ပထမချစ်သူကတာဝန်မယူပဲထားခဲ့တဲ့ ကိုယ်ဝန်နဲ့မိန်းကလေးကို အချစ်စစ်နဲ့တာဝန်ယူခဲ့သူ

အမ်ိဳးသမီးတစ္ေယာက္ကို ဘယ္ေလာက္ခ်စ္တယ္ဆုိတာက ေယာက္်ားဆန္မႈရဲ႕ ျပယုဂ္မဟုတ္ ေသးပါဘူး။ သူ႕မွာ ျဖစ္လာသမွ်ေတြကို တာ၀န္ခံ အကာအကြယ္ေပးႏုိင္မွ၊ ကုိယ္လုပ္ရပ္ကို ကုိယ္တစ္ကယ္တာ၀န္ယူႏုိင္မွ ေယာက္်ားေကာင္း ေယာက္်ားျမတ္လုိ႔ ဆုိရမွာပါ။ အခုလည္း အမ်ိဳးသမီးတစ္ေယာက္ကုိ ကုိယ္၀န္ရေတာ့ ပထမခ်စ္သူက တာ၀န္မယူႏုိင္ဘူးဆုိၿပီး ပစ္ထားခဲ့တယ္လုိ႔ Viral4real မွာ ေဖာ္ျပထားပါတယ္။

အဆုိပါ အမ်ိဳးသမီးဟာ ကုိယ္၀န္ကုိ ဒုတိယခ်စ္သူရဲ႕ ေစာင့္ေရွာက္မႈေအာက္မွာ ေအာင္ျမင္စြာ ေမြးဖြားႏုိင္ခဲ့ၿပီျဖစ္ၿပီး၊ လက္ရွိအခ်ိန္မွာ သူမကို တကယ္ခ်စ္တဲ့ ဒုတိယခ်စ္သူရဲ႕ ေစာင့္ေရွာက္အကာအကြယ္ေပးမႈေအာက္မွာ လုံၿခဳံေနၿပီလုိ႔ ဆုိပါတယ္။ သူမရဲ႕နာမည္ကေတာ့ Nicole ျဖစ္ၿပီး မေလးရွားႏုိင္ငံသူပါ။ Nicole ဟာ သူမနဲ႔ ခ်စ္သူအသစ္တုိ႔ရဲ႕ ေပ်ာ္စရာဓာတ္ပုံေတြကို မွ်ေ၀ခဲ့ပါတယ္။

သူမရဲ႕ ဒုတိယခ်စ္သူက Nicole ကုိလည္း အလြန္ခ်စ္ၿပီး၊ ကေလးကိုလည္း ရင္ေသြးအရင္းလုိ ေစာင့္ေရွာက္တယ္လုိ႔ ဆုိပါတယ္။ Nicole က ” ၿပီးခဲ့တဲ့ လက က်မရဲ႕ ပထမခ်စ္သူနဲ႔ ကၽြန္မတုိ႔ဇာတ္လမ္း အၿပီးတုိင္ ရပ္ဆဲခဲ့ပါတယ္ … က်မဘ၀မွာ သိပ္ကုိ နာက်င္ခဲ့ရပါတယ္ … ဒီလုိ အျဖစ္ဆုိး ညီမေတြ အစ္မေတြကို မျဖစ္ေစခ်င္ပါဘူး “လုိ႔ သူမရဲ႕ Facebook မွာ ေရးသားခဲ့ပါတယ္။

သူမက ဆက္လက္ၿပီး ” ဒါေပမယ့္ က်မဘ၀ရဲ႕ အခ်စ္ဆုံးခ်စ္သူကို က်မ ရွာေတြ႕ႏုိင္ခဲ့ပါတယ္ … တကယ္ေတာ့ အရင္ကတည္းက သူငယ္ခ်င္းေတြပါ … က်မ ဘာျဖစ္တယ္ဆုိတာ သူ အကုန္သိပါတယ္ … ပထမလူနဲ႔ေတာ့ ဘာမွကုိ ႏႈိင္းဖုိ႔ မတန္ပါဘူး … သူ႕ရဲ႕အခ်စ္ေတြ ဂ႐ုစိုက္မႈေတြနဲ႔ က်မဘ၀ ျပန္လည္ရွင္သန္ခဲ့တာပါ “လုိ႔ ေရးသားခဲ့ပါတယ္။

သူမက အျဖစ္အပ်က္ကို ျပန္လည္ေျပာျပရမွာ ” တစ္ေန႔မွာ သူ က်မကုိ ေျပာတယ္ … တကယ္ဆုိ တစ္ျခားတစ္ေယာက္ရဲ႕ ကိုယ္၀န္ လြယ္ထားရမွန္းသိသိႀကီးနဲ႔ သူ ခ်စ္တယ္ဆုိတဲ့ စကားကုိ ေျပာခဲ့တာပါ .. သူ က်မနဲ႔ ရင္ေသြးေလးကို ေစာင့္ေရွာက္ေပးပါရေစတဲ့ … က်မဘ၀မွာ သိပ္ကို ၀မ္းနည္းမိသေလာက္၊ သိပ္ကို ေပ်ာ္ခဲ့ရတဲ့ ေန႔ေလးေပါ့ “လုိ႔ ဆုိပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Nicole တုိ႔ ခ်စ္သူႏွစ္ေယာက္ဟာ ေအးခ်မ္းတဲ့ဘ၀တစ္ခုကုိ အတူေလွ်ာက္လွမ္းေနၿပီး၊ အမ်ားရဲ႕ ခ်စ္ခင္အားက်မႈကို ခံေနရၿပီလုိ႔ သိရပါတယ္။ သူမရဲ႕ သူငယ္ခ်င္းေတြ၊ မိဘအသုိင္းအ၀ုိင္းေတြကလည္း သူမကို အားေပးေနၾကၿပီး၊ ခ်စ္သူနဲ႔ဆုိ ဘာမဆုိ ရင္ဆုိင္ဖုိ႔အဆင္သင့္ျဖစ္ေနၿပီလုိ႔ Nicole က ေျပာခဲ့ပါတယ္။

Unicode

ပထမချစ်သူကတာဝန်မယူပဲထားခဲ့တဲ့ ကိုယ်ဝန်နဲ့မိန်းကလေးကို အချစ်စစ်နဲ့တာဝန်ယူခဲ့သူ

အမျိုးသမီးတစ်ယောက်ကို ဘယ်လောက်ချစ်တယ်ဆိုတာက ယောက်ျားဆန်မှုရဲ့ ပြယုဂ်မဟုတ် သေးပါဘူး။ သူ့မှာ ဖြစ်လာသမျှတွေကို တာဝန်ခံ အကာအကွယ်ပေးနိုင်မှ၊ ကိုယ်လုပ်ရပ်ကို ကိုယ်တစ်ကယ်တာဝန်ယူနိုင်မှ ယောက်ျားကောင်း ယောက်ျားမြတ်လို့ ဆိုရမှာပါ။ အခုလည်း အမျိုးသမီးတစ်ယောက်ကို ကိုယ်ဝန်ရတော့ ပထမချစ်သူက တာဝန်မယူနိုင်ဘူးဆိုပြီး ပစ်ထားခဲ့တယ်လို့ Viral4real မှာ ဖော်ပြထားပါတယ်။

အဆိုပါ အမျိုးသမီးဟာ ကိုယ်ဝန်ကို ဒုတိယချစ်သူရဲ့ စောင့်ရှောက်မှုအောက်မှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီဖြစ်ပြီး၊ လက်ရှိအချိန်မှာ သူမကို တကယ်ချစ်တဲ့ ဒုတိယချစ်သူရဲ့ စောင့်ရှောက်အကာအကွယ်ပေးမှုအောက်မှာ လုံခြုံနေပြီလို့ ဆိုပါတယ်။ သူမရဲ့နာမည်ကတော့ Nicole ဖြစ်ပြီး မလေးရှားနိုင်ငံသူပါ။ Nicole ဟာ သူမနဲ့ ချစ်သူအသစ်တို့ရဲ့ ပျော်စရာဓာတ်ပုံတွေကို မျှဝေခဲ့ပါတယ်။

သူမရဲ့ ဒုတိယချစ်သူက Nicole ကိုလည်း အလွန်ချစ်ပြီး၊ ကလေးကိုလည်း ရင်သွေးအရင်းလို စောင့်ရှောက်တယ်လို့ ဆိုပါတယ်။ Nicole က ” ပြီးခဲ့တဲ့ လက ကျမရဲ့ ပထမချစ်သူနဲ့ ကျွန်မတို့ဇာတ်လမ်း အပြီးတိုင် ရပ်ဆဲခဲ့ပါတယ် … ကျမဘဝမှာ သိပ်ကို နာကျင်ခဲ့ရပါတယ် … ဒီလို အဖြစ်ဆိုး ညီမတွေ အစ်မတွေကို မဖြစ်စေချင်ပါဘူး “လို့ သူမရဲ့ Facebook မှာ ရေးသားခဲ့ပါတယ်။

သူမက ဆက်လက်ပြီး ” ဒါပေမယ့် ကျမဘဝရဲ့ အချစ်ဆုံးချစ်သူကို ကျမ ရှာတွေ့နိုင်ခဲ့ပါတယ် … တကယ်တော့ အရင်ကတည်းက သူငယ်ချင်းတွေပါ … ကျမ ဘာဖြစ်တယ်ဆိုတာ သူ အကုန်သိပါတယ် … ပထမလူနဲ့တော့ ဘာမှကို နှိုင်းဖို့ မတန်ပါဘူး … သူ့ရဲ့အချစ်တွေ ဂရုစိုက်မှုတွေနဲ့ ကျမဘ၀ ပြန်လည်ရှင်သန်ခဲ့တာပါ “လို့ ရေးသားခဲ့ပါတယ်။

သူမက အဖြစ်အပျက်ကို ပြန်လည်ပြောပြရမှာ ” တစ်နေ့မှာ သူ ကျမကို ပြောတယ် … တကယ်ဆို တစ်ခြားတစ်ယောက်ရဲ့ ကိုယ်ဝန် လွယ်ထားရမှန်းသိသိကြီးနဲ့ သူ ချစ်တယ်ဆိုတဲ့ စကားကို ပြောခဲ့တာပါ .. သူ ကျမနဲ့ ရင်သွေးလေးကို စောင့်ရှောက်ပေးပါရစေတဲ့ … ကျမဘဝမှာ သိပ်ကို ဝမ်းနည်းမိသလောက်၊ သိပ်ကို ပျော်ခဲ့ရတဲ့ နေ့လေးပေါ့ “လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ Nicole တို့ ချစ်သူနှစ်ယောက်ဟာ အေးချမ်းတဲ့ဘဝတစ်ခုကို အတူလျှောက်လှမ်းနေပြီး၊ အများရဲ့ ချစ်ခင်အားကျမှုကို ခံနေရပြီလို့ သိရပါတယ်။ သူမရဲ့ သူငယ်ချင်းတွေ၊ မိဘအသိုင်းအဝိုင်းတွေကလည်း သူမကို အားပေးနေကြပြီး၊ ချစ်သူနဲ့ဆို ဘာမဆို ရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ Nicole က ပြောခဲ့ပါတယ်။

Credit-CELE DAILY