Sports

ကာဗာနီကို စံနမူထားပြီး ယူနိုက်တက်မှာ ပျော်ရွင်ကြောင်း ပြောပြခဲ့တဲ့ လူငယ်ကစားသမား ဂရင်းဝုဒ်

ယူနိုက်တက်ရယ့် လူငယ်ကစားသမားဖြစ်တဲ့ မေဆန်ဂရင်းဝုဒ်ကတော့ အသင်းဖော်ကာဗာနီ ကို စံနမူနာထားတယ်လို့ပြောခဲ့ပါတယ် ထို့အပြင်ယူနိုက်တက်မှာ ပျော်ရွင်နေတဲ့အကြောင်းနှင့်ခြေစွမ်းတွေတိုးတက် ဖို့ ကြိုးစားသွားမယ့် အကြောင်းကိုပြောကြားခဲ့ပါတယ်။

ဂရင်းဝုဒ်က”လူငယ်ဖြစ်ဖြစ်လူကြီးဖြစ်ဖြစ် ကာဗာနီဆီကနေဘယ်သူမဆိုလေ့လာသင်ယူနိုင်ပါတယ် သူဒီကိုရောက်လာပြီး စံနမူနာယူရလောက်တဲ့ကစားသမားအဖြစ်ရပ်တည်တယ် သူလုပ်‌ နေတဲ့ကိစ္စတွေကို ကျွန် တော်သဘောကျတယ် ဒါကြောင့် သူလုပ်တဲ့တစ်ချို့ကိစ္စတွေကို ကျွန်တော်အတုယူတယ်။

ထရိန်နင်ကသူ့ရဲ့ကစားပုံတွေကိုလည်းလိုက်ကြည့်တယ်။ အမြဲစောင့်ကြည့်ဖြစ်ပါတယ် သူဘယ်လိုလှုပ်ရှားမှုတွေ လုပ်တယ်ဆိုတာကိုစောင့်ကြည့်တယ်ဒါမှလည်း ကျွန်တော် ပြန်လုပ်ကြည့်လို့ရမှာပေါ့ ဆောက်သမ်တန်နဲ့ပွဲမှာသူသွင်းခဲ့တဲ့ဂိုး၂ဂိုးကို ခင်ဗျားတို့မြင်နိုင်ပါတယ် တကယ်ကိုမယုံနိုင်စရာပါပဲ။

ဒါဟာ ပီအက်စ်ဂျီနဲ့နာပိုလီမှာ ၁၀နှစ်ကနေ၁၅နှစ်အထိသူလုပ်နေခဲ့တဲ့ကိစ္စတွေပေါ့ တကယ်တော်တဲ့ကစား သမားပါ ကျွန်တော်ပျော်တယ်၊ ယူနိုက်တက်မှာပွဲထွက်ခွင့်တွေရနေတဲ့အတွက်လည်းပျော်ပါတယ်  ဒါတွေဟာ လူငယ်ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော်ဖြစ်ချင်သမျှအရာအားလုံးပါပဲ။

ဂိုးသွင်းရှင်စာရင်းမှာ ကျွန်တော့်ရယ့်နာမည်ပြန်ပါစေချင်တယ်၊ အသင်းရဲ့သွင်းဂိုးတွေမှာလည်း ဒီထက်ပိုပြီးပါဝင်ပတ်သတ်ချင်တယ် မနှစ်က ကျွန်တော်လုပ်ခဲ့တဲ့ကိစ္စတွေကို လူတွေပြန်ပြောနေတာကြားရတော့ ထရိန်နင်မှာပိုပြီးကြိုးစားဖြစ်တယ်။

အိုလေနဲ့အသင်းဖော်တွေက ကျွန်တော် ဂိုးပေါက်ပျောက်ဆုံးနေမှု နဲ့ပတ်သတ်ပြီး ကျွန်တော်ကိုအကူ အညီပေးကြမယ်ဆိုတာသိပါတယ်” ဆိုပြီးပြောခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER