Sports

ပြိုင်ဘက်ဟောင်းကြီး လိဒ်ကို သွင်းဂိုးများစွာဖြင့် ကြိုဆိုလိုက်တဲ့ ယူနိုက်တက်

ကျွန်တော်တို့ရယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ လိဒ်ယူနိုက်တက်အသင်းကို အို့ထရတ်ဖို့ဒ်ကွင်းကြီးမှာ ၆ဂိုး၂ဂိုး ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ် ဒီပွဲစဉ်မှာတော့ နှစ်ဘက်အသင်းလုံးရယ့် ကစားပုံက ပွဲကို ပိုမိုအားကောင်းစေခဲ့ပါတယ်။

ယူနိုက်တက်အသင်းသားတွေအတွက် ဂုဏ်ယူမဆုံးဖြစ်နေပေမယ့် လိဒ်ကစားသမားတွေလည်း ချီးကျူး ရမှာပါ ပထမပိုင်းပွဲအစ မှာ ၂မိနစ်မှာ ‌တစ်ဂိုး ၃မိနစ် မှာတစ်ဂိုး ကွင်လယ်ကစားသမား တော်မီးနေးက လှ လှ‌ပပတွေချည်းသွင်းယူခဲ့ပါတယ် ပထမအလုံးမှာတော့ ဘရူနိုရယ့် ချပေးတာကို ဂိုးဧရိယာအပြင်ဘက်မှ ဖရီးကစ်သွင်းယူခဲ့တာပါ။

ဒုတိယအလုံးကို မာရှယ်ရယ့်ပေးပို့မှုကနေ သွင်းဂိုးရယူခဲ့တာပါ ဒီပွဲစဉ်မှာ မာရှယ်ကတော့ ယခင်ပွဲတွေထက် ယုံကြည်မှုတွေပိုမိုရှိလာပြီး ကြိုးစားလာတာတွေ့ရပါတယ် တတိယအလုံးကိုတော့ မာရှယ်ဆီက တစ်ဖက်နောက်ခံလူ ဖြတ်ထုတ်မှုကို ဘရူနိုက ပိတ်သွင်းယူခဲ့တာပါ စတုတ္ထ အလုံးကိုတော့ ဒေါင့်ကန်ဘောကနေ မာရှယ်ဆီက ထွက်လာတဲ့ဘောလုံးကို လင်ဒီလော့ဒ်က ပိတ်သွင်းယူခဲ့တာပါ။

ပွဲချိန်၄၁မိနစ်မှာတော့ ခြေပဂိုးခွင်းပြုခဲ့ရပါတယ် ဒီပွဲမှာ ပွဲထွက်စာရင်းမှာ မတွေ့ရတာကြာပြီဖြစ်တဲ့ ဒန်နီရယ် ဂျိန်းကို မြင်ရတာ ၀မ်းသာစရာပါ သူ့ရယ့် ကြိုး စားအားထုတ်မှု‌တွေက သူ့ရယ့် စိတ်ဓာတ်ကိုဖော်ပြနေပါတယ် ၆၆မိနစ်အရောက်မှာတော့ ဂျိန်း‌တစ်ယောက် တော်မီနေးပေးပို့မှုကနေ ဂိုးသွင်းယူခဲ့ပါတယ်။

မိနစ်၇၀မှာတော့ ဘရူနိုက ပင်နယ်တီသွင်းယူပြီး ယူနိုက်တက်တို့ ခြောက်ဂိုးရရှိခဲ့ပါတယ် ပွဲချိန် ၇၃မိနစ်မှာတော့ ခြေပဂိုးထပ်မံ ခွင့်ပြုလိုက်ရပြီး ယူနိုက်တက်တို့ ၆ဂိုး၂ဂိုးဆိုတဲ့ ရလဒ်ဖြင့် အဆုံးသတ်စေခဲ့ပါတယ် ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ အနေနဲ့ ရမှတ် ၂၆မှတ်ဖြင့် အဆင့် ၃နေရာမှာရပ်တည်နေပြီး တစ်ပွဲ့လျော့အနေအထားမှာ ဇယားထိပ်က လီပါပူလ်နဲ့ ငါးမှတ်သာ ကွာပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER