Local News

နဂါးစွန်နှင့်ငြိကာအမြင့်ပေ ၃၀ ကျော်အထိ လွင့်ပါသွားခဲ့ရှာတဲ့ ၁၂ နှစ်အရွယ် ကလေးငယ် (ရုပ်သံဖိုင်)

ပရိတ်သတ်ကြီးရေအခုတခါ ဖော်ပြပေးမယ့် အကြောင်းအရာကတော့အင်ဒိုနီးရှားမှ ၁၂ နှစ်အရွယ် ကလေး နဂါးစွန်နှင့်ငြိကာအမြင့်ပေ ၃၀ ကျော်ထိ လွင့်ပါသွားခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့ အင်ဒိုနီးရှားနိုင်ငံလမ်ပန်ပြည်နယ် ပရင်စီဝူဒေသမှာအိုင်အာလို့အမည်ဖော်ပြထားတဲ့

အသက်၁၂သား နှစ်အရွယ်ယောကျ်ားလေးက နဂါးရုပ်ပုံစံ ပြုလုပ်ထားတဲ့အကြီးစားစွန်နဲ့ ငြိပါသွားခဲ့ပြီး မြေပြင်ကနေအမြင့် ပေ ၃၀ ကျော်ထိ လွင့်ပါ သွားခဲ့ပါတယ်။ စွန်လွှတ်နေချိန်မှာ လူအများ ဝိုင်းကြည့်နေတဲ့ကြားကနေ စွန်ရဲ့အမြီးပိုင်းနဲ့ ငြိပါသွားခဲ့ပြီး ဝေဟင်အထက်

ပေ ၃၀ ကျော်လောက်အထိ စွန်နဲ့အတူ လွင့်ပါသွားခဲ့တာကြောင့် အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။ စွန်ကနေ အရှိန်နဲ့ပြန်ပြီးတော့ ပြုတ်ကျ လာခဲ့ပြီး အသက်ကတော့မသေခဲ့ပါဘူး။ ကံကောင်းတယ်ပြောရ မှာပါ။ ဒါပေမယ့်အသက်မသေခဲ့ ပေမယ့်လည်းလက်နှစ်ဖက်စလုံးမှာကတော့

ခြောက်နေရာ အရိုးကျိုးအက်သွားခဲ့ရတယ်လို့ ပရင်စီဝူ ကလေးသူငယ်ကာကွယ်ရေးအဖွဲ့ LPA က ဆိုပါတယ်။ အထက်တန်း ကျောင်းတစ်ခု အနီးက ကွင်းပြင်ကျယ်မှာ သူတို့ညီအစ်ကိုတတွေ နဂါးပုံစံ စွန်ကို အတူလွှတ် ကစားနေချိန်မှာမတော် တဆ ငြိပါသွားပြီးလေပေါ်ကိုမြောက်တက်

သွားခဲ့တာလို့ အသက် ၂၈ နှစ်အရွယ်အကိုဖြစ် သူ အာဆေးကပြောပြပါတယ်။ စွန်ရဲ့အရွယ် အစားက ကလေးရဲ့အရွယ်ထက် သုံးဆ လောက်ကို ပိုကြီးနေခဲ့ပြီး အိုင်အာက စွန်ကြိုးကို မလွှတ်တမ်း ကိုင်ထားချိန်မှာ လေပြင်းနဲ့အတူ လွင့်ပါ သွားခဲ့တာလို့ သိရပါတယ်။

ဒေသခံတွေက ပြုတ်ကျလာတဲ့ ကလေးကိုပွေ့ချီကာ ဆေးရုံပို့ပေး ခဲ့ကြပြီး ခွဲစိတ်ကုသမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ပြန်သက် သာလာခဲ့ပြီလို့ သိရပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်