Knowledge

အစာလည်းဆေး ၊ ဆေးလည်းအစာ အညာမှာပေါတဲ့ ကဆစ်သီး ဒီလောက်ထိ တန်ဖိုးကြီးမှန်း ခုမှသိတယ်

ကဆစ်ပင်သည် ဆေးဘက်ဝင်အပင်မျိုးဖြစ်ကာအသီးတွင် အခါးမျိုးနှင့် အချဉ်မျိုးဟုနှစ်မျိုးတွေ့ရပြီး၊ လေပွခြင်း၊ လည်ချောင်းနာခြင်း၊

အသည်းရောင်အသားဝါ၊ သွေးအားနည်းရောဂါ၊ ဆီးဆေးနှင့် အကိုက်အခဲပျောက် ဆေးများဖော်စပ်ရာတွင် သုံးသည်ဟုဆိုပါသည်။

အိန္ဒိယနိုင်ငံ ဒေသတချို့တွင် ကဆစ်သီးကို နံနက်စာတွင် ထည့်စားခြင်းဖြင့် အစာချေဖျက်အား ကောင်းစေပြီး၊

အဆာခံကာ အလုပ်ကိုပိုမိုလုပ်နိုင်သည်ဟု ယုံကြည်ကြသည်။အညာဒေသမှာတော့ ယာခင်းထွက် ကဆစ်သီးကို အမျိုးမျိုးပြုလုပ် စားသုံးကြပါတယ်။

ဒါ့အပြင် ကဆစ်သီးအမှည့်ကို စားလို့ရပါတယ် သခွားမွှေးသီးနဲ့ အရသာဆင်ပါတယ်။ ကဆစ်သီးကိုတော့ မီးဖုတ်ပြီး ထောင်းစားကြသလို၊ ကဆစ်သီး ငပိချက်ဟာလည်း လူကြိုက်များပါတယ်။

ကဆစ်သီးကို ချဉ်ပေါင်ရွက်နဲ့အတူ ချဉ်ရည်ဟင်းချက်စားကြသလို၊ အမဲ၊ ဝက်၊ ကြက်စတဲ့ အသားများနဲ့လည်း ရောချက် စားကြပါတယ်။

ကိုယ်တိုင် စားဘူးသူများမှ သွေးတိုး နှလုံး ဆီးချို ကျောက်ကပ် ရောဂါများအတွက် အထူးကောင်းသည်ဟု ပြောပါသည်။သမားတော်တိုင်းရင်းဆေး ဦးမြကြိုင် မူရင်းအား ကရစ်ဒစ်

Unicode






