Local News

လမ်းဘေး ခွေးလေးတွေနဲ့ ကြောင်လေး တွေကို နေ့စဉ် မိသားစုကုသိုလ်လေး အနေနဲ့ ဂရုတစိုက် အစာ ကျွေးကာ ကုသိုလ် ယူနေတဲ့ စိုးပြည့်သဇင်

အကယ်ဒမီ မင်းသမီးချောလေး စိုးပြည့်သဇင်ကချစ်စရာ ကောင်းပြီး သရုပ်ဆောင်လည်း ကောင်းသလို အနေအေးတာ တွေကြောင့် ပရိသတ်တွေ အမြဲ အချစ် ပိုနေကြရ သူလေး ဖြစ်ပါတယ်နော်။

စိုးပြည့် ကတော့ ချစ်စရာ ကောင်းတဲ့ မျက်နှာလေး ကိုလည်း ပိုင် ဆိုင်ထားပြီး ရိုးရိုးအေးအေးလေးနဲ့ နေလေ့ရှိပြီး မြင်ရတဲ့သူ တိုင်း ရင်အေးစေ သူလေးလည်း ဖြစ်ပါတယ်။

စိုးပြည့် ကတော့ အနုပညာ လှုပ်ရှားမှုတွေကို ဆက်တိုက် ဆိုသလိုလုပ်ဆောင် နေတာ ဖြစ်ပြီး အနုပညာ အလုပ်တွေ အပြင် အချက် အပြုတ် ပိုင်းမှာရော၊

ဒီဇိုင်း ပညာရပ်တွေမှာပါ ထူးချွန်ပြီး မိန်းက လေးပီသသူလေးလည်း ဖြစ်ပါတယ်။ စိုးပြည့်ကစိတ်သဘောထား နူးညံ့တဲ့ သူလေးလည်း ဖြစ်ပါတယ်နော်။

အခု ပြောပြပေးမှာ ကတော့ ကြည်နူးစရာ ကုသိုလ်လေးကို နေ့စဉ်နေ့တိုင်း လုပ်ဖြစ် နေတဲ့ အကြောင်လေးပဲ ဖြစ်ပါတယ်။ဒါကတော့ မကြာသေးမီက စိုးပြည့်ဟာ သူမရဲ့ Facebook စာမျက်နှာမှာ

“စိုးပြည့်တို့ မိသားစုရဲ့ တစ်ရက် မပျက်တဲ့ နေ့စဉ် အလှူ လေးပါ သူတို့လေးတွေ အားရ ပါးရ စားနေတာ လေးကို မြင်တွေ့ သူတိုင်းစိတ်ကြည်နူးစေရန် ရည်ရွယ်၍ တင်လိုက် ပါတယ်ရှင်…သာဓုခေါ်ဆိုပါစေသော်” ဆိုတဲ့ စာသားလေးနဲ့အတူ

လမ်းဘေးခွေးလေးတွေနဲ့ ကြောင်လေးတွေကိုနေ့တိုင်း ကုသိုလ်ယူအစာကျွေးတဲ့ အကြောင်း လေးကို မျှဝေလာ တာကို ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက် ပါတယ်နော်။ခရက်ဒစ်

Unicode






