Local News

တဖြည်းဖြည်း ပိတ်သိမ်းတော့မယ့် ရန်ကုန်က Q Center တွေ
























အလုပ်လုပ်ကြပါ။





မေတ္တာဖြင့်

မောင်လွှမ်းနည်းပညာ

(Unicode)

ရန်ကုန်က Q Center တွေကိုတော့ တဖြည်းဖြည်း ပိတ်သိမ်းတော့မှာပါ။

ဘော်လံဒီယာတွေ၊ကျန်းမာရေးဝန်ထမ်းတွေ၊အလှူရှင်တွေ ပင်ပန်းကြပြီ။

Fever Clinic တွေ၊ ကိုဗစ် ၁၉ ကုသရေးဆေးရုံတွေတော့ ထားရှိအုံးမယ့်သဘောပါ။

အစိုးရဆေးရုံတွေမှာလည်း ကိုဗစ်၁၉အပါအဝင် တခြားရောဂါတွေလည်း ကုသပေးဖို့ စီစဉ်နေပါတယ်။

တိုင်း/ပြည်နယ်တချို့က ကြက်ခြေနီအပါအဝင် ဘော်လံဒီယာတွေ၊ကျန်းမာရေးဝန်ထမ်းတွေဟာ

မကြာခင်ကပဲ တာဝန်ပြီးဆုံးလို့ ပြန်သွားကြပြီ။

မိခင်ရပ်ရွာက သူတို့တွေကို ကြိုဆို ဂုဏ်ပြုကြတာ ဝမ်းသာပီတိဖြစ်ရပါတယ်။

လူတွေအလုပ်လုပ်ကြရတော့မယ်။

သက်ကြီးရွယ်အိုတွေ၊ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ကြရမှာပါ။

စည်းကမ်းတွေကို တိတိကျကျလိုက်နာဖို့အထူးလိုအပ်ပါတယ်။

ကိုဗစ်၁၉ဟာ ရန်ကုန်မှာပျောက်သွားတာမဟုတ်ပါဘူး။

ထိန်းနိုင်တာမဟုတ်ပါဘူး။

အစိုးရက ကိုဗစ် ၁၉ ဖြစ်တဲ့သူတွေကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ သဘောပဲရှိတာပါ။

လူငယ်တွေ လူလတ်တွေ အနေနဲ့ ရောဂါလက္ခဏာပြတဲ့အခါ အနံမရတာ အစားအသောက်ပျက်တာလောက်ကို

မိမိတို့အိမ်တွင်းမှာသာ နေထိုင်ရမှာဖြစ်ပါတယ်။

အရင်လို Contact Person တွေကို Q Center တွေကို ပို့မှာ မဟုတ်တော့ပါဘူး။

မိမိအပါအဝင် အားလုံးကူညီ စောင့်ရှောက်နေထိုင်ရမှာပါ။

သက်ကြီးသမားတွေ၊ကလေးသူငယ်တွေအတွက်လောက်သာ ကိုဗစ်၁၉ရောဂါအတွက် ကုသရေးဆေးရုံတွေမှာ ကုသပေးမယ့် အခြေအနေပါ။

ကာကွယ်ဆေးပေါ်မလာခင်အထိ နေထိုင်မှုပုံစံအသစ်နဲ့ နေထိုင် လုပ်ကိုင် စားသောက်ကြရအုံးမှာပါ။

ကာကွယ်ဆေးရတယ်ထားဦးလူငယ်တွေ ဟာ နောက်ဆုံးမှ ဆေးထိုးရမယ့်အခြေအနေပါ။

သက်ကြီးရွယ်အိုတွေ၊ကလေးသူငယ်တွေ၊ကျန်းမာရေးဝန်ထမ်းတွေ၊ဘော်လံဒီယာတွေဟာ ဦးစားပေးအဆင့်နဲ့ ကာကွယ်ဆေးထိုးပေးရမှာပါ။

တပြည်လုံးအတွက် ကာကွယ်ဆေး ထိုးနိုင်မှာမဟုတ်သေးပါဘူး။

ကန့်သတ်မှုတွေလည်း တဖြေးဖြေးနဲ့ ဖြေလျော့တော့မှာပါ။

အလုပ်လုပ်ကြပါ။

စည်းကမ်းတကျနေထိုင်ကြပါ။

ပတ်ဝန်းကျင်ကို ကူညီစောင့်ရှောက်ကြပါ လို့ မေတ္တာရပ်ခံချင်တာပါ။

အစိုးရကလည်း ကိုဗစ်၁၉အတွက် ရေတို၊ ရေရှည်အစီအမံတွေကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

ပူးပေါင်းပါဝင်ကြပါစို့။

မေတ္တာဖြင့်

မောင်လွှမ်းနည်းပညာ