International News

မျက်မမြင်အဖိုးအိုနဲ့ အောက်ပိုင်းမသန်စွမ်းတော့တဲ့ လေးစားဖွယ် ချစ်ခြင်းမေတ္တာ

မျက်မမြင်အဖိုးအိုနဲ့ အောက်ပိုင်းမသန်စွမ်းတော့တဲ့ လေးစားဖွယ် ချစ်ခြင်းမေတ္တာ

မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုဖော်ပြပေးမှာကတော့ မျက်စိကွယ်နေတဲ့ အဖိုးနဲ့မသန်စွမ်းဖြစ်နေတဲ့ အဖွားတို့ရဲ့ လေးစားဖွယ် ချစ်ခြင်းမေတ္တာကို ပြန်လည်ဖော်ပြပေးချင်ပါတယ်ခင်ဗျာ။

မျက်စိမမြင်ရတဲ့ အဖိုးအို Cao Shucai အသက် (၆၃)နှစ်ဟာ သူရဲ့ မသန်စွမ်းဇနီးသည်ကို ကျောကုန်းထက်မှာ သယ်ဆောင်သွားတာ (၂၉) နှစ်ကျော် ကြာခဲ့သည့်အထိ ဖြစ်ပါတယ်။

ဇနီးသည်ဟာ အသက် (၅၉) နှစ်ရှိပြီဖြစ်ပြီး နာမည်က Xu Houbi လို့ခေါ်ပါတယ်။ ဇနီးသည်ဟာ ယခင်က သန်စွမ်းခဲ့ပေမယ့် ကံဆိုးစွာနဲ့ အရိုးပျော့ ရောဂါကြောင့် ဒုက္ခိတဘဝကို ရောက်ခဲ့ရသူပါ။

သူမကိုတော့ မျက်မမြင်ခင်ပွန်းသည် Cao က တစ်ခါတလေ ခြင်းတောင်းထဲမှာ ထည့်သယ်လေ့ရှိပါတယ်၊ တစ်ခါတရံမှာတော့ ကျော်ကုန်းထက်မှာ ပိုးချီပြီး သွားလေ့ရှိပါတယ်။

မျက်မမြင်တစ်ယောက်အနေနဲ့ သူ့ဘာသာသူ လမ်းလျှောက်ဖို့တောင် ဒီလောက် ခက်ခဲတဲ့အနေအထားမှာ Cao ရဲ့ ချစ်ခြင်းမေတ္တာဟာ အလွန်လေးစားစရာ ကောင်းပါတယ်။

ဇနီးဖြစ်သူက မျက်မြင်ရ၍ လမ်းညွှန်ပေးပြီး Xu ကတော့ အခုအချိန်ထိ ကောင်းကောင်း မြင်နေရပါသေးတယ်။ သူတို့နှစ်ယောက်ဟာ နှစ်ယောက်ပေါင်းမှ တစ်ဘဝဆိုတဲ့ စကားပုံလေးနဲ့ လိုက်ဖက်နေပါတယ်။

Cao ဟာ သူဇနီးကို ကျောကုန်းထက်မှာ ချီပိုးသယ်ဆောင်ရတာကို တစ်ခါမှ မငြီးငြူခဲ့ပါဘူး။ သူဟာ (၂၉) နှစ်တာ ကာအတွင်းမှာ ချစ်ရတဲ့ဇနီးကို အမြဲသယ်ပိုးနေမြဲပါ။

အဖိုး Cao နဲ့ Xu တို့ရဲ့ ချစ်ခြင်းမေတ္တာဟာ တရုတ်လူမျိုးတွေအတွက်သာမက လူမှုကွန်ယက်တွေပေါ်အထိ စံပြဖြစ်နေပါတယ်။ သူတို့ ဇနီးမောင်နှံဟာ Chongqing စီရင်စု Yong’an ရွာလေးမှာ နေထိုင်ကြပြီး၊

သူတို့နှစ်ယောက်အကြောင်းကို People’s Daily China သတင်းဌာနကပင် မှတ်တမ်းရုပ်ရှင်အဖြစ် ပြန်လည်ဖော်ပြရတဲ့အထိ ဂုဏ်ပြုခြင်းခံရပါတယ်။

ဒါ့အပြင် ကမ္ဘာကျော်ရုပ်သံ ဆွင်ဟွာသတင်းဌာနကလည်း ဂုဏ်ပြုခဲ့ပါသေးတယ်။ အခုအချိန်ထိ Cao နဲ့ Xu တို့ဟာ မခွဲမခွာ နေထိုင်နေကြပြီး၊ သူတို့မှာလည်း ကိုယ်ပိုင် သီးခြားကမ္ဘာလေး ရှိနေတဲ့အတွက် အထီးကျန်မှုဆိုတာ မရှိပါဘူးလို့လည်း ဆိုပါတယ်။

ကရစ်ဒစ်