Local News

အလှူငွေများ ကုသိုလ်ပြုခဲ့တဲ့ သရုပ်ဆောင်ထွန်းကိုကို

(Unicode)

အသက် ၈၅ နှစ် အရွယ်အဖွားအို အတွက် စာနပ်ရိက္ခာ၊ ဝှီးချဲလ်နဲ့ အလှူငွေများ ကုသိုလ်ပြုခဲ့တဲ့ သရုပ်ဆောင်ထွန်းကိုကို

ပရိတ်သတ်ကြီးရေ ပရဟိတ အလုပ်တွေကို ကိုယ်ပိုင် လုပ်ငန်းလိုသဘော ထားပြီး အများ အတွက် ကူ ညီ ပေးနေတဲ့

သရုပ်ဆောင်ထွန်းကိုကို ကိုတော့ ပရဟိတမင်းသားလို့တောင် ခေါ်လို့ ရပါတယ်နော်။

ပရဟိတ အလုပ်တွေကို စိတ်ရော ကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေတဲ့ထွန်းကိုကိုက အခုတစ်ခါ မှာတော့

တစ်ယောက်တည်း နေထိုင် နေတဲ့ အသက် ၈၅ နှစ်အရွယ် အဖွားအို အတွက် စားနပ်ရိက္ခာနဲ့ ဝှီးချဲလ်ကို

ကုသိုလ်ပြု လှူဒါန်း ခဲ့တယ်လို့သိရပါတယ်။

အဆိုပါအဖွားအိုကတော့ခြေ ထောက်ဒဏ်ရာကြောင့် အိမ်အပြင်ကိုမထွက်နိုင်တာ (၂) နှစ်ကျော်လောက် ရှိပြီး

တစ်ယောက် တည်းနေ ထိုင်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

လှူဒါန်းဖြစ်ပုံ ကိုလဲ ခုလို ပြောပြလာပါတယ်။

“ကျွန်တော်တို့ နာရေး ကူညီမှု အသင်း (ရန်ကုန်) Facebook page chet box ကနေ ပြီးတော့

ညီမလေးတစ် ယောက် က လာအကူညီတောင်းပါတယ်။

အမေကြီး လမ်းမလျှောက်နိုင်လို့ ဝှီးချဲလ် တစ်စီးလောက် လှူဒါန်း ပေးဖို့ အကူညီ တောင်းပါတယ်။

နာရေးကူ ညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူလမ်းညွှန်မှုဖြင့် စောင်၊ အနွေးထည်၊ အခြားအသုံး အဆောင် ပစ္စည်း များနဲ့

အလှူ ရှင်များ လှူ ဒါန်းထားသော ဝှီးချဲလ်တွေထဲကကောင်းတဲ့တစ်စီးကို သေချာဆေး ကြော သန့်စင်ပြီး အမေကြီး အတွက်

ရုပ်ရှင် သရုပ် ဆောင်ထွန်းကိုကိုနှင့် ထွန်းကိုကို ကို ချစ်ကြသူများအဖွဲ့ အမေကြီး လိုအပ်တာ အသုံး ပြုရန်

အလှူငွေ တစ်သိန်းကျပ်တိတိကို လှူဒါန်း ပေးခဲ့ပါတယ်”လို့ ထွန်းကိုကိုက

သူရဲ့ဖေ့ဘွတ် စာမျက်နှာမှာ ရေး သားထားတာပါ။

ဆက်လက် ပြီးတော့ အဖွားရဲ့ ဘယ်ဘက် ခြေထောက် တစ်ဖက်က ဆိုင်ကယ် အတိုက်ခံ ရပြီး

စတီးရိုးထည့် ထားရ တယ်လို့ ပြော ထားပါတယ်။

အိမ်အပြင်ကို မထွက်ရတာ နှစ်နှစ်ကျော် ကြာနေပြီ ဖြစ်ပြီး စတီးရိုးထည့်ထားတဲ့

ခြေထောက်ကအရမ်းနာနေ တာရယ် နည်းနည်းတိုနေတာကြောင့်လည်း လမ်းမလျှောက်နိုင်တာလို့ ပြော ထားပါတယ်။

အဖွား ကတော့ ရပ်ကွက်က ဆောက်ပေး ထားတဲ့ အိမ် သေးသေးလေးမှာ တစ်ယောက်တည်း နေရင်း

အချိန် ကုန်ဆုံး စေခဲ့ပြီး ပတ် ဝန်းကျင် ကပဲ စားသောက်ဖို့ တာဝန်ယူ ပေးထားတယ်လို့ ထွန်းကို ကို က ရှင်းပြထားပါ သေးတယ် ။

ဒါ့အပြင် သူလှူထားတဲ့ ဝှီးချဲလ်ပေါ်ကို အဖွားအိုကို တင်ခေါ်ပြီး အနီးအနားပတ်ဝန်းကျင်ကိုလည်း လိုက်လံ ပြသပေးခဲ့ပါတယ်။

ပရိတ်သတ်ကြီး အတွက် ထွန်းကိုကိုရဲ့ အလှူကို သာဓုခေါ်ဆိုနိုင်ရန် ပြန်လည် ဝေမျှပေးလို​က်ပါတယ်။

source : pyimyanmar

ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်နေသော အမေဒေါ်ခင်ကြည်

၂၀၂၀၊ ဒီဇင်ဘာ၊ (၁၇)ရက်

အမေကြီး ဒေါ်ခင်ကြည်ဟာ အသက်(၈၅)နှစ်ရှိပါပြီ။

ဘယ်ဘက်ခြေထောက် တစ်ဖက်ကတော့ ဆိုင်ကယ်တိုက်အတိုက်ခံရပြီး

စတီးရိုးထည့်ထားရတယ်။

အိမ်အပြင်ဘက်ကို မထွက်ရတာ (၂)နှစ်ကျော်ပြီ။

အကြောင်းကတော့ စတီးရိုးထည့်ထားတဲ့ ခြေထောက်က အရမ်းနာတာရယ်

နည်းနည်းတိုနေတာရယ်ကြောင့် လမ်းမလျှောက်နိုင်ဘူး။

ရပ်ကွက်က ဆောက်ထားပေးတဲ့ အိမ်သေးသေးလေးထဲမှာ

တစ်ယောက်တည်းနေရင် အချိန်တွေကို ကုန်ဆုံးစေတယ်။

သားသမီး သုံးယောက် မွေးခဲ့တယ် သမီးအကြီးက အသက်(၅၇)နှစ်

နဲ့ သားတစ်ယောက်က အသက်(၅၀)မှာ တစ်လဘဲ

ခြားပြီးဆုံးသွားတယ်လို့ အမေကြီးက မျက်ရည်ဝဲကာ ပြောပြတယ်။

စားဖို့သောက်ဖို့ကို ပတ်ဝန်းကျင်ကဘဲ တာဝန်ယူပေးပါတယ်။

ဒါကတော့ အမေကြီးရဲ့ အကြောင်း အကြမ်းဖျင်း။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) facebook Page Chat Box ကနေပြီးတော့

မဆုမွန်ဆိုတဲ့ ညီမလေးတစ်ယောက်က လာအကူညီတောင်းပါတယ် အမေကြီး လမ်းမလျှောက်နိုင်လို့ ဝှီးချဲလ်(၁)စီးလောက်လှူဒါန်းပေးဖို့

အကူအညီတောင်းတာပါ။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ လမ်းညွှန်မှုဖြင့်

စောင်၊ အနွေးထည် အခြားအသုံးအဆောင်ပစ္စည်းများနှင့်

အလှူရှင်များ လှူဒါန်းထားသော ဝှီးချဲလ်များထဲမှာ ကောင်းကောင်း(၁)စီးကို

သေချာ ဆေးကြောသန့်စင်၍ ယနေ့(၁၇.၁၂.၂၀၂၀)ရက်နေ့ ညနေပိုင်းက

ရွှေပြည်သာမြို့နယ်၊ လှော်ကားဂိတ်အောက်၊ (ထ/၁၆)ရပ်ကွက်၊

အောင်မေတ္တာလမ်းမကြီးဘေး အမေကြီးအိမ်သို့ အသင်းသား

ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို နှင့် စေတနာ့လုပ်အားပေး

အသင်းသားများမှ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

အမေကြီး အတွက် ရုပ်ရှင်သရုပ်ဆောင်ထွန်းကိုကို နှင့် ထွန်းကိုကိုချစ်ကြသူများမှ

အမေကြီး လိုအပ်တာအသုံးပြုရန် အလှူငွေ-၁၀၀,၀၀၀/-(တစ်သိန်းကျပ်တိတိ)အား လှူဒါန်းပေးခဲ့ပါသည်။

စေတနာ့လုပ်အားပေး အသင်းသား ကိုလပြည့်ဝေးမှလည်း

ဘီစကစ်မုန့်ပုံး(၁)နှင့် အိုဘာတင်း(၁)ဗူးတို့ကို လှူဒါန်းခဲ့ပါတယ်။

အမေကြီးကတော့ အပြင်မထွက်ရတာ နှစ်နဲ့ကြာနေပြီဆိုတော့ အသင်းကလှူပေးတဲ့

တွန်းလှည်းဝှီးချဲလ်နဲ့ သူ့ပတ်ဝန်းကျင်က ပြောင်းလဲမှုတွေကို ကိုထွန်းကိုကို ကတွန်းပေးရင်းနဲ့ လိုက်ပြခဲ့ပါတယ်

အမေကြီးက သူ့အဖို့ ဒီနေ့လိုပျော်ရွှင်မှုမရခဲ့တာကြာပါပြီလို့ ရီရီမောမောနဲ့ပြောရင်း

လာလှူပေးတဲ့ ကျွန်တော်တို့ကိုလဲ ဆုတောင်းတွေအများကြီးပေးခဲ့ပါတယ်။

စိတ်ထဲမှာတော့ပြောမိပါတယ်

သားသမီးတွေအများကြီးကို မိဘတွေက ကျွေးမွေးပြုစုခဲ့ပေးခဲ့သလို

မိဘတွေအပေါ်မှာလဲ သားသမီးတွေ တဖန်ပြန်တာဝန်ကြေနိုင်ကြပါစေ…။

ဓာတ်ပုံ – Myat Moe Aung

FFSS Ygn