုက်တက်သည် (၆)ပွဲဆက်တိုက် ပြိုင်ဘက်အသင်းအားဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီးနောက်အနိုင်ပြန်ကန်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမှတ်တမ်းတွေကို ပရီးမီးယားလိဂ်သမိုင်းတစ်လျောက်ပထမဦးဆုံးအသင်းအဖြစ် မန်ချက်စတာယူနိုက်တက်မှရယူသွားခဲ့သည်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER