Sports

ပြိုင်ဆိုင်မှုတွေ ပြင်းထန်ကြအုံးမယ့် ယူနိုက်တက်နဲ့ လိဒ်တို့ရယ့် ပွဲကြိုသုံးသပ်ချက်

ကျွန်တော်တို့ရယ့် ယူနိုက်တက်အသင်းဟာ ဒီဇင် ဘာ 20ရက် တနင်္ဂနွေနေ့ ည 11နာရီအချိန်မှာ လိဒ် ယူနိုက်တက်အသင်းကို အို့ထရတ်ဖို့ဒ်ကွင်းကြီးမှာ လက် ခံယှဉ်ပြိုင်ရမှာဘဲဖြစ်ပါတယ် သူတို့နှစ်သင်း နောက် ဆုံးတွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဒ်ပွဲစဉ်ကတော့ 2003-04ဖြစ်ပါတယ်။

2019တုံးကတော့ ချစ်ကြည်ရေးကစားခဲ့ပြီး ယူနိုက်တက်က 4-0ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ် နှစ်သင်းလုံး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဒ်ပွဲစဉ်တွေကို ကြည့်မယ်ဆိုလျှင် ယူနိုက်တက်က သရေတစ်ပွဲသာ ရှိပြီး ကျန်ပွဲစဉ်တွေအနိုင်ရရှိထားပါတယ်။

လိဒ်ကတော့ နှစ်ပွဲရှုံး နှစ်ပွဲနိုင် တစ်ပွဲသရေ တို့ဖြစ်ပါတယ် လိဒ် ယူနိုက်တက်ဟာ ရာသီအစ မှာ ‌ပုံစံကောင်းတေပြသနိုင်ခဲ့ပေမယ့် ယခုအချိန်မှာ ရလဒ်အချို့ဆိုးရွားပြီး 17မှတ်ဖြင့် အဆင့်14မှာ ရပ်တည်နေတာဘဲဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကတော့ ရမှတ်23မှတ်ဖြင့် အဆင့်7(ယာယီ)ရပ်တည်နေရသော် လည်း ယခုပွဲစဉ်အနိုင်ရလျှင် အဆင့်4အထိ တက်လှမ်းနိုင်မှာ ဖြစ်တဲ့အတွက် အရေးကြီးတဲ့ ပွဲစဉ်ဖြစ်ပါတယ်။

သွင်းဂိုး9ဂိုးထိသွင်းယူထားတဲ့ လိဒ်တိုက်စစ်မှုး ဘန်ဖို့ဒ်ပါ၀င် ဖို့ရှိပြီး ကွင်းလယ်မှာ ဟာရစ်ဆင်တို့ ရှိနေတာဖြစ်ပါတယ် ယူနိုက်တက်အသင်းကတော့ ကာဗာနီဟာ ဒဏ်ရာသက်သာကောင်းမွန်လာတဲ့ ပါ၀င်လာမလား စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

ရမှတ် 3မှတ်ရဖို့ အရေးကြီးနေတဲ့ အချိန်ဟာ ဆိုးရှား ဦးဆောင်ပြီး ပွဲထွက်လာမယ့် ယူနိုက်တက် ကတော့ စိတ်၀င်စားစရာပါ  ဒီနေ့ည 11နာရီ အို့ထရတ်ဖို့ဒ်ကွင်းကြီးမှာတော့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်ကြအုံးမယ့် ပွဲကောင်းတစ်ပွဲဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER